ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊
ပန်လီကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲတွင် ပညာသင်ယူ လျက်ရှိသော မရှိနွမ်းပါးနှင့်
မိဘမဲ့ ကျောင်းသား/သူများအတွက် ပညာ ရေးဌာနမှ လစဉ် ထောက်ပံ့ပေးနေသည့် ငွေကြေးအနက်မှ
အချိန်ပိုငွေကြေးဟုဆိုကာ ဖြတ်တောက်မှုများ ရှိနေပြီး ပြုပြင်ပြောင်းလဲပေးစေလို သည်ဟု
ထောက်ပံ့ကြေး လက်ခံရရှိ သည့် ကျောင်းသားမိဘ/ အုပ်ထိန်း သူများထံမှ သိရသည်။
.
''ထောက်ပံ့ကြေးငွေ ၄ လစာ ရတယ်ဆိုပေမယ့် ၂ လစာကို အချိန်ပို စာသင်ခဆိုပြီး
တစ်ခါတည်း ဖြတ် ယူထားပါတယ်။ ကျန်တဲ့ငွေကိုပဲ လက်ခံရရှိပါတယ်။ ထောက်ပံ့ကြေး ငွေကို လက်ခံရသူတိုင်း
ဖြတ်တောက် တာဖြစ်လို့ တစ်ရွာလုံးက သိပါတယ်'' ဟု ပညာသင်ထောက်ပံ့ကြေးငွေ လက်ခံရယူခဲ့သည့်
ကျောင်းသားမိဘ အုပ်ထိန်းသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
အခြေခံပညာ အထက်တန်း ကျောင်းများတွင် ပညာသင်ကြား လျက်ရှိသော မရှိဆင်းရဲနွမ်းပါးသူ၊
မိဘနှစ်ပါး မရှိသူနှင့် မိခင် (သို့မ ဟုတ်) ဖခင် ကွယ်လွန်၍ ဆက်လက် ပညာသင်ယူရန် ခက်ခဲသူများအ
တွက် ၂ဝ၁၈-၁၉ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်နေခြင်း
ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပညာသင်ထောက်ပံ့ကြေးများကို စက်တင်ဘာလ ၂၇ ရက်က ပန်လီအခြေခံ
ပညာအထက်တန်း ကျောင်းခွဲ၌ အခမ်းအနားဖြင့် ပေးအပ်ခဲ့ရာ လက်ခံရရှိသည့် ထောက်ပံ့ငွေထဲမှ
အချိန်ပို စာသင်ကြေး ဖြတ်တောက်၍ ကျန်ငွေကိုသာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ကျောင်း သားမိဘ
အုပ်ထိန်းသူများထံမှ သိရ သည်။
.
ယင်းသို့ ထောက်ပံ့ကြေး ပေးအပ်မှုနှင့် ပတ်သက်၍ ပန်လီအခြေခံ ပညာ အထက်တန်း
ကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာတင်က ''ကျောင်းသား/သူတွေရဲ့ အုပ်ထိန်းသူ မိဘတွေကို
ကျောင်း ကော်မတီဝင်တွေ ရှေ့မှောက်မှာ တစ်ဦးချင်း လက်မှတ်ရေးထိုးပြီးထုတ် ပေးခဲ့တာ
စာရင်းဇယားလည်း ရှိပါ တယ်''ဟု ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့သည်။
.
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်ရှိ ကျောင်း များမှ မရှိနွမ်းပါးသူ၊
မိဘမရှိသူ ကျောင်းသူ/သားများကို ပညာသင် ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် လစဉ် မူလတန်း
ကျပ် ၅ဝဝဝ၊ အ လယ်တန်း ကျပ် ၈ဝဝဝ နှင့် အ ထက်တန်း ကျပ် ၁ဝဝဝဝ စီထောက် ပံ့ပေးအပ်လျက်ရှိရာ
ပန်လီအခြေခံ ပညာ အထက်တန်းကျောင်းခွဲတွင် ယခု ၂ဝ၁၈-၁၉ ပညာသင်နှစ်၊ မူ လတန်းအဆင့် ကျောင်းသား/သူ
၃၈ ဦး၊ အလယ်တန်းအဆင့် ၁ဝ၃ ဦးနှင့် အထက်တန်းအဆင့် ၅၇ ဦး တို့အား ထောက်ပံ့ပေးခဲ့ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan