မူဆယ်တွင် ဈေးကော်မတီရုံး ဆောက်လုပ်မှုကို တရုတ်ရဲမှ လက်နက်ကိုင်ဆောင်ကာ လာရောက်တားမြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်တွင် ဈေးကော်မတီရုံး ဆောက်လုပ်မှုကို တရုတ်ရဲမှ လက်နက်ကိုင်ဆောင်ကာ လာရောက်တားမြစ်

မင်းဇော်မင်း၊ မေသူဇော်၊ ကမ္ဘောဇတိုင်း
.
တရုတ်-မြန်မာနယ်စပ်၊ မြန်မာနိုင်ငံနယ်နိမိတ်၊ မူဆယ်မြို့တွင်အောက်တိုဘာလ ၁၇ ရက်၊ ယနေ့ နံနက်ပိုင်းက ဈေးကော်မတီရုံး ဆောက်လုပ် နေမှု ကို တရုတ်နိုင်ငံ၊ ရွှေလီရဲတပ်ဖွဲ့မှ နယ်မြေကျူးကျော်သည်ဟုဆိုကာ လက်နက်ကိုင်ဆောင်၍ လာရောက်တားမြစ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.

“မူဆယ်မြို့၊ ဆင်ဖြူဈေးကော်မတီရုံး ဆောက်လုပ်နေတဲ့ နေရာကို ဒီနေ့ အောက်တိုဘာလ ၁၇ ရက်၊ မနက် ၈ နာရီလောက်က တရုတ်နိုင်ငံ၊ ရွှေလီစခန်းက စခန်းမှူး လီကျိန်ချန်နဲ့ အင်အး ၃၀ က နယ်မြေကျူးကျော်တယ်လို့ ပြောပြီး လာရောက်တားမြစ်တာဖြစ်ပါတယ်။ ၈ နာရီ ၄၀ မှာ သူတို့ ဝင်လာတဲ့လမ်းအတိုင်း ပြန်သွားကြပါတယ်”ဟု မူဆယ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
တရုတ်နိုင်ငံ၊ ရွှေလီရဲစခန်းမှူး လီကျန်ချန်နှင့်အတူ လက်နက်ဖြင့် ၁၃ ဦး၊ လက်နက်မဲ့ ၁၇ ဦး၊ စုစုပေါင်း ၃၀ ဦး ဝင်ရောက်လာခြင်းဖြစ်ပြီး တင့်ကား ၃ စီး၊ စစ်သုံးမော်တော်ယာဉ် ၁ စီးဖြင့် ဝင်ရောက် လာခြင်းဖြစ်သည်ဟု သိရသည်။
.
“ကျွန်တော်တို့သွားတော့ မရှိတော့ပေမဲ့ တရုတ်နိုင်ငံက ယူနီဖောင်းအပြည့်နဲ့လက်နက်ကိုင်တွေ က အဆောက်အဦး ဆောက်တာကို လာကန့်ကွက်တယ်လို့သိရပါတယ်၊ ကျနော်နဲအတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်ဦးစီးအရာရှိတွေလည်း ပါပါတယ်။ လတ်တလောတော့ ဆောက်လုပ်စ စည်ပင်အဆောက်အဦကို ရပ်ထားပါတယ်။ ခရိုင်အာဏာပိုင်အဖွဲ့တွေနဲ့ နယ်စပ်ဆက်ဆံရေးကလည်း တရားဝင်စာပို့ဖို့ ဆောင်ရွက်နေပြီး အခုဘဲညှိနှိုင်းအစည်းအဝေးလုပ်နေပါတယ်`ဟု မူဆယ်မြို
နယ်ဒုအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ပြောသည်။
.
အဆိုပါ တရုတ်ရဲတပ်ဖွဲ့မှ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်ခြားမှတ်တိုင် BP 81 နှင့် 82 အကြား၊ မူဆယ်မြို့၊ ဆင်ဖြူဈေးကော်မတီရုံး ဆောက်လုပ်ခြင်းမှာ ၎င်းတို့နယ်နိမိတ်အတွင်း ပါဝင်နေသည် ဟုဆိုကာ လာရောက်ကန့်ကွက်ရခြင်းဖြစ်ကြောင်းနှင့်  ၎င်းတို့ဘက်ခြမ်းတွင် တင့်ကား ၃ စီး အသင့် စောင့်ဆိုင်းခဲ့ကြောင်း သိရသည်။
.
ယင်းကိစ္စနှင့်ပတ်သက်၍ မူဆယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ”ပြီးခဲ့တဲ့ ၁၄ ရက်နေ့ည  ၉ နာရီ လောက်ကလည်း ပန်ခမ်းကူးတို့ဆိပ်မှာလည်း နွားတင်ဆောင်လာတဲ့ကား ၂ စီးကို တရုတ်နိုင်ငံလက်နက်ကိုင်အဖွဲ့ ကလာ ခေါ်သွားခံရတယ်။ အခုကိစ္စမှာလည်း အကယ်၍ အငြင်းပွားနေရာဖြစ်ရင်တောင် သံတမန်နည်းလမ်းနဲ့ဖြေရှင်းရမယ့်ကိစ္စကို လက်နက်ကိုင်ပြီးကျူးကျော်ဖြေရှင်းတာဟာ နိုင်ငံကြီးသားမပီသတာသာမက အိမ်နီးချင်းနိုင်ငံအနေနဲ့ပါ ရန်စကျူးကျော်တာဖြစ်လို့  ခုလို ခဏခဏ ထိပါးလာနေတဲ့ကိစ္စကို အစိုးရအနေနဲ့ တုန့်ပြန်မှုကောင်းဖို့လိုမယ်`ဟု ဆိုသည်။
.

“နှစ်နိုင်ငံအကြား နယ်နိမိတ်ကိစ္စဖြစ်တာမှာ သံတမန်နည်းနဲ့ နှစ်နိုင်ငံ ပြောဆိုရမယ်လေ။ ဒါကို မြန်မာဘက် အထိဝင်လာပြီး လက်နက်နဲ့ လာခြိမ်းခြောက်သလို ဖြစ်နေတယ်။ ပြီးတော့ နှစ်နိုင်ငံ ဝင်ပေါက်ထွက်ပေါက်က မလာဘဲ သူတို့ဘက်ခြမ်း အုတ်တံတိုင်းနားက အပေါက်က ဝင်လာတာဖြစ်တယ်”ဟု မူဆယ်မြို့ခံ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ မူဆယ်မြို့၊ ဆင်ဖြူေး ကော်မတီရုံး အဆောက်အဦ ဆောက်လုပ်မှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံဘက်ခြမ်နှင့် ၄ ပေခန့်ရှိ ချောင်းခြားနေပြီး တရုတ်နိုင်ငံ၊ ရွှေလီစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင် ၃၀ ဦးမှ လက်နက်ကိုင်ဆောင်ပြီး မြန်မာ နိုင်ငံပိုင်နက်အတွင်းသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
 
.
.
.
#KBZTai #Shan

Journal Download

Photo of three cats