နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံ ကိုယ်စားပြု အိမ်ထောင်ရှင် အလှမယ်အဖြစ်
သွားရောက်ယှဉ်ပြိုင် ရန် ရှမ်းပြည်နယ် မြောက်ပိုင်း၏ကိုယ်စားပြု အလှမယ်ရွေးပွဲကို အောက်တိုဘာ
၂၅ ရက်တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း အဆိုပါ အလှမယ် ရွေးချယ်ပွဲ ကျင်းပရေးကော်မတီမှ
သိရှိရသည်။
.
.
အဆိုပါ ကိုယ်စားပြုအိမ်ထောင် ရှင် အလှမယ် ရွေးချယ်ပွဲ(Mrs.
Super Royal A Modle Lashio)ကို လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်း ပမည် ဖြစ်ကြောင်း
သိရသည်။
''အိမ်ထောင်ရှင် အလှမယ်ပြိုင် ပွဲလို့ ဆိုတာပေါ့။ အမျိုးသမီးတွေ
အားလုံးအတွက် ဖြစ်ပါတယ်။ အထူး သဖြင့် အမျိုးသမီးတွေဟာ သားသ မီးတွေ၊ ယောကျာ်းတွေ အတွက်နဲ့
ပဲ မီးဖိုချောင်ထဲက မထွက်နိုင်ဘူး။ အိမ်ထောင်ရှင် တွေဟာ အပျိုတွေထက် သာနေတာတွေ ရှိတယ်။
အိမ်ထောင်ကျသွားလို့ အရည်အချင်း တွေ ထုတ်ဖော်ပြသခွင့် မရရှိခဲ့ တာတွေအတွက် ကျင်းပပေးရတာ
ပါ''ဟု လားရှိုးမြို့မှ အိမ်ထောင်ရှင် အလှမယ် ရွေးချယ်ပွဲ ကျင်းပရေး တာဝန်ခံ မချယ်ရီမေက
ပြောသည်။
.
လားရှိုးမြို့ ကိုယ်စားပြုအနေ ဖြင့် ယှဉ်ပြိုင်သွားရမည် ဖြစ်ပြီး
လား ရှိုးမြို့ ကိုယ်စားပြုမှတဆင့် ရန်ကုန် မြို့တွင် ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်ကာ
ရွေးချယ်ခံရသူသည် မလေး ရှားနိုင်ငံ၌ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
.
''အသက်အရွယ်၊ အရပ်အနိမ့်၊ အမြင့် အသားအရေ ကန့်သတ်တာ မရှိပါဘူး။
ဘယ်သူမဆို လွတ်လပ်စွာ လာရောက် ယှဉ်ပြိုင်နိုင်ပါတယ်''ဟု မချယ်ရီမေက ပြောသည်။
.
လျှောက်လွှာများကို တစ်စောင် လျှင် ၁ဝဝဝဝ ကျပ်နှုန်းဖြင့် ဝယ်ယူ ကာ
အောက်တိုဘာ ၁၅ ရက်နောက် ဆုံးထား ပေးပို့ရမည်ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်တွင် လူတွေ့စစ်
ဆေးမည်ဖြစ်ကာ အောက်တိုဘာ ၂၅ ရက်၊ ညနေ ၄ နာရီတွင် ပြိုင်ပွဲကျင်းပသွားမည် ဖြစ်ကြောင်း
သိရသည်။
.
လျှောက်လွှာများကို စစ်ငြိမ်း ပန်းစာပေ၊ ပန်အလှပြင်ဆိုင်၊ ကို ညီ
မိတ်ကပ်၊ Nay Nay လက်သည်း အလှပြင်ဆိုင် တို့တွင် ဝယ်ယူနိုင် ကြောင်း သိရသည်။
.
.
.
#KBZTai #Shan