မောင်မောင်သန်း (တောင်ကြီး)၊
ကမ္ဘောဇတိုင်း
.
၂ဝ၁၈ ခုနှစ်၊ ကမ္ဘာ့နှလုံးကျန်း မာရေးနေ့ကို စက်တင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းက
တောင်ကြီးမြို့၊ မြို့တော် ခန်းမတွင် ပြုလုပ်ရာ အ ဆိုပါ အခမ်းအနားတွင် ရှမ်းပြည် နယ်
ဝန်ကြီးချုပ် ဒေါက်တာလင်း ထွဋ်က ကမ္ဘာတစ်ဝှမ်းတွင် နှလုံး သွေကြောရောဂါကြောင့် နှစ်စဉ်
လူ ပေါင်း ၁၇ ဒသမ ၅ သိန်းမှာ အချိန် မတိုင်မီ သေဆုံးနေရသည်ဟု ပြော ကြားခဲ့သည်။
.
.
ကမ္ဘာ့နှလုံးအဖွဲ့ချုပ် (World Heart Federation) စတင်တည် ထောင်ခြင်း
သက်တမ်း နှစ် ၄ဝ ပြည့် အထိမ်းအမှတ် အဖြစ် ကမ္ဘာ့ နှလုံး ကျန်းမာရေးနေ့ကို ကမ္ဘာ တစ်ဝှမ်းတွင်
နှစ်စဉ် ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့ နှလုံးအဖွဲ့ချုပ်သည် ကမ္ဘာပေါ်တွင် နှလုံးနှင့်
လေဖြတ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံ ပေါင်း ၂ဝဝ ကျော်နှင့် လက်တွဲ
၍ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင် ငံများတွင် ဆေးလိပ်နှင့်
ဆေးရွက်ကြီး သုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှု များ ဆောင်ရွက်ခြင်း၊ ကလေးငယ် များတွင်
ဖြစ်ပွားတတ်သည့် ရော ဂါပိုး ကူးစက်ခြင်းကြောင့် ဖြစ်သော လေးဖက်နာ နှလုံးရောဂါနှင့်
ပတ် သက်၍ ပြည်သူလူထုအတွင်း အ သိပညာပေးခြင်း၊ နှလုံးကျန်းမာရေး လှုပ်ရှားမှုများ ဆောင်ရွက်ရန်
ရန် ပုံငွေရရှိရေးအတွက် လှုံ့ဆော်ခြင်း တို့ကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင်
နှ လုံး သွေးကြောရောဂါကြောင့် နှစ် စဉ် လူ ၁၇ ဒသမ ၅ သန်းမှာ အ ချိန်မတိုင်မီ အသက်ဆုံးရှုံးနေရပြီး
လာမည့် ၂ဝ၃ဝ ခုနှစ် အရောက်တွင် သေဆုံးမှုဦးရေ ၂၃ သန်း အထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်း
ကြောင်းဖြင့် အမှာစကား ပြောကြား ခဲ့သည်။
.
ဝင်ငွေ အလယ်အလတ်ရှိသည့် နိုင်ငံများတွင် ဖြစ်ပွားသည့် သေဆုံး မှုများအနက်
၃ဝ ရာခိုင်နှုန်းခန့် သည် မကူးစက်နိုင်သော ရောဂါ များ ကြောင့်ဖြစ်ပြီး ယင်းရောဂါများ
ကြောင့် အရွယ်မတိုင်မီ သေဆုံးမှုနှုန်း မှာ ဝင်ငွေများသော နိုင်ငံများတွင် ၄ ရာခိုင်
နှုန်းခန့်သာရှိ၍ ဝင်ငွေ နည်းသော နိုင်ငံများတွင် ၄၂ ရာခိုင် နှုန်းအထိ ရှိနေကြောင်း
သိရသည်။
.
မြန်မာနိုင်ငံ အပါအဝင် အရှေ့ တောင်အာရှ နိုင်ငံများ၏ ကျေးလက် ဒေသနှင့်
မြို့ပြဒေသများတွင် နှလုံး ရောဂါ ဖြစ်နိုင်ခြေရှိသော အခြေခံ အကြောင်းအရာများ ပိုမိုများပြား
လာနေသည်ကို တွေ့ရှိရကြောင်း သိ ရသည်။
.
.
.
#KBZTai #Shan