မြေပဲများကို တရုတ်အဝယ် လိုက်၍ ဈေးကောင်းရနေသော်လည်း မျိုးပြန်ဝယ်ရာတွင် ဈေးကြီးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြေပဲများကို တရုတ်အဝယ် လိုက်၍ ဈေးကောင်းရနေသော်လည်း မျိုးပြန်ဝယ်ရာတွင် ဈေးကြီးနေ



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်ထွက် တရုတ်မြေ ပဲများ တရုတ်အဝယ်လိုက်၍ ဈေး ကောင်း ရနေသော်လည်း စိုက်ပျိုး ရာသီ ရောက်သည့်အချိန်တွင် မျိုး မြေပဲ ပြန်ဝယ်ရာ၌ တောင်သူများ ဈေးကြီးပေး၍ ဝယ်ယူနေရသည်ဟု ရှမ်းပြည်နယ် အတွင်းရှိ မြေပဲစိုက် တောင်သူများထံမှ သိရသည်။
.
.
''မြေပဲတွေက အခုချိန်မှာ တရုတ် အဝယ်ဒိုင်တွေက လိုက်နေတော့ ဈေးကောင်းရနေတယ်။ စိုက်ပျိုးရာသီ ရောက်တဲ့အချိန်ကျတော့ တောင် သူတွေက မျိုးမြေပဲတွေကို ဈေးကြီး ပေးပြီး ဝယ်စိုက်နေရတော့ မြေပဲ ထွက်လာတဲ့ အချိန်ကျရင် မျိုးစရိတ်၊ လုပ်အားခနဲ့ ပြန်တွက်ကြည့်ရင် အဆင်ပြေပါ့မလားလို့ စိုးရိမ်နေရ တယ်'' ဟု ပင်းတယမြို့နယ်မှ မြေ ပဲစိုက် တောင်သူ ဦးမင်းအေးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်တွင် လတ်တလော ထွက်ရှိနေသည့် မြေပဲများမှာ စို ထိုင်းမှုရှိနေသဖြင့် တရုတ်က စိစစ် ဝယ်ယူနေသော်လည်း အရောင်း အ ဝယ်ကောင်းနေကာ တောင်သူများ ဈေးကောင်း ရနေကြောင်း၊ ထွက်ရှိမှု များလျှင် ဈေးကျလာနိုင်ပြီး ထွက် ရှိမှုနည်းပါက ဈေးကောင်း ရနိုင် သည်ဟု တောင်သူများက ပြောဆို လျှက် ရှိသည်။
.
''ဒီနှစ် မြေပဲဈေးကွက်ကတော့ အခြေအနေ ကောင်းနေတယ်။ အ ခုချိန်က စိုထိုင်းစ ဖြစ်နေသေးလို့ အရောင်းအဝယ် ပုံမှန်ဖြစ်နေတာပါ။ နောက်ပိုင်း မြေပဲခြောက်ပြီဆိုတာနဲ့ အဝယ်လိုက်လာပြီး အရောင်းအဝယ် တွေ ကောင်းလာတာနဲ့ တောင်သူ တွေ ဒီထက်ပိုပြီး ဈေးကောင်းရလာ မှာပါ''ဟု ညောင်ရွှေမြို့နယ်မှ မြေပဲ အဝယ်ဒိုင် ဒေါ်ဥမ္မာဦးက ပြောသည်။
.
ရှမ်းပြည်နယ်အတွင်း လတ်တ လော မြေပဲဈေးကွက်တွင် လွန်ခဲ့ သည့် တစ်ပတ်အတွင်းက မြေပဲ အ ဖြူ တစ်ပိဿာ လျှင် ၂၉ဝဝ ကျပ်မှ ၃၅ဝဝ ကျပ်ကြား၊ မြေပဲအနီ တစ်ပိ  ဿာလျှင် ၃၂ဝဝ ကျပ်မှ ၃၅ဝဝ ကျပ် အကြားတွင် ရှိနေပြီး တောင် သူများ မျိုးပြန်ဝယ်ရာ၌ မြေပဲအဖြူ၊ အနီပါ ၂ မျိုးလုံး တစ်ပိဿာလျှင် ၄၅ဝဝ ကျပ်မှ ၇၅ဝဝ ကျပ် အကြား ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats