နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊၊ လားရှိုးမြို့တွင် ပထမဆုံးအကြိမ် နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ကို
အောက်တိုဘာ ၁၅ ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရှိရသည်။
.
.
လားရှိုးမြို့နယ်၊ ရွှေပုလဲအဖွဲ့ကဦးစီးပြီး လားရှိုးမြို့ရှိ အမြင်အာရုံချို့ယွင်းသူများမှ
နိုင်ငံတကာမျက်မမြင်လမ်း လျောက်တုတ်နေ့တွင် တုတ်များအသုံးပြု၍ လမ်းလျောက်ကြကြောင်း
သိရသည်။
“အမြင်အာရုံချို့တဲ့
သူတွေဆိုရင် တော်တော်များများက အပြင်လည်းမထွက်ဘူး။ သူတို့ကိုယ်တိုင်ရဲ့ အငုတ် စိတ်လည်းရှိတယ်။
ပတ်ဝန်းကျင်ကနေပြီးတော့ အခွင့်လမ်းမပေးတာတွေလည်းရှိတယ်။ အဲဒီတော့ ကျွန်မတို့က ကူညီပံ့ပိုးပေးဖို့လိုအပ်တယ်။
ကျွန်မတို့တွေက အခွင့်လမ်းတွေကို သူတို့အတွက်ဖော်ဆောင်ပေးဖို့ လိုအပ်တယ် ဆိုပြီးတော့
လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ အဓိကတော့ အမြင်အာရုံချို့တဲ့ သူတွေကို ကူညီပေးဖို့ နေရာလေး
တစ်ခုပေးဖို့အတွက် ကျင်းပတာပါ။’’ဟု ရွှေပုလဲတာဝန်ခံ ဒေါ်မိုးသူဇာက ပြောသည်။
.
လမ်းလျှောက်တုတ်နေ့ကို လားရှိုးမြို့နယ်ရှိ အမြင်အာရုံချို့တဲ့သူ
၂၀ ဦးဖြင့် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ကာ ယင်းနေ့ကို ၁၉၆၉ ခုနှစ်တွင် နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့
အဖြစ်အတည်ပြု သတ်မှတ်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
.
အဆိုပါနေ့တွင် လားရှိုးမြို့နယ်မှ အမြင်အာရုံချို့တဲ့သူများ၊ ဌာနဆိုင်ရာများ၊
လူမှုရေးအသင်းအဖွဲ့များ၊ စိတ်ပါဝင် စားသူများ၊ လားရှိုးမြို့နယ် စက်ဘီးစီးအဖွဲ့တို့မှ
ပါဝင်ကူညီပံ့ပိုးကာ လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
.
.
.
#KBZTai #Shan