လက်ရှိအစိုးရလက်ထက်တွင် သတင်းသမား ၄၄ ဦးအထိ တရားစွဲဆိုခံနေရကြောင်း အသံအဖွဲ့မှ ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လက်ရှိအစိုးရလက်ထက်တွင် သတင်းသမား ၄၄ ဦးအထိ တရားစွဲဆိုခံနေရကြောင်း အသံအဖွဲ့မှ ထုတ်ပြန်



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
လက်ရှိအစိုးရလက်ထက်တွင် သတင်းသမားများအပေါ် တရားစွဲဆိုထားသော အမှု စုစုပေါင်း ၂၈ မှု အထိ ရှိနေပြီး သတင်းသမား ၄၄ ဦး တရားရင်ဆိုင်နေရကြောင်း အသံ (လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့) မှ အောက်တို ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
.
 
.
“အသံအဖွဲ့က ထုတ်ဝေခဲ့တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ အစိုးရသက်တမ်း ထက်ဝက် အစီရင်ခံစာမှာ သတင်းသမားတွေအပေါ်ရော အခြားလှုပ်ရှားမှု၊ တစ်နိုင်ငံလုံးက လှုပ်ရှားမှုတွေအပေါ် တရားစွဲခံနေရမှုတွေ အားလုံးပါဝင်ပါတယ်။ ချစ်ခြင်းမုန်းခြင်းတွေ ဘေးဖယ်ပြီး သတင်းစာ လွတ်လပ်ခွင့်နဲ့ လူထုရဲ့သတင်း သိပိုင်ခွင့်၊ အမှန်တရားနဲ့ တရားမျှတမှုရှိဖို့ လိုအပ်ပါတယ်`ဟု အသံအဖွဲ့မှ အမှုဆောင် ကဗျာဆရာ မောင်ဆောင်းခ က ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ယင်းသို့ တရားစွဲဆိုမှုများတွင် အစိုးရဝန်ထမ်းများက တရားစွဲထားသောအမှု ၁၇ မှု၊ တပ်မတော်ကတရားစွဲထား သော အမှု ၃ မှုနှင့် အခြားသူများက တရားစွဲထားသောအမှု ၈ မှု တို့ပါဝင်ကြောင်း သိရသည်။ သတင်းသမားများကို တရား စွဲဆိုရာတွင် ဆက်သွယ်ရေးဥပဒေကို အသုံးပြုမှု အများဆုံးဖြစ်ပြီး မတရားအသင်းဥပဒေ၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် ဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၀နှင့် ၅၀၅(ခ)၊ သတင်းမီဒီယာ ဥပဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေ၊ လေကြောင်းပျံသန်းမှု ဥပဒေ၊ ပို့ကုန်/သွင်းကုန် ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တို့ဖြင့်လည်း တရားစွဲခံရလေ့ရှိသည်ဟု ဖော်ပြပါရှိသည်။
.
ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်က မကွေးတိုင်း ပခုက္ကူမြို့နယ် ချောက်ကန်ကျေးရွာ၌ ပြုလုပ်သည့် ဒေသခံပြည်သူများ စကားဝိုင်းတွင် ပခုက္ကူတက္ကသိုလ်မှ ကျောင်းသူတစ်ဦးဖြစ်သူ မခိုင်သဇင်အောင်၏ဆွေးနွေးချက်ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရကို အမှန်တကယ် ချစ်ခင်လေးစားလျှင် မမှန်မကန် လုပ်ဆောင်နေမှုများကို ထောက်ပြသင့်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats