ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချခြင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချခြင်း



ကျော်လင်းဦး (ရှမ်းပြည်)
.
.
မြန်မာနိုင်ငံ၏ အိမ်နီးချင်း တရုတ်ပြည်၏ ပိုင်နက် နယ်နိမိတ် ယူနန်ပြည်နယ်နှင့် မြန်မာ နိုင်ငံသည် ထိစပ်မှု အများဆုံး ဖြစ်နေသည်။ နှစ်နိုင်ငံကြား ထိစပ်နေသော နယ်နိမိတ်များ ကြောင့် နယ်စပ်ကုန်သွယ်ရေးသည် များစွာ အရေးပါနေပါသည်။ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး ထွက်ကုန်များကို အဓိကထားတင်ပို့လေ့ ရှိ သည်။ လက်မှုပစ္စည်း၊ လျှပ်စစ်ပစ္စည်းနှင့် သံမ ဏိထွက်ကုန်များကို တရုတ်ပြည်မှ အဓိကထား တင်သွင်းလေ့ရှိသည်။ နှစ်နိုင်ငံ ကုန်သွယ် ရေးသည် ၂ဝ၁၁ ခုနှစ်တွင် ဒေါ်လာ သန်းပေါင်း ငါးထောင် ရှိခဲ့ရာမှ ၂ဝ၁၇-၁၈ နှစ်ကာလတွင် ဒေါ်လာသန်းပေါင်း တစ်သောင်းတစ်ထောင်အ ထိ တိုးပွားလာသည်။ နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်မှ အဓိကတင်ပို့ရာတွင် ယူနန်ဘက် မှ ပြန်လည်တင်သွင်းသည်ထက် ပိုများနေသည် ကို တွေ့ရသည်။ လူဦးရေလေးဆယ့်ရှစ်သန်း ရှိသည့် ယူနန်ပြည်နယ်၏ စီးပွားရေးသည် မြန် မာထက် လေးဆလောက် ပိုပြီးကြီးမားသည်ဟု စီးပွားရေး ပညာရှင်များက ခန့်မှန်းထားသည်။ယူ နန်သည် အိမ်နီးချင်းနိုင်ငံများအတွက် ဈေး ကွက်ကောင်းတစ်ခု ဖြစ်သည်ဟု ဆိုကြသည်။ တရုတ်ပြည်တွင် လူလတ်တန်းစား ဦးရေသန်း လေးရာကျော် တိုးပွားလာခြင်းကြောင့် ဝယ်လို အားမြင့်တက်လာခြင်းကို ရောင်းလိုအားက အ မီမလိုက်နိုင်ဘဲ ဖြစ်နေသည်ဟု တရုတ်သမ္မတ ၏ စီးပွားရေးအကြံပေးမှ ကမ္ဘာ့စီးပွားရေးဖိုရမ် တွင် ပြောကြားသွားသည်။
.
တစ်ဦးချင်းဝင်ငွေ တိုးပွားလာသည့်အလျောက် စားသုံးမှုလည်း တိုးပွားလာသည်ကို တွေ့ရသည်။ ၂ဝဝ၁ ခုနှစ်တွင် တရုတ်ပြည်သား တစ်ဦး၏ တစ်နှစ်ဝင်ငွေသည် ဒေါ်လာလေးထောင် ရှိခဲ့ရာမှ ဆယ့်ငါးနှစ်အကြာဖြစ်သည့် ၂ဝ၁၆ သို့ ရောက်သည့်အခါ ဒေါ်လာတစ်သောင်း လေးထောင်ကျော် ရှိလာခဲ့သည်ကို တွေ့ရ သည်။ ဝယ်လိုအားမှာ သုံးဆခွဲ တိုးပွားလာသည် ဟု ဆိုနိုင်သည်။ ဤသို့ ဝင်ငွေတိုးလာခြင်း ကြောင့် အိမ်နီးချင်းနိုင်ငံများမှ စားသုံးကုန်ကိုပို ပြီး တင်သွင်းနိုင်ပါသည်။ မြန်မာ့ဖရဲနှင့် သခွား မွှေး၊ လာအိုဖရဲသီး၊ ထိုင်း ဒူးရင်းသီးနှင့် ဗီ ယက်နမ်လိုက်ချီးသီးကို ယူနန်ပြည်နယ်သားတို့ အများဆုံး စားသုံးကြသည်။ သို့သော် ယူနန် ဈေးကွက်ပေါ်ထွက်လာတော့မှသာ မြန်မာနှင့် လာအိုတွင် သစ်သီးဝလံ စိုက်ပျိုးလာသည်ကို ဂျပန်လူမျိုး ပညာရှင်များက မှတ်ချက်ပေးကြ သည်။ သစ်သီးဝလံ စိုက်ပျိုးပြီး နိုင်ငံခြားသို့ ရောင်းချခြင်းသည် ထိုင်းနှင့် ဗီယက်နမ်တွင် လုပ်ရိုးလုပ်စဉ် ဖြစ်နေသည်မှာ များစွာကြာမြင့် သော ကာလကပင် ဖြစ်နေသည်ဟု ဆိုရပေ မည်။ အရင်းအနှီးနှင့် လုပ်အား စိုက်ထုတ်ရာ တွင်များသလို အတတ်ပညာလည်း လိုအပ်ပြီး အမြတ်အစွန်းလည်း များသည်ဟု ဆိုပါသည်။ ထို့ကြောင့်ပင် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် မှုသည် ဆင်းရဲမှုလျှော့ချရေးတွင် ထိရောက် သည်ဟု ပညာရှင်များက အဆိုပြုလက်ခံထား ကြသည်။ သစ်သီးဝလံသည် ပျက်စီးလွယ်သော ကြောင့် ဈေးကွက်ထဲသို့ မြန်မြန်ရောက်ရန် လို အပ်ပါသည်။ ကောက်ပဲသီးနှံလို ဈေးနှုန်းတည် ငြိမ်မှု နည်းသောကြောင့် ထုတ်လုပ်သူနှင့် ဝယ် သူကြား ကန်ထရိုက်ယူပြီး စိုက်ပျိုးသည့် နည်း ကို သစ်သီးဝလံ စိုက်ပျိုးရေးတွင် သုံးလေ့ သုံး ထ ရှိပါသည်။ ဝယ်သူအဆင်သင့် ရှိနေခြင်း ကြောင့် စိုက်ပျိုးသူ စိုက်ရခြင်းအပေါ် စိတ်ပူပန် မှု လျော့နည်းစေသည်ဟု ဆိုသည်။ ယခုခေတ် ကာလတွင် အသီးအနှံများကို အအေးခံပြီးသယ် ယူသည့်အတတ်ပညာများ ထွန်းကားလာခြင်း ကြောင့် အနီးအဝေးသည်ပြဿနာ မဟုတ်တော့ ပေ။ ဥပမာ ဖိလစ်ပိုင်မှ ငှက်ပျောသီးအများအ ပြား တင်သွင်းသည့် တရုတ်သည် ခရီးမိုင် များစွာ ကွာဝေးသည်။ တောင်အမေရိကတိုက် မှ ငှက်ပျောသီး အများအပြားတင်သွင်းသည့် အခါ ဖိလစ်ပိုင်မှ တင်သွင်းနေမှုကို လျှော့ချလာ သည်ကို တွေ့ရသည်။
.
မြန်မာနိုင်ငံသည် ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလေးဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်ရေး သ ဘောတူညီချက်များကို လုပ်ထားသည်ကို တွေ့ ရသည်။ နယ်စပ်ကုန်သွယ်ရေး စခန်း ဆယ့် ခြောက်ခုရှိပြီး မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက် တီးတို့မှာ ယူနန်မြန်မာကုန်သွယ်ရေး စခန်းများ ဖြစ်သည်။ မြန်မာဘက်မှ စိုက်ပျိုးရေး လယ် ယာထွက်ကုန်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ ကို ယူနန်ပြည်သို့ တင်ပို့သည်။ တန်ဖိုးမြှင့်ထား သည့် ကုန်ပစ္စည်းမထုတ်လုပ်နိုင်သည့် အတွက် နိုင်ငံခြား ကုန်သွယ်ရေး လုပ်ငန်းတွင် မြန်မာ ဘက်မှ အမြဲတမ်းလိုငွေ ပြနေပါသည်။ တရုတ် မြန်မာစီးပွားရေး စင်္ကြန်တည်ဆောက်ရန် တ ရုတ်ဘက်မှ အကြံပေးထားသည်။ ယူနန်၊မန္တ လေး၊ ရန်ကုန်၊ ကျောက်ဖြူ ပါဝင်သည့် စီးပွား ရေး စင်္ကြန်ဖြစ်သောကြောင့် ယူနန်ပြည်နယ်၏ ပင်လယ်ထွက်ပေါက် ဖြစ်ပါသည်။ မြန်မာခေါင်း ဆောင်ပိုင်းကလည်း စိတ်ဝင်စားသည်ဟု ဆို နိုင်သည်။ လွန်ခဲ့သော ဇွန်လအတွင်း ကျင်းပ သည့် ကူမင်းကုန်စည်ပြပွဲတွင် ကမ္ဘာအရပ်ရပ်မှ ကုမ္ပဏီများ၏ ပြခန်းရှစ်ထောင့်ငါးရာတွင် တ ရုတ်ကုမ္ပဏီမှ ခြောက်ဆယ်ရာခိုင်နှုန်း နိုင်ငံခြား ကုမ္ပဏီက လေးဆယ်ရာခိုင်နှုန်းပါဝင်သည်။
.
တိုးတက်ဖွံ့ဖြိုးမှု နည်းပါးသည့် ပြည်နယ် များထဲတွင် ယူနန်ပါဝင်နေသော်လည်း တရုတ် ပိုးလမ်းကြောင်း စီမံကိန်းတွင် အဓိကကျခြင်း ကြောင့် ယူနန်ပြည်နယ်၏ စီးပွားရေးအား ကောင်းလာစေရန် လုပ်ဆောင်ရန် ရည်ရွယ် ထားသည်။ တရုတ်ပြည်၏ ကျေးလက်ဆင်းရဲ သားဦးရေ သန်းနှစ်ရာရှိရာမှ လွန်ခဲ့သည့် ငါး နှစ်အတွင်း သန်းသုံးဆယ်အထိ လျော့ကျသွား သည်ကို တွေ့ရသည်။ ဆင်းရဲမှု နည်းပါးရေးကို တရုတ်အစိုးရ ဦးစားပေးလာခြင်းကြောင့် ယူနန်နှင့် ပတ်ဝန်းကျင်ဒေသများတွင် အကျိုး သက်ရောက်ပြီး ရင်းနှီးမြှုပ်နှံမှု တိုးပွားလာစေ နိုင်သည်။ ယူနန်သား တရုတ်လူမျိုးများ ငွေရင်း စိုက်ထုတ်ပြီး ကချင်လူမျိုးပိုင်အဖြစ်အမည်ခံ လုပ်ကိုင်နေသည့် ခြံလုပ်ငန်းများလည်း ရှိသည်။ ယူနန်ပြည်နယ်တွင် ကချင်မျိုးနွယ်နှစ်သိန်း ကျော် ရှိခြင်းကြောင့် ယခုလို အလွယ်တကူပုံ မှားရိုက်နိုင်သည်ဟု ဆိုသည်။ ယခင်ကာလများ ကလည်း ဆင်းရွှေလီ တရုတ်စပါးကို နယ်စပ် ဒေသများတွင် တရုတ်ကုမ္ပဏီများက စိုက်ပျိုး ဖူးသည်ကို တွေ့ရသည်။ ယူနန်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးတွင် မြန်မာက အဖြည့်ခံသဘော နှင့် ပါဝင်လာရသည်ကို အခွင့်ကောင်းယူပြီး မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းကို တိုးတက်အောင် အားထုတ်သင့်သည်ဟု ယူဆသူများ အများအ ပြား ရှိလာသည်။
.
ကုန်သွယ်ရေး ကြားခံစခန်းများ ထားရှိမှု ကြောင့် နယ်စပ်တွင် ကြားပွဲစား စနစ်များထွန်း ကားလာသည်။ ကြားပွဲစား စနစ်ကြောင့် မြန် မာ့ဖရဲသီးနှင့် သခွားမွှေးသီး အများအပြားကိုတ ရုတ်ပြည်သို့ တင်ပို့နိုင်ခဲ့သည်။ တရုတ်ပြည်တွင် လည်းဖရဲသီးအများအပြား စိုက်ပျိုးသော်လည်း အောက်တိုဘာလတွင် ဖရဲသီးရာသီကုန်ဆုံးပါ သည်။ တရုတ်ပြည်တွင် ဖရဲသီးတုံးချိန်တွင် မြန်မာပြည်မှ ဖရဲသီးများမှာ စားသုံးရန်အရွယ် ရောက်လာခြင်းကြောင့် မြန်မာ့ဖရဲသီးသည် နို ဝင်ဘာလမှ မေလအထိ တရုတ်ဈေးကွက်တွင် ရောင်းကောင်းနေပါသည်။ ဤအချိန်တွင် တ ရုတ်ပြည်၌ စားသုံးသည့် ဖရဲသီး ရှစ်ဆယ်ရာ ခိုင်နှုန်းကို မြန်မာပြည်မှ တင်သွင်းနေရခြင်း ဖြစ် သည်။ တရုတ်ပြည်တွင် ဖရဲသီးလုပ်သားတစ်ဦး ကို တစ်နေ့ ယွမ်ငွေ နှစ်ရာအထိ ပေးရသော် လည်း မြန်မာပြည်တွင် ယွမ်နှစ်ဆယ်လောက် သာ ပေးရသည်ဟု ဆိုသည်။ မြေငှားခမှာလည်း တရုတ်ပြည်က ငါးဆလောက် ပိုများနေသည် ဟု ဆိုသည်။ ဖရဲတုံးချိန်တွင် တရုတ်ပြည်တွင် စိုက်ပျိုးပါက မှန်ဂိုဒေါင်ကြီးများအတွင်း ထည့် သွင်းစိုက်ပျိုးရခြင်းကြောင့် စားရိတ်အကုန်အ ကျ အလွန်များသည်ဟု ဆိုသည်။ မြန်မာပြည် တွင် ဖရဲသီး စိုက်ပျိုးသည့် စားရိတ်စကသည် တရုတ်ပြည်ထက်များစွာ သက်သာသည်ဟု ဆို သည်။ ထိုင်ဝမ်ကျွန်းမှ ဖရဲသီးများသည် မြန် မာပြည်နှင့် ရာသီဥတုခြင်း တူသော်လည်း ဈေး နှုန်း၊ အရသာတို့တွင် မြန်မာ့ဖရဲသီးကိုမယှဉ် နိုင်ဟု ဆိုကြသည်။ ထို့ကြောင့်ပင် တရုတ်ပြည် သို့ ဖရဲသီးတင်ပို့ခြင်းသည် သယံဇာတ တင် ပို့ခြင်းထက် မြန်မာအတွက် ပိုပြီးတွက်ချေကိုက် သည်ဟု ဆိုနိုင်သည်။
.
ကျေးလက်လူနေမှု အခြေအနေ ပြောင်းလဲ လာခြင်းကြောင့် စိုက်ပျိုးမြေအပေါ် မှီခိုမှုလျော့ နည်းလာခြင်းတို့ကြောင့် ရိက္ခာနှင့် အာဟာရ တည်ငြိမ်မှုကို အားနည်းစေပါသည်။ စိုက်ပျိုး မြေပြဿနာများကို လေ့လာဆန်းစစ်ရန် ကျေး လက်လူနေမှု အခြေအနေကို စစ်တမ်းကောက် ယူခဲ့သည်။ တစ်ပြည်လုံးကို စစ်တမ်းကောက်ယူ ရန် မလွယ်ကူသည့်အတွက် အပူပိုင်းဇုံဖြစ်သည့် မကွေးတိုင်း၊ မြေသြဇာကောင်းသည့် ဧရာဝတီ တိုင်းနှင့် တောင်ပေါ်ဒေသအတွက် ချင်းပြည် နယ်တို့တွင် သုတေသန လုပ်ပါသည်။ မကွေး တိုင်းတွင် ရေစကြိုနှင့် ပခုက္ကူ၊ ဧရာဝတီတိုင်း တွင် ကျိုက်လပ်နှင့် မအူပင်၊ ချင်းပြည်နယ်တွင် မင်းတပ်နှင့် ကန်ပက်လပ်မြို့နယ်တို့တွင် ဖြစ် သည်။ မြို့နယ်တစ်နယ်တွင် ရွာနှစ်ဆယ်၊ ရွာ တစ်ရွာတွင် အိမ်ထောင်စု သုံးဆယ်ကို စာရင်း ကောက်ခြင်းကြောင့် အိမ်ထောင်စုသုံးထောင့် ခြောက်ရာကို စာရင်းကောက်ပြီး စစ်တမ်းထုတ် ထားသည်ဟု ဆိုသည်။ လူနေမှု အခြေအနေနှင့် ပတ်သက်ပြီး ယခင်အစိုးရလက်ထက်က စစ် တမ်းငါးခါမက အဖွဲ့အစည်းအမျိုးမျိုးက ကောက်ခံခဲ့ထုတ်ပြန်ခဲ့သည်။ ယခုစစ်တမ်းမှာ မြို့နယ်အဆင့်ကို အသေအချာ လေ့လာခြင်းဖြစ် သည်ဟု ဆိုသည်။ ကျေးရွာတစ်ရာ့နှစ်ဆယ်မှာ အိမ်ထောင်စု သုံးထောင်ကျော်၊ လူဦးရေ ငါး ထောင်ကျော်ကို တွေ့ဆုံမေးမြန်းပြီး စာရင်း ကောက်ယူခဲ့သည်။ ချင်း မိသားစုတွင် ကလေး ဦးရေများခြင်းကြောင့် မိသားစုဝင် ငါးဦးရှိပြီး မ ကွေးနှင့် ဧရာဝတီတွင် မိသားစုဝင်လေးယောက် ရှိသည်။ အိမ်သုံးပစ္စည်း မရှိကြသည့်သူများပြီး မကွေးတိုင်းတွင်သာ စားပွဲအိမ်ရာ ရှိသူများ သည်။ တီဗွီရှိသူ လေးဆယ်ရာခိုင်နှုန်းရှိသည်။ ချင်းပြည်နယ်တွင် ဆယ်ရာခိုင်နှုန်းလောက်သာ တီဗွီရှိကြသည်။ ဘတ်ထရီနှင့် နေရောင်ခြည် စွမ်းအင်ကို အသုံးများကြသည်။ မကွေးနှင့် ဧ ရာဝတီတိုင်းသည် နွေရာသီတွင် ပူသော်လည်း ပန်ကာနှင့် လေအေးပေးစက်ကို သုံးသူနည်းပါး သည်။ လျှပ်စစ်ပစ္စည်းများ သုံးနိုင်သည့် အခြေ အနေမရှိသည်ကိုလည်း တွေ့ရသည်။ ချင်းပြည် နယ်သည် လျှပ်စစ်ဓာတ်အားမသုံးနိုင်သူ အ များစု ဖြစ်နေသည်။ ကျေးရွာ၏ ၁ ရာခိုင်နှုန်း သာ အစိုးရလျှပ်စစ်ဓာတ်အားလိုင်းကို သုံးစွဲနိုင် သည်ဟု ဧရာဝတီတိုင်းသား တစ်ဦးက ဆို သည်။ အများစုသည် ပုဂ္ဂလိက ဓာတ်အားပေး သူနှင့် ဒေသဆိုင်ရာ စီမံကိန်းများကိုသာ အား ကိုးရသည်ဟု ဆိုသော် လက်ကိုင်ဖုန်း သုံးစွဲသူ မကွေးတိုင်းတွင် ရှစ်ဆယ်ရာခိုင်နှုန်း၊ ဧရာဝတီ တိုင်းတွင် ခုနှစ်ဆယ် ရာခိုင်နှုန်း၊ ချင်းပြည်နယ် တွင် လေးဆယ်ရာခိုင်နှုန်းရှိသည်။ ရာသီအ လိုက် အိမ်ပုံစံမှာလည်း မတူညီပါ။ ချင်းပြည် နယ်သစ်သား၊ ထရံကာ မကွေးတိုင်းတွင် သွပ် မိုးထရံကာ၊ ဧရာဝတီတွင် ပုံစံအမျိုးမျိုး ရှိ သည်။
.
မော်တော်ဆိုင်ကယ် သုံးသူမှာ ချင်းပြည် နယ်နှင့် မကွေးတိုင်းတွင် သုံးဆယ်ရာခိုင်နှုန်း ရှိပြီး စာရင်းကောက်ခဲ့သည့် ရွာများတွင် မော် တော်ကားပိုင်သူ မရှိဟု ဆိုသည်။ ရေကို အ မျိုးမျိုး သွယ်ယူကြသော်လည်း သုံးစွဲသည့်အ ခါ ရေကိုစစ်ယူရန်သာ သိသည်။ ကြိုချက် သောက်သူမှာ မကွေးနှင့် ဧရာဝတီတွင် ဆယ် ရာခိုင်နှုန်းသာ ရှိပြီး ချင်းပြည်နယ်တွင် ကိုး ဆယ်ရာခိုင်နှုန်းသာ ကြိုချက်သောက်သည်။ ရေလောင်းအိမ်သာကို သုံးစွဲမှုမှာ မြို့များတွင် သာ ရှိပြိး ကျန်ဒေသများတွင် တွင်းအိမ်သာများ အဆင့်သာ ရှိသေးသည်။ တံစဉ်၊ ထွန်၊ ထယ် စသည့် လယ်ယာကုန်ထုတ် ကိရိယာများ ရှား ပါးသည်။ သို့သော် ဧရာဝတီတိုင်းတွင် စက်မှု လယ်ယာရှိပါသည်။ ယခင်အစိုးရ လက်ထက် က လယ်ယာမြေများမှာ လယ်ထွန်စက်သုံးသူ သုံးဆခန့် တိုးပွားလာသည်။ ထိုအခြေအနေတွင် ကျေးလက်မှ မြို့တက်ပြီး အလုပ်လုပ်သူလည်း တိုးပွားလာသည်။ ဇာတိမြေမှ ထွက်ခွာပြီး စီး ပွားရှာသူ လူဦးရေလည်း တိုးပွားလာသည်။ ချမ်းသာသည့် လယ်သမားလောက်သာ ဇာတိ မြေတွင် ကျန်ရစ်ပါသည်။ မြေယာမရှိသည့် အိမ်ထောင်စုများသည် ရိက္ခာအတွက် အမြဲတမ်း ပူပန်နေရသည်။ မြန်မာ့ကျေးလက်တွင် အ ပြောင်းအလဲ ဖြစ်နေခြင်းကို အမြဲဂရုပြုပြီးစောင့် ကြည့်ရန် လွတ်တော်တွင် တာဝန်ရှိပါသည်။ စောင့်ကြည့်ရုံ သာမက လိုအပ်သည့် နည်းပ ညာများ၊ စက်ကိရိယာ အကူအညီများ၊ လိုအပ် သည့် စိုက်ပျိုးရေး အရင်းအနှီးများအထိ ပါဝင် ကူညီပေးခြင်းဖြင့် ဆင်းရဲမှုတိုက်ဖျက်ရေး အစီ အစဉ် အောင်မြင်ပါလိမ့်မည်။
.
သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ဝင်ငွေ တိုးတက်မှုကို များစွာ အထောက်အပံ့ ပြုနေသည်ကို ဖရဲ၊ သခွားမွှေး စိုက်တောင်သူ များက သက်သေခံလျက်ရှိသည်ဟု ဆိုနိုင်ပါ သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats