ပန်းချီဇော်ရှိန်း (အေးသာယာ)
.
![]() |
Photo - Internet |
.
ကောင်းကင်လွှာတစ်ပြင်လုံး၊ မိုးသားတိမ် ဆိုင်တွေ ဖုံးလို့ လျှင်လျှင်ကြီး
အမှောင်ကျကာ ပြိုးပြိုးပျက်ပျက် လျှပ်ရောင်တွေ လင်းချင်တိုင်း လင်း၍ လက်ချင်တိုင်း
လက်နေသည့် ကြားမှာ မိုးမှုန်မိုးဖွား၊ မိုးနတ်မြှားကလေးတွေ စွေကနဲ ရွာသွန်းဖြိုးလျက်
မိုးဆိုသော ကာလသို့ ရောက် လာပြီဆိုသည်နှင့် တစ်ပြိုင်နက် ကျွန်တော် လည်း အင်းလေးကန်
ကန်ခြေတစ်နေရာ၌ အ တိတ်နောင်တ ကလေးတဝေဝေနှင့် အထီးကျန် နေရစ်ရှာလေသော ''ပဒုမ္မာကြာပန်း''အမည်ရှိ၊
အင်မတိ အင်မတန်မှ လှပလွန်းသော မြင်ရသူ မှန်သမျှ တပ်မက်ဇောတွေြ<ွကရင်တမမ တသ သနှင့်
ဆွဲဆောင်မှု ရှိလွန်းလှပါသော ''ဒွိဓာရ သီ ဖြူနီနှစ်ပွင့် ပွင့်ချပ်ခုနှစ်လွှာ တစ်ရာတိုင်
တိုင် ဖြာဖြာမြိုင်လျက် ကာပြိုင်ညီးလက် ရွှေထီး ချက်ကဲ့သို့ မြရွက်မုံအာ ပဒုမ္မာဟုထုံနံ့သာရော
စုံစွာနှောသော တောလည်းတစ်ထပ်။ ပေထု၊ တစ်ခုသော နေရီဖြိုးဖြ ဆည်းဆာတစ်ညနေခင်း မိုးပြင်းကလေးရွာ၍
လေညှင်းကလေး တိုက်နေ ဆဲဝယ်၊ ကျွန်တော်လည်း အပြင်ဘက်ဆီမှ တ ဝီဝီ တဝေါဝေါက သောကမြော ခပ်လောလော
ကလေး အပြေးရွာချလာသော မိုးသံလေသံတို့ နှင့်အတူ ရောကောသောကော ပါလာသောစိတ် မော ရင်ခုန်အဝင်တုန်စရာ
လမ်းမဆီသို့ မြင်နေ ကျ မြင်ကွင်းလေးကို ကြည့်၍ ကြည်နူးနေ ခိုက်၊ ခပ်ကြမ်းကြမ်းကလေး
ဘယ်ညာရမ်းကာ၊ မောင်းလာသော ဆိုင်ကယ်တစ်စီးနှင့်မျက်နှာ ချင်းဆိုင်မှ ဝေ့ကာဝိုက်ကာ မောင်းလာသောကား
ဖြူလေးတစ်စီး၊ မိုးမှောင်မိုးသဲ ရွာနေခိုက်၊ ညာ ဘက်ကားလမ်းအခြမ်းတွင်တော့ ကြာပဒုမ္မာစီး
ကိုင်ကာ ကြင်သူသက်ထားကို ပေးရန်ရည်လို့ ဆိုင်ကယ်အသွား စောင့်ခကာ မောင်းဝင်ထက် ဇော်။
ထူးဆန်းထွေလာ ရှုခင်းသာလေးကြောင့် ကြောင်တောင်တောင်၊ ငေါင်ငေါင်ငေးငေး က လေးကို ဝေးကနဲ
ကြည့်နေစဉ်မှာ ရုတ်တရက် နက်မှောင်လှပြ<ွကြ<ွကကလေးရှိသော ဆံပင်ခွေ ရှည်တွန့်တွန့်ကလေးတွေ
ဖွေးကနဲ ထွက်ကျ လာလျက် ဆံပင်မည်းမည်း ရှည်ရှည်တွေနဲ့ လဲ ရှာနေတဲ့ အနီရောင်သွေး ဒီမှာဘက်ခြမ်းမှာ
တော့ ရောင်စုံဝတ်စုံနှင့် ကြာပန်းစည်းကိုင်ထား သော လူရွယ်မှာ ကိုယ်ထင်မပြနိုင်တော့ဘဲ
ခွေ ကနဲ ခွေကာလဲလို့ ပဒုမ္မာပန်းဖတ်တွေ ပြန့်ကာ ကျဲလို့၊ ရဲရဲနီလို့ ချစ်သူနှစ်ဦး တစ်ယောက်ကို
တစ်ယောက် ဝိုးတဝါးကြည့်ယင်း လှမ်းလက်အ ကမ်း ငြိမ်ခဏမှာ ဝိဉာဏ်ချုပ်ပျောက်သွားကြပေ တော့သည်။
အသံတွေ ကြားနေရသည် ကားသမားနှင့် ဆိုင်ကယ်သမားလည်း သေ၊ အပြစ်မဲ့သောချစ်
နှစ်ဦးလည်း သေ၊ မူးပြီးမောင်းကြတာကို ''မြန် မြန်မောင်း မြန်မြန်သေ''ကောင်းကျရောကွာ။
.
အေး မင်းမြင်ခဲ့တဲ့ မနေ့တစ်နေ့က အဖြစ် အပျက်က မနေ့တစ်နေ့က မဟုတ်ဘူးကွ။
လွန် ခဲ့ပြီးတဲ့ ကာလက အဖြစ်တွေ။ ဟုတ်တော့ဟုတ် တယ်။ မဟုတ်လည်း မဟုတ်ဘူး။ ဟုတ်တာက တကယ်ဖြစ်ခဲ့တာ၊
မဟုတ်တာက သက်ရှိလူ သား အဖြစ်အပျက်တွေ မဟုတ်ဘူး။ ငါတောင် လမ်းမ မိုးရွာရွာကို မကြည့်ဖြစ်တာ
ဆယ်စုတစ် ခု ရှိရော့မယ် ဖြစ်မှဖြစ်ရလေကွာ။
.
''ရေကန်တွင် ကြာရှိမှ တင့်တယ်သည်'' ဟူသော ဆိုရိုးစကားအရ ကြာပန်းသည်
ရေ ကန်၏ အလှကို ဝင့်ထည်စေသော အပင်မျိုးဖြစ် ၏။ သဘာဝအလှကို ပိုမိုပေါ်လွင်စေသည် သာ မက
လူသားတို့၏ ကျန်းမာရေးအတွက် အသုံး ဝင်လှသော ကြာပန်း ကြာပင် အကြောင်း အ ကျဉ်းချုပ် တင်ပြလိုက်ရပါသည်။
ကြာပန်းအ ကြောင်းကို ရေးမယ်လို့ ဆိုတဲ့အခါမှာ ရေစင် ရေသန့်မှာသာ ပေါက်လေ့ရှိတဲ့မိုး
လူလုပ်ပရော ဂ မပါဝင်သော ရေစင်ရေသန့် ဖြစ်စေရပါမည်။ ကမ္ဘာအရပ်ရပ်မှာ ကြာပန်းရှိပါသည်။
ယဉ်ကျေး မှုတစ်ဆင့်ထက် တစ်ဆင့် မြင့်တက်လာလေ လူတို့နှင့် ပတ်သက်တဲ့နေရာ ဒေသတွေမှာ ကြာပန်းကို
နိမိတ်ပုံ အမျိုးမျိုးဖော်ကျူးကြလေ သည်။
.
အသက်ရှည်ခြင်းနဲ့ ကြာပန်း ကြာပင်တို့နဲ့ ဆက်စပ်မှုကို (The
Plants)ဆိုတဲ့ စာအုပ်ကို (Time Life International (Nederland) က ထုတ်ဝေတာဖြစ်ပြီး
စိုက်ပျိုးတဲ့ သူရဲ့ပုံပါ သက် သေအဖြစ် အထင်အရှား ပြသထားပါသည်။ ၁၉၅၁ ခုနှစ်က တိုကျိုမြို့အနီးတစ်ဝိုက်မှာ
ရွံ့ ထဲက ကနူးလှေတစ်စင်းကို တူးဖော်တွေ့ရှိခဲ့ပါ တယ်။ အဲဒီကနူးလှေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း
(၂ဝဝ)လောက်ကတည်းက နှစ်မြှုပ်နေခဲ့တဲ့ လှေ ဖြစ်ပါတယ်။ ကနူးလှေသည် မှောက်လျှက် အနေအထားအပေါ်
သစ်ရွက်ဆွေးတွေ စိုစို ဆွတ်ဆွတ်နဲ့ ဖုံးနေတာ (၁၈ ပေ)လောက်ထိ ဖုံးနေပါသည်။ လှေထဲမှာပါတဲ့
ပစ္စည်းတွေကို စစ်ဆေးလိုက်တဲ့အခါမှာတော့ ကြာစေ့သုံးစေ့ ဟာ ပကတိအတိုင်း ရှိနေပါတယ်။ ကျွမ်းကျင်သူ
ပညာရှင်ရဲ့ ဂရုစိုက်ကြပ်မတ်မှုနဲ့ စိုက်ပျိုးလိုက် တဲ့အခါ အချိန်ကြတော့ ကြာပင်နှစ်ပင်ပေါက်ပါ
တယ်။ ကြာပင်တွေနဲ့ မခြားနားဘဲ မပွင့်များ ပွင့်ခြင်းနှင့် ကြာနွယ် ကြာစွယ်များမှတဆင့်
မျိုး ပွားခြင်း၊ ကြာခွက်လို့ခေါ်တဲ့ ကြာသီးကြီးက လည်း အစေ့တွေကျပြီး ကြာပင်တွေ မျိုးပွားရရှိ
ခြင်းကြောင့် ကမ္ဘာ့ဥယျာဉ်ကြီးတွေကို အဲဒီအ နှစ် (၂ဝဝ)မျိုးစေ့က ပေါက်တဲ့အပင်တွေကို
ပေးပို့ ဖြန့်ဝေခဲ့ပါသည်။ ကြာပန်းသည် ရှင်သန် ခြင်း နိမိတ်ပုံဆောင်ခြင်းကြောင့် ရှေးခေတ်
ဟောင်းလူမျိုးများမှာ ရေကြည်ရာမြက်နုရာ အ ခြေချ နေထိုင်ရန် ရှာခဲ့ကြပါတယ်။ ကြာပင်ကြာ
ကန် နံဘေးနေထိုင်ကြပါတယ်။ ကြာဖြူ၊ ကြာ နီ၊ ကြာညိုစတဲ့ ကြာပန်းတွေ ကြာပဒုမ္မာလို့ခေါ်
တဲ့ အထပ်ထပ် အလွှာလွှာရှိတဲ့ ပဒုမ္မာကြာပန်း တွေကို တွေ့လိုက်ရတယ်။ ကြာနံ့သင်းသင်းနဲ့
ထုံနေတဲ့ လေကို ရှူရှိုက်လိုက်ရမယ်။ ကြာထဲ က ဝန်းကျင်မှာ ပျားတွေ၊ ပိတုန်းတွေ၊ ကြာ ဝတ်ရည်ကို
သောက်ရင်း ရေပေါ်မှာဝဲရင်း ပျား ပန်းခတ်ကာ စည်ပင်ပျော်ရွှင်ခြင်းရဲ့ သင်္ကေတ ကို ပြနေကြမယ်ဆိုရင်
အဲဒီနေရာဟာ ရေကြည် ရာ မြက်နုရာ ဒေသစစ်စစ် ဖြစ်တယ်လို့ တ ထစ်ချ ယူဆနိုင်ပါတယ်။
.
မြန်မာနဲ့ အရှေ့တောင်အာရှမှာ ထွန်းကား ခဲ့တဲ့ ဗုဒ္ဓသာသနာမှာလည်း
ကြာပန်းဟာကောင်း စွာနေရာယူထားပါတယ်။ ခုရှိနေတဲ့ ကမ္ဘာကို ဘဒ္ဒကမ္ဘာလို့ခေါ်ခြင်းသည် မြတ်စွာဘုရား
ငါး ဆူ ရှိပါတယ်။ ကမ္ဘာတည်စကတည်းက မြတ် စွာဘုရား တစ်ဆူပွင့်မယ့် ကမ္ဘာဆိုရင် သင်္ဃန်း တစ်စုံပါတဲ့
ကြာငုံတစ်ငုံဟာ တစ်ပါးတည်း ပါ လာသတဲ့။ ဘဒ္ဒကမ္ဘာဆိုတာ ကမ္ဘာတည်းစက တည်းက ကြာတစ်ပင်တည်းမှာ
ကြာငါးပွင့်တစ် ပါတည်း ပါလာပါတယ်။ သုမေဓာရှင်ရသေ့နှင့် ပါရမီဖြည့်ဘက် သုမိတ္တာဟာ မေတ္တာသက်ဝင်
ချစ်ခင်စိတ် ပေါ်မိတာကြောင့် အရှင်ရသေ့ ကျွန် တော်မ၏ လက်ထဲမှာရှိတဲ့ ကြာပန်းရှစ်ပွင့်ထဲက
ငါးပွင့်ကို ယူတော်မူပါ။ ကျန်တဲ့ သုံးပွင့်ကိုတော့ ကျွန်တော်မ ကိုယ်တိုင် မြတ်စွာဘုရားကို
လှူ ပါ့မယ်။ ထို့ကြောင့် သုမေဓာရှင်ရသေ့ကလည်း မြတ်စွာဘုရား ကြွရောက်လာတဲ့အခါ ကြာငါး
ခိုင်ကို လှူကာ သမ္မာသမ္ဗောဓိ ဘုရားဆုကို ပန်ဆင်ခဲ့ခြင်းကြောင့် ဘဒ္ဒကမ္ဘာလေးဆူမြောက် ဂေါတတမ
မြတ်စွာဘုရားအဖြစ် ပွင့်လတ္တံ့လို့ ဗျာဒိတ်ပေးတော်မူခဲ့ပါတယ်။
.
ဒီနေရာမှာ ပြောရမှာလေးတွေတော့ ရှိတာ ပေါ့။ တချို့သော သူများမှာ
ကယ်ပြီး အတိတ် နိမိတ်ကို စွဲလန်းကြပါတယ်။ ဒီလောက် ကျက် သရေရှိပြီး တင့်တယ်တဲ့ ကြာပန်းကို
လှူရမှာ ကို အလွန်ဝန်လေး တတ်ကြပါတယ်။ ဘာပြုလို့ လည်းဆိုတော့ တောင်းတဲ့ဆုတွေ ပြည့်ဖို့ကြာ
မှာစိုးလို့ ဖြစ်သတဲ့လေ။ ခုများတော့ ကြည့်စမ်း ပါ။ မြတ်စွာဘုရား အလောင်းတော်ဗျာဒိတ်
ယူ တော်မူတဲ့အခါ ပါရမီဖြည့်ဘက် ဖြစ်မယ့် သု မိတ္တာက ကြာပန်းလှူခဲ့ပါတယ်။ အဲဒါကြောင့်အ
ကြာကြီး ပါရမီဖြည့်ကျင့်ရတာဖြစ်လို့ ကြာမှာ ဖြစ်ပါသည်။
.
ကျွန်တော်ပြောချင်တာက ကြာပွင့်ကိုလှူ ပြီး ဆုတောင်းလို့ ကြာတာ မဟုတ်ပါဘူး။
ခိုင် ခိုင်ခန့်ခန့် ဖြည့်မှ ပြည့်တော်မူကြတာ ဖြစ်ပါ တယ်။ ကြာပန်းအကြောင်းကို အထူးတလည်
တင်ပြနေရတာက ကြာပန်းနဲ့ အရှေ့တိုင်းယဉ် ကျေးမှုနဲ့က မကင်းနိုင်တာလည်းပါလို့ တင်ပြ ရခြင်း
ဖြစ်ပါသည်။ အိန္ဒိယတိုက်ငယ်ရဲ့ အ နောက် ဘက်စွန်းဒေသမှာလည်း လခြမ်း သဏ္ဍာန် ရှိလို့ အိန္ဒုမြစ်လို့ခေါ်တဲ့
မြစ်ဝှမ်းဒေသ ရှိပါတယ်။ အိန္ဒိယ တိုက်ငယ်တစ်ခုလုံး ဗြိတိသျှ ကိုလိုနီဘဝက လွှတ်မြောက်တော့
အပိုင်းပိုင်း ကွဲသွားခဲ့တာကြောင့် အိန္ဒိုမြစ်ဝှမ်းဒေသဟာအ ခုအချိန်မှာတော့ ပါကစ္စတန်နိုင်ငံထဲမှာ
ရောက် နေပါတယ်။ အိန္ဒုမြစ်ဝှမ်းဒေသမှာ ရှေးဟောင်း ရေကန်များနဲ့ ကြာပန်းများ အတင့်တယ်ကြီး
တင့်တယ်နေခဲ့ပြီး။ အဆင်တန်ဆာ အနေနဲ့သာ ရုပ်ထုတွေ၊ ဗိသုကာလက်ရာတွေ၊ နံရံဆေးရေး တွေ၊
အင်္ဂတေနံရံတွေမှာ ပါလေ့ရှိတဲ့ ပန်းအနေ နဲ့တော့ ပြောတာမဟုတ်ပါဘူး။ ကြာဟာ အ သက်ရှည်ခြင်း၊
သန့်စင်ခြင်း၊ မြင့်မြတ်ခြင်းတို့ နဲ့ ပတ်သက်တဲ့ နိမိတ်ပုံလည်း ဖြစ်ပါတယ်။ ကြာပန်းဟာ
မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘော ဒီးယား၊ တရုတ်၊ ဂျပန်နိုင်ငံများမှာ အလေး အမြတ်ပြုလေ့ရှိကြတဲ့
ကြာပန်းဖြစ်ပါတယ်။
.
ပဒုမ္မာကြာပန်းနှင့် ပတ်သက်လို့ တွေးရေး ရာက နောက်ဆေးဖက်ဝင်သော ကြာပန်းအကြောင်း
တွေးမိပါသည်။ လက်လှမ်းမီရာ ဆေး သုတ စာအုပ်စာတမ်းများကို လှန်လှောကြည့် ရှုရာ ကြာပန်းသည်
တစ်ကယ်ပင် ဆေးဖက်ဝင် နေကြောင်း အံ့သြစွာ တွေ့ရှိရပေသည်။ ဦးပု ည၏အဖွဲ့အနွဲ့များကား
နှစ်ပေါင်းရာချီ ကြာခဲ့ သော်လည်း မရိုးနိုင်ပေ။ ယနေ့တိုင် ကြာပန်း ရနံ့တို့ သင်းပျံ့နေသ၍
''စာပန်း''ရနံ့တို့သည် လည်း သင်းပျံ့နေဦးမည်သာ။ ကြာပန်း၏ ရုက္ခ ဗေဒအမည်မှာ (NYMPHAEAC
OTUSLINN) ဖြစ်၏ မျိုးရင်းက (NYMPHAEACEAE) ဖြစ်၏။ မြန်မာအမည်မှာ (ပဒုမ္မာကြာ) ဖြစ်သည်။
အင်္ဂလိပ်ဘာသာဖြင့် (SACREDLOTUS) ဟု ခေါ်၏။ သက္ကတအမည်မှာ (သုဏ္ဍရိက) ဖြစ်၏။ ကြာသည် အများအားဖြင့်
ရေ၌ ပေါက်သောအပင်မျိုးဖြစ်ပြီး ပင်ပျော့မျိုး ဖြစ်ကာ ဆူးပျော့လေးများ ရှိပါသည်။ အပွင့်အ
ရောင်အသွေးကို လိုက်ကာ ကြာအမျိုးအစားကွဲ ပြား၏။ ပဒုမ္မာကြာတွင် အပွင့်သည် အဖြူနှင့်
အနီ ရောနှောလျှက် ရှိပါသည်။ ပဒုမ္မာကြာသည် အပွင့်ကြီး၍ ရနံ့သင်းသင်းမွှေး၏။ ဆေးဝါးအ ဖြစ်လည်း
အထုံများ၏။ သန့်ရှင်းသော ပတ်ဝန်း ကျင်နှင့် သန့်ရှင်းသော ရေကန်ကြီးများတွင် ပေါက်လေ့ရှိပါသည်။
ကြာ၏ အာနိသင်များကို ဖော်ပြရလျှင် ကြာသည် ချို၏။ သတ္တိအေး၏။ ဝါပါက၌ ချို၏။ မွှေးကြိုင်၏။
အပူကို ပယ်ဓာတ် ၏။ သွေးအန်၊ သွေးကျနှင့် ပင်ပန်းခြင်းကြောင့် ဖြစ်သော နာကျင်ကိုက်ခဲခြင်း၊
ချာချာလည် မူး ဝေခြင်းနှင့် သည်းခြေကြောင့် ဖြစ်ပေါ်သော ရောဂါတို့ကိုလည်း ပျောက်ကင်းစေပါသည်။ ''ကြာတစ်ပင်လုံး'' အသုံးချ၍ ရပါသည်။ ''ကြာ ရွက်''သည်
ဖန်ခါးသက်သည်။ ကိုယ်ပူသော ရောဂါ (ဥ)ဝစ္စမဂ်နှင့် ပတ်သက်သောရောဂါတို့ ကို ပျောက်ကင်းစေသည်။
''ကြာပွင့်''သည် ချို အေး၏ သွေးဖောက်ပြန်သော ရောဂါ၊ မျက်စိ ရောဂါ၊ အရေပြားရောဂါတို့နှင့်
သင့်မြတ်ပါ သည်။ ''ကြာစေ့''သည် ချိုဆိမ့်၏
ကျေညက် စေတတ်၏။ မြိန်စေတတ်၏။ သုတ်ကို ပွားစေ ၏။ သွေးဒေါသ၊ သည်းခြေ ဒေါသကို ငြိမ်းစေ
၏။ သွေးအန်သွေးကျရောဂါကို ပျောက်ကင်းစေ ၏။ ဝမ်းမီးကို ချုပ်စေတတ်၏။ ''ကြာမြစ်''သည်
ခါးသက်သက်ရှိ၏ ရေငတ်ကို ပြေစေ တတ်၏။ သလိပ်သည်းခြေကို အကျိုးပြုသည်။ အိပ်ပျော်စေတတ်သည်။
''ကြာဝတ်ဆံ''သည် အေး၏။ ဖန်၍ ချိုသည်။ အဆိမ့်ဓာတ်လည်း ပါ၏။ သည်းခြေသလိပ်ကို နိုင်၏။
သုတ်ကို ပွားစေ၏။ ရေငတ်ဖောရောင်၊ အဆိပ်သင့်၊ သွေးပြင်းသရိုက်ရောဂါတို့၌ အကျိုးပြုသည်။
နှ လုံးကို အကျိုးပြုသည်။ နှလုံးအားနည်း၍ မောသောရောဂါအတွက် အထူးကောင်း၏။ မူး ဝေသောရောဂါများနှင့်အတူ
သင့်၏။ ''ကြာရိုး'' သည် ချို၊ ဖန်၊ ခါး၊ အေး၏ သည်းခြေရောဂါ ကို ပျောက်ကင်းစေတတ်သည်။
ဆီးအောင့်၊ သွေးအန်၊ သွေးကျကို ပျောက်ကင်းစေသည်။ ''ကြာဝတ်ရည်''သည် အလွန်ဝဖြိုးစေသည်။
ဒေါသဆိုး ပါလာနိုင်၏။ မျက်စိရောဂါများကို ပျောက်ကင်းစေနိုင်သည်။
.
အထက်ပါ ကောက်နုတ်ချက်များမှာ တိုင်း ရင်းဆေး သုတနည်းအရ လက်ခံထားသော
ကြာ၏ အသုံးဝင်ပုံများ ဖြစ်ပါသည်။ ကြာပင်၏ အစိတ်အပိုင်းများကို သိပ္ပံနည်းကျ သုတေသန ပြုလုပ်ခဲ့ပြီး
ဖြစ်၏။ ခောတ်မီသိပ္ပံနည်းအရ ကြာပင်တွင် ပါဝင်သော ဓာတုဒြပ်ပေါင်းများမှာ (GALLICACID,
TANNIC ACID, STARCH နှင့် GUM) တို့ ဖြစ်၏။ ပဒုမ္မာကြာတွင် ပါဝင်သော ဓာတုဒြပ်ပေါင်းများစွာ
(RESIN GLU-COSE, METARBIN, TANNIN, FAT, NELUM BINE) တို့ ဖြစ်ကြ၏။ ကြာ ပင်သည် ဆေးဖက်ဝင်သော
အပင်မျိုးဖြစ်ခြင်း ကြောင့် အထူးတစ်လည် ဂရုတစိုက် စိုက်ပျိုး သင့်သော အပင်မျိုး ဖြစ်တာနှင့်အညီ
''ရေ ကန်တွင် ကြာရှိမှ တင့်တယ်သည်'' ဆိုရိုး စ ကားအရ သန့်ရှင်းသောရေ၊ တောတောင်ပတ် ဝန်းကျင်ရှိဖို့ရာ
အထူးလိုအပ်သောကြောင့် အလေးပေး ဆောင်ရွက်စေလိုပါသည်။
.
ရေကန်၏ အလှကို ဝင့်ထည်စေသော အ ပင်မျိုးဖြစ်သောကြောင့် သဘာဝအလှကို
ပိုမို ပေါ်လွင်စေသည် သာမက ခရီးသွားဧည့်သည် များ၊ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ၊
လူ သားတို့၏ ကျန်းမာရေးအတွက် အသုံးဝင်လှ သော ကြာပင်အကြောင်း ဖတ်မှတ်ထားသမျှ အနည်းငယ်ကို
အကျဉ်းချုပ် ရေးသားထင်ပြ လိုက်ရပါသည်။
.
အချစ်သည် အရာရာကို ပြီးပြည့်စုံစေသတဲ့ လား။ ဟုတ်ကောင်း ဟုတ်ပါလိမ့်မည်။
သူတို့ အတွက် ဟုတ်ကောင်း ဟုတ်ပါလိမ့်မည်။ အ ချစ်ကြောင့် ပြည့်စုံလှပနေသော လောကကို၊ သူတို့ မျက်စိများကတော့ အထင်အရှား မြင်
တွေ့နေကြလေမည်။ ဒါပေမဲ့ အဲဒီလောက တံ တိုင်းနံရံနဲ့ အပြင်ဘက် တစ်နေရာမှာ ဘပန်းချီ အိုရဲ့
မြေးကလေး ရှိနေတာကိုတော့ သူတို့မြင် ကြမည် မဟုတ်။ အေးလေး အလှတောမှာ ပျော်ရစ်သူများကတော့
မမြင်နိုင်ရတော့လောက် အောင် သူတို့မျက်လုံးတွေမှာ အချစ်ပိတ်ဖုံးနေ ကြပေရော့မည်။
.
ဝင်းဝင်းနီလျှပ် ပွင့်ချပ်ခုနှစ်လွှာ ပဒုမ္မာဇာတ် လှလိုက်သည့် မြင်ကွင်း၊
ပျော်ရွှင်စရာ မြင်ကွင်း ဘပန်းချီအို မေ့နိုင်ဘူးကွယ်။ ညို့နေသော ရင် ထဲမှာပင် အပျော်စိတ်ကလေး
တစ်ချက်စီးဖြတ် နေသည်။ မိုးလုံးမြှားချက်တွေကို ဘအိုကြီး ရင် ဆိုင် ခါးကော့ကာ မာန်တင်းလို့
မြေးလေးတို့ နားရောက်ခဲ့ပါတယ်။ တစ်ကိုယ်တည်း၊ ဤမှာ ဘက်ရှိနေသည်ကို မကျေနပ်စိတ် ဖြစ်ပေါ့။
အြ<ွကင်းကြာပန်းကို ချစ်နှမငယ်ကို ပေးမည်ရယ် လား။ ဘပန်းချီအိုဆီ ကမ်းလင့်ကမ်းဆင့်လေ
မလား ရယ်လို့ မျှော်လင့်သော်မျှ ပွင့်ချပ် ပွင့် လျှာပျားမြေသို့ ခချေပြီကောကွယ်။ ဟိုမှာဘက်
၌ မြေးမချောလေ ''နန်းလဲ့လဲ့လင်း''တစ်ဦး တည်း။ သည်မှာဘက်က ခန္ခာပြောင်ြးေ<ွက လျှက်
အစိပ်စိပ်ကွဲကြေသွားခဲ့သူလေး နှလုံးသား နှင့်အတူ အသက်ဆုံးခဲ့သူကလေးနောက် ခု တော့ အရာအားလုံးကို
ပြိုင်တုကာ ကြာမုံရွက် အတွက် ထာဝရရှင်သန်ဖို့ အရေး လက်ကျန်ခွန် အားနဲ့ လှလှကြီး အရောင်တင်လိုက်ရပါပြီ။
.
- သဘာဝ တောတောင်အလှတွေရယ်
သင်တို့မှာ
ဘာမှ အပြစ်မရှိပါဘူး။
- ကြာပန်းတွေမှာကော ဘာမှ အပြစ်
မရှိပါဘူး။
.
မင်းတို့အပေါ် စွဲကပ်နေတဲ့ ဆန့်ကျင်ဘက် လူသားတွေရဲ့ အမုန်း၊ အငြိုး၊
အတေး။ ပန်း တွေက ပန်းသဘာဝနဲ့ လှနေကြတာပါ။ ခွင့် လွှတ်ပါ ကြာပန်းပွင့်လေးတွေ ရယ်။ ဘပန်းချီ
အိုကြီးရဲ့ မြေးလေးများ ချစ်ပန်းမြိုင်မြိုင် ကြာ စွယ်ချိုးနိုင်ဖို့ ဘအို လက်အိုနဲ့န
ခွန်အားလက် ကျန်ဖြင့် ကန်သာယာအလှ ပဒုမ္မာကြာနဲ့ ပကာ တင့်လို့ ဝင့်ထည်ပါစေသတည်း။ ရှောင်ကြ
ရှားကြစေ။
.
.
.
#KBZTai #Shan