မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အောက်တိုဘာလ
၅ ရက်၊ ညသန်းခေါင်အချိန်က မူးယစ်ဆေးဝါး သတင်းအရ ပူးပေါင်းအဖွဲ့မှ ရှာဖွေဝရမ်းဖြင့်
ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေး ၃၄၀၀ ပြားကို အိမ်ရှင်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေအိမ်အတွင်း
မူးယစ်ဆေးဝငါး သုံးစွဲရန် ရောက်ရှိနေသည့် လူငယ် ၂ ဦးကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ
သိရသည်။
.
.
“အိမ်ရှင်က
သက်သေခံပစ္စည်းဖျောက်ဖျက်ဖို့ လွှင့်ပစ်သေးတယ်။ သူ့ယောက်ျားလည်း မူးယစ်မှုနဲ့ပဲ ထောင်ကျနေတာပါ။
အခုက ဆေးသုံးနေတဲ့ အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူငယ်တွေကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်”ဟု ရာဖွေရာတွင်
သက်သေ အဖြစ် လိုက်ပါခဲ့သည့် အောင်ပန်းမြို့နေ ဦးခွန်သန်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
တောင်ကြီးမူးယစ်တပ်ဖွဲ့စု
(၂၅)နှင့် နယ်မြေခံရဲတပ်ဖွဲ့များသည် အောက်တိုဘာလ ၅ ရက်၊ ညသန်းခေါင်ကျော် အချိန်က သက်သေများနှင့်အတူ
အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ နယ်မြေ(၁) အေးမြင့်သာယာအောက်လမ်းရှိ မခင်မာချို
(ခ) မချို၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲရန်ရောက်ရှိနေသည့်
အောင်ပန်းမြို့၊ အေးမြင့် သာယာရပ်နေ အေးထွန်းနှင့် အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊
နယ်မြေ (၄)နေ မင်းမော်ထွန်း (ခ) အငယ်ကောင်
တို့ ၂ ဦးအား တွေ့ရှိခဲ့ရပြီး နေအိမ် အိပ်ခန်း၊ မွေ့ယာအတွင်းမှ စိတ်ကြွဆေးပြား ၃၄၀၀
ပြားကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
.
သို့ဖြစ်၍
မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသည့် မခင်မာချို(ခ) မချို(၄၁)နှစ် နှင့်မူးယစ်ဆေးဝါးသုံးစွဲရန်
ရောက်ရှိနေသည့် အေးထွန်း(၁၈)နှစ်၊ မင်းမော်ထွန်း(ခ) အငယ်ကောင်(၁၈)နှစ် တို့အား အောင်ပန်းနယ်မြေရဲစခန်းတွင်
အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan