ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ် မွေးမြူရေးနှင့်
ကုသရေး ဦးစီးဌာနမှ ကျိုင်းတုံမြို့မဈေးကြီး နှင့် ဈေးငယ်များရှိ အသားသတ် ထုတ်လုပ်
ရောင်းချနေသည့် လုပ်ငန်း ရှင်များထံမှ အသစ်ပြင်ဆင်ထား သည့် သားသတ်စစ်ဆေးခြင်း လုပ်ငန်းအခွန်များအား
ပြောင်းလဲကောက် ခံသွားမည် ဖြစ်ကြောင်း သိရသည်။
.
.
ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး
နှင့် မြို့မဈေးခေါင်းရုံး တာဝန်ခံနှင့် တာဝန်ရှိသူများ၊ သားသတ်လုပ်ငန်း ရှင်များသည်
အောက်တိုဘာလ ၁၈ ရက်က ကျိုင်းတုံမြို့နယ် စည်ပင်သာ ယာရေး ခန်းမတွင် တွေ့ဆုံ၍အသစ် ပြင်ဆင်ထားသော
သားသတ်လုပ် ငန်းစစ်ဆေးခများ ပြောင်းလဲကောက်
ခံရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေး နွေးခဲ့ကြသည်ဟု သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးရုံး၏
၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်စွဲပါ တိရစ္ဆာန်များ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေဖြင့်
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပေးထားသည့် သားသတ်လုပ် ငန်းအတွက် ထောက်ခံချက်
လက် မှတ်များကို ထုတ်ပေးရာတွင် သား သတ်စစ်ဆေးခ နှုန်းထားများကို ပြင်ဆင်ကောက်ခံရန် ညွှန်ကြားခဲ့
သည်ဟု သိရသည်။
.
အများပြည်သူ စားသုံးရန်အတွက် သတ်ဖြတ်မည့် တိရစ္ဆာန်၏ ကျန်းမာရေး
စစ်ဆေးခြင်းနှင့် အ သားစစ်ဆေးခြင်းအတွက် ယခင်က ကျွဲ၊ နွား တစ်ကောင်လျှင် ၃၅ ကျပ်မှ
ပြင်ဆင်ကောက်ခံသည့် နှုန်းထား တွင် ကျပ် ၃ဝဝဝ သို့ လည်းကောင်း၊ ဝက်တစ်ကောင်လျှင် ၁၅
ကျပ်မှ ၁၅ဝဝ ကျပ်သို့လည်းကောင်း၊ သိုး/ ဆိတ် တစ်ကောင်လျှင် ၁ဝ ကျပ်မှ ၁ဝဝဝ ကျပ်သို့လည်းကောင်း
ပြောင်း လဲကောက်ခံရန် အသီးသီးပြင်ဆင် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
.
''ပြင်ဆင်ပြောင်းလဲ သတ်မှတ် ထားတဲ့ နှုန်းထားအသစ်နဲ့ ဘဏ္ဍာ ရေးနှစ်ရဲ့
မီနီဘတ်ဂျက်မှာ ကောက်ခံမှာ ဖြစ်ပါတယ်။ ကျိုင်းတုံမှာတော့ လုပ်ငန်းရှင်တချို့ အခက်အခဲရှိတဲ့
အကြောင်းကို ကြားသိရလို့ နား လည်အောင် ခေါ်ယူရှင်းလင်းပေးခဲ့ ပါတယ်''ဟု ကျိုင်းတုံမြို့နယ်
မွေး မြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့ နယ်ဦးစီးမှူး ဒေါက်တာ ကျော်မိုးဝင်း က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
သားသတ် ထုတ်လုပ်ရောင်းချ ရေး လုပ်ငန်းရှင်များ၏ အကြံပြု ဆွေး နွေးချက်တွင်
သားသတ်စစ်ဆေးခ အား နေ့စဉ်ကောက်ခံပေးရန်တောင်း ဆိုခဲ့ကြပြီး ကျိုင်းတုံမြို့နယ် မွေး
မြူရေးနှင့် ကုသရေးဦးစီးဌာနမှ နေ့ စဉ်လာရောက် ကောက်ခံရန် အ တွက် ဝန်ထမ်းအင်အား အခက်အ
ခဲနှင့် တာဝန်များကြောင့် ၁ဝ ရက် တစ်ကြိမ် ကောက်ခံရန် ညှိနှိုင်း သဘောတူခဲ့ကြသည်ဟု သိရသည်။
.
ကျိုင်းတုံမြို့နယ် မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနသည် သား သတ်လုပ်ငန်းတွင်
အသုံးပြုမည့် တိရစ္ဆာန်များအား ကာကွယ်ဆေး ထိုးနှံပြီးကြောင်း ထောက်ခံချက် လက်မှတ်၊ တိရစ္ဆာန်များ
ကျန်းမာ ကြောင်း လက်မှတ်၊ ခြံမှတ်ပုံတင် လက်မှတ်၊ မျိုးတိရစ္ဆာန်လက်မှတ် နှင့် အများပြည်သူ
စားသုံးရန် သတ် ဖြတ်မည့် တိရစ္ဆာန်များ၏ ကျန်းမာ ရေးစစ်ဆေးခြင်းနှင့် အသားစစ်ဆေး ခြင်းလုပ်ငန်းများအား
ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan