ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၇)၊ နယ်မြေ (၄)၊
အမက-၂ကျောင်းအနီး၊ အိမ်အမှတ် (၃၄) တွင် အောက်တိုဘာလ ၁၁ ရက်ည ၉ နာရီဝန်းကျင်ခန့်အချိန်က
ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
.
.
လားရှိုးမြို့၊ ရပ်ကွက် (၇)၊ နယ်မြေ (၄)၊ အိမ်အမှတ် (၃၄)၊ ဦးရန်ချုံရှန်း
၏ နေအိမ်ခြံဝန်းအတွင်းအောက်တိုဘာ ၁၁ ရက် ည
၉ နာရီအချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြတင်းပေါက်မှန်အချို့ ကွဲကြေမှုဖြစ်ပွားခဲ့ကာ
လူတစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ကမ္ဘောဇတိုင်းမှ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးနေလင်းထွန်းထံသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ''အသေးစားပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်အသေးစိတ်ကို
ကိုမသိရသေးပါဘူး။ တာဝန်ရှိသူတွေ စစ်ဆေးနေပါတယ်။ ပြတင်းမှန်တွေအချို့ကတော့ ကွဲကြေမှုဖြစ်ပွားခဲ့ပါတယ်။
လူတွေထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိသေးပါဘူး။ ဖြစ်စဉ်သိရရင် အသေးစိတ် ပြန်ပြောပေးပါ့မယ်''ဟုပြန်လည်ဖြေကြားခဲ့ပါသည်။
.
လားရှိုးမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်က မသမာသူများ၏
ဗုံးခွဲလုပ်ကြံမှုကြောင့် ဘဏ် ဝန်ထမ်းအမျိုသမီး ၂ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan