ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်း ပန်မြို့နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း
မိုင်းတုံမြို့နယ်တို့ကို ဆက်သွယ်ထား သော သံလွင်မြစ်ကူး တာဆန်းကြိုး တံတားမှာ နှစ်ကာလကြာမြင့်လာ
ပြီဖြစ်သည့်အတွက် အဆိုပါ ကြိုး တံတားနေရာတွင် တံတားအသစ် တစ်စင်းကို တည်ဆောက်သွားမည်
ဖြစ်ကြောင်း သိရသည်။
.
.
''နေရာကတော့ ရွေးနေတုန်းပဲ ရှိပါသေးတယ်။ ဘယ်အချိန်မှာ စမယ်ဆိုတာ
အတိအကျမသိရသေးပါဘူး။ အထက်ကလည်း ညွှန်ကြားချက် မကျလာသေးပါဘူး။ အသစ်ကတော့ မြန်မြန်လေး
လုပ်မှရမှာပါ။ လက်ရှိကြိုးတံတားက ခိုင်ခံ့မှုတော် တော်လေး နည်းနေပါပြီ''ဟု မိုင်းတုံ
မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်က ကမ္ဘောဇတိုင်း
သို့ ပြောသည်။
အဆိုပါ တံတားသစ်တည် ဆောက်ရေးအတွက် ငွေကျပ်သန်း ပေါင်း ၅၄ဝဝ လျာထားပြီး
ယခု ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း ၁ဝဝဝ ချထားပေးခဲ့ကာ လက်ရှိတွင် တံတား တည်ဆောက်ရေးအတွက်
လိုအပ် သည့် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး တံတားတည်ဆောက်မည့် ကာလကိုမူ အသေးစိတ်မသိရသေး
ချေ။
.
လက်ရှိ သံလွင်မြစ်ကူးတံတား (တာဆန်း)မှာ ကြိုးတံတားအမျိုးအ စားဖြစ်ပြီး
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အ တွင်း တည်ရှိသည်။ အဆိုပါ
တံတား ကို တာဆန်း-မိုင်းတုံကားလမ်းရှိ သံ လွင်မြစ်ပေါ်တွင် ၁၉၉၇ ခုနှစ်က စ တင်တည်ဆောက်ခဲ့ပြီး
၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝ ရက်တွင် တည် ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ အောက် တိုဘာလ ၁ဝ ရက်နှင့် ၁၁ ရက်နေ့ များက
မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် တာဆန်းကြိုးတံတား၏ သံ လွင်မြစ်အနောက်ဘက်ကမ်းရှိ တံတားထိန်းကြိုးဆိုင်း
ကျောက်စီနံရံပြိုကျ ပျက်စီးခဲ့ သဖြင့် တံတားအထူး အ ဖွဲ့(၁၂)မှ ပြင်ဆင်ထိန်းသိမ်းဆောင်
ရွက်ခဲ့ပြီး လက်ရှိတွင်တံတားကြံ့ခိုင် မှုအရ ၁၅ တန်အထိသာ ဖြန်သန်း မောင်းနှင်ခွင့်ပြုထားကြောင်း
သိရသည်။
.
ရှမ်းပြည်နယ်အတွင်း၌ အဓိက အားဖြင့် အပါအဝင် သံလွင်မြစ်ကို ဖြတ်ကျော်
တည်ဆောက်ထားသည့် တံတား ၅ စင်းရှိရာ ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်းလုံမြို့နယ်အတွင်း
ရှိ ကွမ်းလုံကြိုးတံတား၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အ တွင်းရှိ တာကော်အက်တံတား၊
ရှမ်း ပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ နယ်အတွင်းရှိ တာပါးတံတား၊ရှမ်း ပြည်နယ်တောင်ပိုင်းနှင့်
အရှေ့ပိုင်း ကို ဆက်သွယ်ပေးထားသည့် တာ ကော်တံတားနှင့် ယခု တာဆန်းတံ တားတို့ဖြစ်ပြီး
ယင်းတံတား ၅ စင်း အနက် တာကော်တံတားသာလျှင် သံမဏိသံဘောင်တံတား အမျိုးအ စားဖြစ်ကာ ကျန်တံတားများမှာ
ကြိုးတံတားများဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း ကွန် ဟိန်းမြို့နယ်နှင့် ရှမ်းပြည်နယ်အ
ရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်တို့ကို ဆက်သွယ် ထားသည့် သံလွင်မြစ်ကူးတံ တား (တာကော်)ကိုလည်း
အသစ် တည်ဆောက်နိုင်ရေးအတွက် ၂ဝ၁၈ -၁၉ ဘဏ္ဍာနှစ်မှ စတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan