အလုပ်ခွင်အတွင်း ထိခိုက်မှုကြောင့် သေဆုံးသူများအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေများ ထုတ်ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အလုပ်ခွင်အတွင်း ထိခိုက်မှုကြောင့် သေဆုံးသူများအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေများ ထုတ်ပေး


မောင်မောင်သန်း (တောင်ကြီး)၊ ကမ္ဘောဇတိုင်း
.
.
၂ဝ၁၂ ခုနှစ်၊ လူမှုဖူလှုံရေး ဥပဒေအရ လုပ်ငန်းခွင် ထိခိုက် ဒဏ်ရာရရှိမှုကြောင့် သေဆုံးမှု အ တွက် ကျန်ရစ်သူ မိသားစု အကျိုး ခံစားခွင့်များ ထုတ်ပေးခြင်းကို စက် တင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းက ပြည်နယ် လူမှုဖူလုံရေးရုံး၊ အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
.
ထိုသို့ မိသားစု အကျိုးခံစားခွင့် များ ထုတ်ပေးရာတွင် တောင်ကြီးမြို့ နယ် လူမှုဖူလုံရေးရုံး၌ အကြုံးဝင် မှတ်ပုံတင် ထားသော SANCTUM INLE RESORT မှ အာမခံ အလုပ်သမား ဦးသက်ပိုင်စိုးသည် အလုပ်တာဝန် ထမ်းဆောင်ရန် အ သွား လမ်းခရီး၌ ဦးခေါင်းပေါ်သို့ သစ်ကိုင်း ပြုတ်ကျသေဆုံးခဲ့ခြင်း ကြောင့် လုပ်ငန်းခွင် ပြင်ပ ထိခိုက် ဒဏ်ရာရ သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ အာမခံ အလုပ်သမား ဦးထွန်းသူရသည်  လည်း နမ့်စန်မြို့၌ တာဝန်ကျ ဝန်ထမ်းများနှင့်အတူ မီးလိုင်းစစ်ရန် ဓါတ်တိုင်ပေါ်သို့ တက်စဉ် ဓါတ် လိုက်၍ သေဆုံးခဲ့ခြင်းကြောင့် အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာရ သေဆုံးခြင်း အတွက် ကျန်ရစ်သူ အ ကျိုး ခံစားခွင့်များကို ထုတ်ပေးခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မိသားစု အကျိုးခံစား ခွင့်များ ထုတ်ပေးခြင်း အခမ်းအနား တွင် SANCTUM INLE RESORT မှ ဦးသက်ပိုင်စိုးအား လစာ၏ အဆ ၃ဝ ဖြစ်သော ငွေကျပ် ၃၂၅၅ဝဝဝ နှင့် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ ဦးထွန်းသူရလင်းအား လုပ်ခလစာ၏ အဆ ၃ဝ ဖြစ် သော ငွေကျပ် ၄ဝ၉၅ဝဝဝ တို့အား ခွင့်ပြု ထုတ်ပေးခဲ့ကြောင်း သိရ သည်။
.
အလုပ်ခွင်တွင် ထိခိုက်မှုကြောင့် သေဆုံးသွားသော မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ အာမခံအလုပ်သ မား ဦးထွန်းသူရလင်း၏ ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် ၄ဝ၉၅ဝဝဝ အား ရပ်စောက်မြို့နယ်နေ ဦးထွန်း သူရလင်း၏ မိခင် ဒေါ်အေးအေးမော် မှလည်းကောင်း၊ အလုပ်ခွင်တွင် ထိ ခိုက်မှုကြောင့် သေဆုံးသွားသော SANCTUM INLE RESORT မှ အာမခံအလုပ်သမား ဦးသက်ပိုင် စိုး၏ ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် ၃၂၅၅ဝဝဝ ကျပ်အား ညောင်ရွှေမြို့နယ်နေ ဖခင် ဦးကျော် နိုင်ဦးမှလည်းကောင်း လက်ခံရယူ ခဲ့ကြောင်း သိရသည်။
.
ထို့နောက် မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးဝင်းကျော်ကျော်နှင့် အာမခံ အလုပ်သမား ဦးသက်ပိုင် စိုး၏ဖခင် ဦးကျော်နိုင်တို့မှ ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။
.
ယင်းအခမ်းအနားသို့ ရှမ်းပြည် နယ် လူမှုဖူလုံရေးရုံး၊ ပြည်နယ် တာဝန်ခံအရာရှိနှင့် ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats