နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊လား ရှိုးမြို့ရှိ အများပြည်သူများ အပန်းဖြေ
ရာ တစ်ခုဖြစ်သည့် သဘာဝရေပူစမ်း သွားသောလမ်းရှိ သစ်သားတံတား အားစိစစ်ရန် အောက်တိုဘာလ
၁၆ ရက်က လားရှိုးမြို့နယ် စည်ပင်သာ ယာရေးခန်းမတွင် သက်ဆိုင်ရာ ဌာနများ ဆွေးနွေးခဲ့ကြောင်း
သိရ သည်။
.
.
လားရှိုးမြို့ရှိ အထင်ကရတစ်ခု ဖြစ်သည့် သဘာဝအလျောက်ဖြစ် ပေါ်နေသော
ရေပူစမ်းကိုသွားသည့် လမ်းတွင်ရှိသော သစ်သားတံတားအား ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ရန်
ဖွဲ့စည်းထားသော အဖွဲ့များမှ ဆွေးနွေးခြင်း ဖြစ်သည်။
''အဓိက ဆွေးနွေးတာကတော့ ဒီလမ်းရေရှည်ထိန်းသိမ်းဖို့အတွက်ကို သက်ဆိုင်ရာဌာနကနေပြီးတော့ ဘတ်ဂျက် တင်တောင်းဖို့ကိစ္စလည်း ပါတာပေါ့။ နောက်တစ်ခုကလည်း
ဒီလမ်းကို ဖြတ်သန်းသွားလာတဲ့ အ ခါမှာ တန်ပိုကားတွေ သွားလာတဲ့ အတွက်ကြောင့် တန်နှုန်းသတ်မှတ်
ချက်လေး လုပ်ရမယ်။''ဟု လားရှိုး မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက
ပြောသည်။
.
ယခင်က အဆိုပါ တံတားအား စည်ပင်သာယာရေးဌာနမှ ကျေးလက်နှင့် မြို့ပြ
တွဲကိုင်နေချိန်တွင် တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက် ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနက ထိန်းသိမ်းထားကြောင်း သိရသည်။
.
''ထိန်းသိမ်းတာနဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့တစ်ပတ်က ခရိုင်မြို့
ပြ အစည်းအဝေးနဲ့ မြို့နယ်အစည်း ဝေးတွေမှာ ဒီတံတားလေးနဲ့ ပတ် သက်လို့ ရေရှည်မှာ ထိန်းသိမ်းဖို့
လိုအပ်တယ်ဆိုပြီးတော့ ဌာနဆိုင်ရာ တွေအားလုံး ဆွေးနွေးကြတဲ့အခါမှာ ဒါလေးကို အဖွဲ့လေးဖွဲ့လိုက်တာ။
အဲ ဒီဖွဲ့ထားတဲ့အဖွဲ့တွေက ဆွေးနွေးပွဲ ပြုလုပ်တာပါ။ နောက်တစ်ခုကကြ တော့ တံတားကပျဉ်ပြားတွေက
ထောင်နေတာတွေကို သွားလာတဲ့ ပြည်သူတွေ အန္တရာယ်မရှိအောင် ထိန်းသိမ်းတဲ့ ဌာနကနေပြီးတော့
ထိန်းသိမ်းကြီးကြပ်ပေးဖို့ ဆွေးနွေး ခဲ့တာပါ။''ဟု ဦးစိုးနိုင်ဦးက ပြောသည်။
.
အဆိုပါ တံတားသည် အရှည် ပေ ၁ဝ၃ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၂ဝ ပေရှိသည့်
သစ်သားတံတားဖြစ် ပြီး ကျေးလက် လမ်းဦးစီးဌာနမှ တိုင်းတာတွက်ချက်ပြီး ဘတ်ဂျက် တင်တောင်းကာ
ပြင်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။
.
တံတား စိစစ်ရန်အတွက် လား ရှိုးမြို့နယ် စည်ပင်သာယာရေးဌာန၊ မြို့နယ်စီမံကိန်း၊
မြိုနယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ မြို့နယ်လမ်းဦး စီးမှူး၊ မြို့နယ်ကျေးလက်လမ်းဦးစီး
တို့ဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့က ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
.
.
.
#KBZTai #Shan