မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊
ဝှေလလန်ကျေးရွာတွင် အမည်မသိ လူတစ်စုက အမျိုးသမီးကြီး တစ်ဦးကို သေနတ်ဖြင့် ခြိမ်းခြောက်ကာ
ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
.
.
''ကျွန်တော်က တီဗွီကြည့်နေတဲ့အချိန်မှာ အိမ်ရှေ့ဈေးဆိုင်ဘက်မှ
ဇနီးဖြစ်သူ အော်သံကြားလို့ သွားကြည်တဲ့ အခါ ရှာထိုးဦးထုပ်ဆောင်းပြီး ပါးစပ်ကို
Mask စည်း ထားတဲ့ လူ ၄ ယောက်ကို တွေရတယ်။ ၂ ယောက် ကတော့ သေနတ်ကိုင်ထားတယ်။ နောက် ၂
ယောက်က ဇနီးသည်ကို ဆွဲခေါ်သွားတာ တွေ့ရတယ်။ ကားပေါ်မှာ တစ်ဦးက ထိုင် စောင့်နေတယ်။ ကျွန်တော့်ကိုလည်း
သေနတ်နဲ့ ချိန်ထားပြီး ဇနီးသည်ကို ကားပေါ်တင် ဖမ်းဆီးခေါ်သွားတယ်''ဟု ပြန်ပေးဆွဲခေါ်ဆောင်ခံရသူ၏
ခင်ပွန်းဖြစ်သူက ပြောသည်။
မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ရွာနေ ဦးအိုက်ကျောက်၏ နေအိမ်တွင်
အောက်တိုဘာ ၃ ရက် နံနက် ၈ နာရီခွဲခန့်က အမည်မသိ အမျိုသား ၄ ဦးမှ ၎င်း၏ဇနီးဖြစ်သူ ဒေါ်နန်းအီ
(၅၀ နှစ်) အား Tiger အမျိုးအစား အပြာရောင် မော်တော်ယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း
သိရသည်။
.
''မိသားစုငွေကြေးကိစ္စနဲ့ ညှိနှိုင်းလို့ မရတာနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့
သုံးသပ်ရပါတယ်။ လက်ရှိအခြေနေတော့ ဝမ်ပုံနယ်မြေရဲစခန်း၊ တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တွေနဲ့
စုံစမ်းရှာဖွေ နေပါတယ်''ဟု ဝမ်ပုံနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ် မောင်မောင်စိုးက ပြောသည်။
.
သို့ဖြစ်၍ ဒေါ်အီနန် (၅ဝနှစ်)၊ ဝှေလေလန်ကျေးရွာ၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုနေသူကို
ဖမ်းဆီးခေါ်ဆောင်သွား သူများအား ဖမ်းဆီးရမိရေးအတွက် ဝမ်ပုံနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan