မိုင်းဖြတ်၌ လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင် တရားမဝင်သစ်များကို ဖမ်းဆီးရသည့် အခြေအနေထိ ဖြစ်ပွားနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဖြတ်၌ လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင် တရားမဝင်သစ်များကို ဖမ်းဆီးရသည့် အခြေအနေထိ ဖြစ်ပွားနေ



မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံ -မိုင်းခုတ်-မိုင်းဆတ်-မိုင်းလုံး-ဘို ရှီး-မိုင်းဖြတ်-မိုင်းယောင်း-မိုင်းယန်း မှ တရုတ်နိုင်ငံအထိ ပို့ဆောင်မည့် သစ်များကို အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်ညပိုင်းက ၂ ရက် ဆက်တိုက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဖမ်းဆီးရသည့် အခြေအနေအထိ ဖြစ်ပွားခဲ့ကြောင်း လွှတ်တော်ကိုယ် စားလှယ်များရုံးမှ သိရသည်။
.
.
''တရားမဝင် သစ်တွေနဲ့ပတ် သက်ပြီး ပြည်သူတွေက ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို သတင်းပေးရင် မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ စသည်ဖြင့်တောင်းတယ်။ ဒါကို ပြည် သူကသူတို့ လုံခြုံရေးအတွက် ဌာန ကိုမယုံကြည်ဘူး။ ဌာနကတစ်ဘက် ကို သတင်းပြန်ပေးတဲ့ဖြစ်စဉ်တွေ ကိုလည်း ပြည်သူတွေက သိထား တယ်။ ဒါကြောင့်လွှတ်တော်ကိုယ် စားလှယ်ရုံးကို လာရောက်သတင်း ပို့တယ်။ သတင်းပို့ချက်အရ ပြည် နယ်အစိုးရအဖွဲ့နဲ့ သက်ဆိုင်တဲ့ဌာန တွေကို ကြိုတင်ပြီးသတင်းပို့ခဲ့တယ်။ သတင်းပို့တဲ့ကြားကသစ်တွေ အ များကြီး ထွက်သွားတယ်၊ ဒီသစ်တွေ က မိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ်-မိုင်း လုံး-ဘိုရှီး-မိုင်းဖြတ်-မိုင်းယောင်း -မိုင်းယန်းဂိတ်တွေကို ဖြတ်သန်းပြီး တရုတ်နိုင်ငံအထိ ပို့ဆောင်တဲ့ သစ် တွေဖြစ်တယ်''ဟု ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်ဦးခင်မောင်တင့် က ပြောသည်။
.
အောက်တိုဘာ ၁၃ ရက် ၁၄ ရက်တွင် တရားမဝင်သစ်များသယ် ဆောင်လာကြောင်း သတင်းအရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် ဦးစီးအဖွဲ့များက ဖမ်းဆီးခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်နိုင် ဦးစီးအဖွဲ့၊ မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဝန် ထမ်းများ၊ မြို့နယ်သစ်တောဦးစီးမှူး ဌာနမှ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများ၊ တာချီလိတ်ခရိုင် မှုခင်းသတင်း ထောက်များနှင့် နျေအနမည င်္ကအကမန သတင်းအေဂျင်စီတို့ ပါဝင်သော ပူး ပေါင်းအဖွဲ့က ဖမ်းဆီးရေးတွင် ပါဝင် ဆောင်ရွက်ခဲ့ကြပြီး အောက်တိုဘာ ၁၃ ရက်ည ၁ဝ နာရီတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်တင့်ဦးစီးအဖွဲ့များက မိုင်းဖြတ် မြို့၊ ဝမ်မိုင်ရပ်ကွက် ကျိုင်းတုံ-တာ ချီလိတ် ပြည်ထောင်စုလမ်းမပေါ် အနီး မသင်္ကာဖွယ်ယာဉ် ၂ စီးကို တွေ့ရှိရပြီး ရပ်တန့်စစ်ဆေးရာ ဒိုင် နာအဖြူရောင် မော်တော်ယာဉ်တစ် စီးမှာ ယာဉ်အားရပ်တန့်ကာ ယာဉ် မောင်းထွက်ပြေးသွားခဲ့ရာ ယာဉ်ပေါ် တွင် ပိတောက်သစ် ၂ လုံးနှင့် ပိ တောက်ခွဲသား ၁ တုံး၊ ၁ ဒသမ ၅ တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး အခြား ဒိုင်နာအဖြူရောင် မော်တော်ယာဉ် မှာ ရပ်တန့်ခြင်းမရှိဘဲ ဝမ်နောင် ကျေးရွာဘက်သို့ မောင်းနှင်ထွက် ပြေးသွားသဖြင့် လွှတ်တော်ကိုယ် စားလှယ် ဦးခင်မောင်တင့်ဦးစီးအဖွဲ့မှ လိုက်လံဖမ်းဆီးရာ ဝမ်နောင်ရွာဘုန်း ကြီး ကျောင်းရှေ့တွင် တွေ့ရှိခဲ့ရပြီး ဆက်လက်စစ်ဆေးရာ ယာဉ်ပေါ်တွင် ပိတောက်ခွဲသား ဆိုဒ်စုံ ၁၈ တုံး၊ ၁ ဒသမ ၅ တန်ခန့်၊ စုစုပေါင်း ၃ တန် ခန့်တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ ကြောင်း သိရသည်။
.
ထို့အတူ အောက်တိုဘာ ၁၄ ရက် ညနေ ၅ နာရီကျော်တွင် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦး ခင်မောင်တင့် ဦးစီးအဖွဲ့များနှင့် ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံ-ပန် လီ-ဘိုရှီး ဆောက်လုပ်ရေးလမ်းမ ကြီးဘေး ၅၈ ကီလိုမီတာရှိ နမ့်ဟိုင်း ရွာအဝင်တွင် သစ်ကိုင်းများဖြင့် ဖုံးအုပ်ထားသော ပိတောက်ခွဲသား ဆိုဒ်စုံ ၂၅ လုံး၊ ၃ တန်ခန့်အား လည်းကောင်း၊ နမ့်ဟိုင်းရွာအထွက် တွင် သစ်ကိုင်းများဖြင့် ဖုံးအုပ်ထား သော ပိတောက်ခွဲသား ဆိုဒ်စုံ ၄၅ လုံး၊ ၅ တန်ခန့်အားလည်းကောင်း သိမ်းဆည်းရမိပြီး တရားမဝင်ပိ တောက်သစ်များ တင်ဆောင်လာ သည့်  ယာဉ် ၂ စီး၊ ယာဉ်မောင်းနှင့် သိုဝှက်ထားသော သစ်ပိုင်ရှင်တို့အား စုံစမ်းအမှု ဖွင့်လှစ်နိုင်ရေးအတွက်  မိုင်းဖြတ်သစ်တောဦးစီးဌာနက သစ် တောဥပဒေဖြင့် အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။
.
''ကျွန်တော်တို့ ဝင်ရောက်ဖမ်း ဆီးတာကို ဌာနတွေကို ပူးပေါင်းဖို့ အရင်ခေါ်လိုက်ရင် သတင်းပေါက် ကြားသွားမှာစိုးလို့ ဖမ်းဆီးပြီးမှ ပူး ပေါင်းအဖွဲ့ကို ခေါ်လိုက်တာ၊ သ တင်းအရ သစ်တွေသယ်ဆောင်ဖို့  ၂၇ စီးရှိတယ်။ ဒီနေ့ဖမ်းဆီးရမိတဲ့ သစ်က လက်ကျန်သစ် ကားတွေထဲ မှ ၆ စီးလောက်ပဲ ဖမ်းမိတာ၊ နောက်ထပ် ၅ စီးလောက် နောက် ဆုတ်သွားတာဖြစ်နိုင်တယ်။ တချို့ သစ်ကားတွေကတော့ မိုင်းယောင်း-မိုင်းယုအထိ ၁၆ စီးလောက်ရောက် သွားပြီ။ နောက်ပြန်လှည့်သွားတဲ့ သစ်တင်ယာဉ်တွေနဲ့ မိုင်းဆတ်၊ ရေ ပူစမ်းကျေးရွာအုပ်စု၊ မိုင်တိုင်အမှတ် ၃၂ ကီလိုအနီးမှာ ဝှက်ထားတဲ့ အခြေ အနေကိုလည်း ခရိုင်သစ်တောဦးစီး ကို သတင်းပို့ပြီးပါပြီ''ဟု ဦးခင်မောင်တင့်က ဆက်လက်ပြောကြားခဲ့သည်။
.
ထို့အပြင် ကုမ္ပဏီနှင့် ဒေသခံ တောင်သူများ သယ်ဆောင်သော စပါး၊ သစ်ခေါက်၊ ကြယ်ပဲစသည့် ပြည်တွင်း ဒေသထွက် စိုက်ပျိုးသီးနှံ များ သယ်ဆောင်သည့် မော်တော် ယာဉ်များကို မိုင်တိုင်ကီလို (၂၁-၂၄-၂၅-၅ဝ) ကြားတွင်လည်းကောင်း၊ မိုင်းခုတ်၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်း ယောင်း၊ မိုင်းယုလမ်းပိုင်းများတွင် သက်ဆိုင်ရာ နယ်မြေခံတပ်မတော် သားများ၊ စရဖ၊ နယ်မြေခံရဲစခန်းမှ တာဝန်ရှိသူများက မိုးကာလှန်စစ် ဆေးခြင်း၊ အချိန်ဆွဲခြင်း၊ စိတ်ဆိုး မာန်ဆိုးပြောဆိုခြင်း၊ ကုန်ကားများကို စစ်ချင်သည့်နေရာ စစ်ဆေးခြင်း၊ ဌာန၏ အမိန့်အာဏာအား အလွဲ သုံးစားလုပ်နေသည့် လုပ်ရပ်များ ကြောင့် ကားသမား၊ တောင်သူများ ရောင်းဝယ်သူများ အဖိအနှိပ်ခံရခြင်း များကို လွှတ်တော်ကိုယ်စားလှယ် များရုံးသို့တရားဝင် လာရောက်တိုင် တန်းမှုများရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များရုံးမှ သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats