ကျိုင်းတုံတွင် ရွှေဈေးအပြောင်းအလဲကြောင့် ရွှေဆိုင်အချို့ အရောင်းအဝယ် ရပ်နားထားရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် ရွှေဈေးအပြောင်းအလဲကြောင့် ရွှေဆိုင်အချို့ အရောင်းအဝယ် ရပ်နားထားရ



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ရွှေဈေး အနိမ့်အမြင့် မတည်ငြိမ်သော အခြေအနေ ကာလ တစ်ခုသို့ ရောက်ရှိနေသည့်အတွက် ရွှေဆိုင် လုပ်ငန်းရှင်အချို့မှာ အ ရောင်းအဝယ် ယာယီရပ်နားထားပြီး ဈေးနှုန်း တည်ငြိမ်မည့် ကာလကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရ သည်။
.
.
ကျိုင်းတုံမြို့၊ ရွှေအရောင်းအ ဝယ် ဈေးကွက်တွင် စက်တင်ဘာ လ ၁၉ ရက် ဝန်းကျင်က အခေါက် ရွှေ တစ်ကျပ်သားလျှင် ၉၆ဝဝဝဝ ကျပ် ဈေးရှိနေခဲ့ရာမှ တရိပ်ရိပ် မြင့် တက်လာခဲ့ပြီး စက်တင်ဘာလ ၂၄ ရက်တွင် အမြင့်ဆုံးဈေးအဖြစ် ကျပ် ၁ဝ၄ဝဝဝဝ ဖြစ်ခဲ့ပြီး ညနေပိုင်း ဈေး ပိတ်ချိန်တွင် ၁ဝ၂ဝဝဝဝ ကျပ် ရှိခဲ့ သည်ဟု သိရသည်။
.
ရွှေဈေး အပြောင်းအလဲကြောင့် ယာယီ ဆိုင်ပိတ်သိမ်းထားသည့် ကျိုင်းတုံမြို့မဈေးအတွင်းမှ ကောင်း ကြိုက် ရွှေဆိုင်ပိုင်ရှင် ဦးကျော်စွာက ''ကျွန်တော်တို့ ကျိုင်းတုံရွှေဈေး ကွက်က ရန်ကုန်ရဲ့ နေ့စဉ်ပေါက်ဈေး နဲ့ တင်ပို့ခကို ထည့်တွက်ပြီးမှ အ ရောင်းအဝယ် လုပ်နေရတာဆိုတော့ မဖြစ်မနေ ကိုယ့်ဆိုင်က ဝယ်သွားတဲ့ ဖောက်သည်တွေ အတွက်ပဲ ဆိုင်မှာ စောင့်ပေးပြီး နှစ်ဦးနှစ်ဖက် သင့်တင့်  မျှတတဲ့ဈေးနဲ့ ပြန်ဝယ်ပေးတာ လောက်ပဲ ရှိပါတယ်။ အဝယ်လာသူ ကလည်း ခုရက်ပိုင်းမှာ မရှိသ လောက်ပါပဲ''ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လက်ရှိရွှေဈေး အတက်အကျ ကာလတွင် မိသားစုသာရေး၊ နာ ရေး၊ လူမှုရေးကိစ္စ အလို့ငှာ ရွှေ ထည် လက်ဝက်ရတနာ ဝယ်ယူထား သူ ဦးမိုးဇက်ကလည်း ''စပါးသိမ်း ခါနီးမှာဆိုတော့ ရိတ်သိမ်ြးေ>ွခလှေ့ စက်နဲ့ သယ်ယူစရိတ်အတွက် ရွှေ ပေါင်နှံရတာ ရှိတယ်။ ကိုယ့်မိတ်နဲ့ ကိုယ်ဆိုတော့ ရွှေဆိုင်မှာပဲ အတိုး ပေးပြီး ပြန်ပေါင်တော့ ကိုယ့်ရွှေ ကိုယ်ပြန်ရွေးရတာပေါ့''ဟု ပြော သည်။
.
ကျိုင်းတုံမြို့တွင် စက်တင်ဘာ လ ၂၅ ရက်၊ နံနက်ပိုင်း ငွေလဲလှယ် ဈေးကွက်အရ ထိုင်းနိုင်ငံသုံး ဘတ် ငွေ ဝယ်ဈေးမှာ ၄၈ဝဝ ဘတ်ဖြစ် ပြီး ရောင်းဈေးမှာ ဘတ် ၄၈၅ဝဝ ပေါက်ဈေးရှိကာ တရုတ်ယွမ်အနေ ဖြင့် ဝယ်ဈေး ၂၂၇ ယွမ် ရှိပြီး ရောင်းဈေး ၂၂၈ ယွမ် ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats