တောင်ကြီးတွင် စာကြည့်တိုက်ပညာ ဆွေးနွေးပွဲ ကျင်းပမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် စာကြည့်တိုက်ပညာ ဆွေးနွေးပွဲ ကျင်းပမည်



ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြု ဗဟိုဌာန (Community Center) တွင် စာကြည့်တိုက်ပညာ ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၅ ရက်၊ တနင်္လာနေ့ ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံး၊ ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် ကမ္ဘောဇလူငယ် စာကြည့်တိုက်တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းဆွေးနွေးပွဲသို့ ပြည်သူ့စာကြည့်တိုက်များ၊ ကျေးရွာစာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက်များ၊ တက္ကသိုလ် စာကြည့်တိုက်များ၊ အစိုးရဌာနရုံး စာကြည့်တိုက်များ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ စာကြည့်တိုက်များ နှင့် ပညာရှင်များ၊ ဝါသနာရှင်များ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats