ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ရှိ ရွှေ့ပြောင်သွားလာသူများသည် တရုတ်နိုင်ငံသို့
သွားရောက်၍ အ လုပ်လုပ်ကိုင်ရာ၌ တရားဝင်ခွင့်ပြု ထားခြင်း မရှိသဖြင့် အခက်အခဲမျိုးစုံ
ကြုံတွေ့နေရပြီး သွားရောက်ရန် မ သင့်ကြောင်း တရုတ်နိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်သူ
များထံမှ သိရသည်။
.
.
''သွားရတာ အခက်အခဲ အရမ်း များတယ်။ ကျွန်တော်တို့သွားခဲ့တုန်း ကတော့
သူများတွေ လာစည်းရုံးလို့ သွားခဲ့တာပါ။ သွားတော့လည်း ကား တစ်စီးထဲမှာ လူကိုဝက်တွေထည့်
သလို ကြပ်သိပ်ထည့်ပြီး သွားရတယ်။ လူမြင်ခံလို့မရဘူးဆိုပြီး အပေါ့သွား ချင်လည်း သွားလို့မရ၊
ရေလည်းပေး မသောက်ဘူး။ ဂိတ်တွေကို တစ်ဂိတ် ပြီးတစ်ဂိတ် ကျော်သွားခဲ့ရတယ်။ သွားလည်ဖို့ဆိုပြီး
လက်မှတ်လုပ်ရ တယ်ပြောတယ်။ သွားဖို့အတွက် ၁ဝ သိန်းလောက် ကုန်ခဲ့တယ်။ ဟိုမှာ ၁ နှစ်ခွဲလောက်
လုပ်ခဲ့တယ်။ အဖမ်း ခံရမှာကြောက်လို့ အပြင်လည်းထွက် လို့မရဘူး။ ကျွန်တော်တို့အဖွဲ့က
လူ ၂ဝ လုံး လစာ တစ်ပြားတစ်ကျပ် မှမရဘူး။ အဲဒါနဲ့ပြန်လာတာပါ။ တခြားသူကိုတွေလည်း မသွားစေ
ချင်ပါဘူး''ဟု တရုတ်နိုင်ငံတွင် တ ရားမဝင် သွားရောက်အလုပ်လုပ်ကိုင် ခဲ့သူ ကျောက်တလုံးကြီးမြို့၊
ဂနိုင်ခဲ ကျေးရွာနေ ကိုမောင်ပုကပြောသည်။
တရုတ်နိုင်ငံသို့ တရားဝင်သွား ရောက် အလုပ်လုပ်ကိုင်ခွင့် ပြုထား
ခြင်းမရှိသော်လည်း ရှမ်းပြည်နယ် အတွင်းမှ ရွှေ့ပြောင်းသွားလာသူများ သည် တစ်ဘက်နိုင်ငံတွင်
လုပ်ခလ စာများစွာရမည်ဟု ပွဲစားများဖြား ယောင်သွေးဆောင်မှုကြောင့် ငွေကုန် ကြေးကျခံ၍
သွားရောက်ခဲ့ပြီးနောက် တစ်ဘက်နိုင်ငံ ရောက်သည့်အခါအ လုပ်အကိုင်မရရှိခြင်း၊ အလုပ်အကိုင်
ရရှိသော်လည်း လုပ်ခလစာမရရှိခြင်း၊ လူကုန်ကူးခံရခြင်း စသည့် အခက်အ ခဲမျိုးစုံ တွေ့ကြုံနေရကြောင်း
သိရ သည်။
.
ယင်းကဲ့သို့ တရုတ်နိုင်ငံအတွင်း တရားမဝင် သွားရောက်အလုပ်လုပ် ကိုင်မှုနှင့်
ပတ်သက်၍ ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်
က ''တရုတ်နိုင်ငံကို တရားဝင်သွား ရောက် အလုပ်လုပ်ကိုင်ခွင့်မရှိပါဘူး။ တရားမဝင် သွားလာနေကြတာ
ဖြစ် ပါတယ်။ ပွဲစားတွေကသွေးဆောင် ဖြားယောင်းလို့သွားနေကြတယ်။ မက်လုံးတွေပေးပြီးခေါ်သွားကြ
တယ်။ ဌာနကနေ တရားဝင်လွှတ်တာ မရှိပါဘူး။ မသွားဖို့ကို အသိပညာ ပေးတာတွေ လုပ်နေတာရှိတယ်။
တစ်ဘက်နိုင်ငံက ဗီဇာပေးမယ်၊ နေ ထိုင်ခွင့်ပေးမယ်ဆိုပြီးတော့ သွားလို့ ရတာပေါ့။ တရားမဝင်သွားနေကြ
တဲ့ သူတွေကတော့ အခက်အခဲမျိုးစုံ တွေကြုံတွေ့ပြီး ပြန်ရောက်လာကြ တာတွေရှိတယ်။ လူကုန်ကူးခံရတာ
တွေရှိတယ်။ ရသင့်ရထိုက်တဲ့ အခွင့် အရေးတွေမရဘူး။ ခေါင်းပုံဖြတ် ခံရမယ်။ ဒါ့အပြင်ထွက်ချင်တိုင်း
လည်း မထွက်ရဘူး။ အဲဒါကြောင့်မ သွားဖို့တိုက်တွန်းချင်ပါတယ်''ဟု သုံးသပ် ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ ရွှေ့ပြောင်းသွားလာသူများ အနက်
၈ဝ ရာခိုင်နှုန်းခန့်သည် ထိုင်းနိုင်ငံသို့ အများဆုံး သွားရောက်၍ အလုပ်လုပ် ကိုင်နေကြပြီး
အများစုမှာ တရားမ ဝင် သွားလာနေကြသူများ ဖြစ်ကာ တရုတ်နိုင်ငံအတွင်းသို့ သွားလာနေ သူများလည်းရှိကြောင်း
သိရသည်။
.
''ကျွန်မတို့ ရှမ်းတောင်မှာဆိုရင် ၄ ယောက်မှာ တစ်ယောက်လောက်က ပြည်ပမှာ
ရွှေ့ပြောင်းသွားလာနေတဲ့ သူတွေဖြစ်ပါတယ်။ ရွှေ့ပြောင်း သွား လာသူတွေကို ကြည့်မယ်ဆိုရင်
၈ဝ ရာခိုင်နှုန်းက တရားမဝင် သွားလာ နေကြတာ တွေ့ရတယ်။ တရားမဝင် သွား လာနေကြတဲ့အခါ အခက်အခဲ
အ မျိုးမျိုး ကြုံတွေ့နေရတဲ့အတွက် ရွှေ့ပြောင်းသွားလာမယ်ဆိုရင် တရား ဝင် ရွှေ့ပြောင်းသွားလာကြပါလို့
ကျွန်မကတော့ တိုက်တွန်းလိုပါ တယ်''ဟု ရွှေ့ပြောင်းသွားလာသူ များအရေး ကူညီဆောင်ရွက်ပေးနေ
သည့် တွဲလက်စီမံကိန်းမန်နေဂျာ မနန်းသင်းသင်းဖြူက ပြောသည်။
.
တရုတ်နိုင်ငံအတွင်းသို့ သွား လာရာတွင် အရောင်းအဝယ်ကိစ္စအ တွက်ဖြစ်စေ၊
အလည်အပတ်ဖြစ် စေ၊ ဆေးဝါးကုသမှုခံယူရန်အတွက် ဖြစ်စေ တရားဝင်နိုင်ငံကူးလက်မှတ် စာအုပ်ပြုလုပ်ပြီး
တရုတ်နိုင်ငံ၊ ရွှေလီ မြို့နှင့် အနီးတစ်ဝိုက်ရှိ မြို့ရွာများ သို့ သွားလာနိုင်မည်ဖြစ်ကာ
သတ် မှတ်ရက်မတိုင်မီ မြန်မာနိုင်ငံသို့ပြန် လည် ဝင်ရောက်ရမည်ဖြစ်ပြီး အလုပ် လုပ်ကိုင်ရန်အတွက်
အမြဲတမ်း နေ ထိုင်ခွင့်ကို တရားဝင်ခွင့်ပြုထားခြင်း မရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan