မိုင်းတုံတွင် တောင်ကျချောင်းရေနှင့် ပါသွားသည့် ရေပေးဝေရေး ပိုက်များ ပြင်ဆင်ပြီးဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံတွင် တောင်ကျချောင်းရေနှင့် ပါသွားသည့် ရေပေးဝေရေး ပိုက်များ ပြင်ဆင်ပြီးဖြစ်



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်း ဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် အောက် တိုဘာလ ၂၃ ရက်မှ အောက်တိုဘာ လ ၂၅ ရက်ညအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် တောင်ကျ ချောင်းရေတွင် မျောပါသွားခဲ့သည့် ရေထွက်မှ ရေသွယ်ယူသည့် ရေပိုက် များ ပြန်လည်တပ်ဆင်ပြီးစီးပြီဖြစ်သဖြင့် ပုံမှန်အတိုင်း ရေပေးဝေမှုကို ဆောင်ရွက်ပေးနိုင်ပြီဖြစ်ကြောင်း သိ ရသည်။
.
.
''အားချင်းပြင်ဆင်မှု လုပ်တာ ရေကန်မှာလည်း ဒိုက်တွေကျပြီး ပိတ် ဆို့နေလို့ ရှင်းလင်းတာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ရဖို့ အခက်အခဲကြောင့် ကြန့်ကြာနေရတာ ခုညနေမှ ပြီးပါ တယ်၊ လူထုကို ပုံမှန်အတိုင်း ရေ ဖြန့်ဝေပေးနိုင်ပါပြီ''ဟု မိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိ ဦးမြင့်နိုင်ဦးက ပြောသည်။
.
မိုင်းတုံမြို့သို့ ဟွေခန်ချောင်းရှိ သဘာဝရေထွက်မှ ရေသွယ်ယူ၍ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် မြို့မ၊ နောင်ပါရင်၊ ဝမ်မိုင်များရှိ ရေရယူသုံး စွဲသည့် ရေမီတာ ၁၈ဝ ခုမှ လူဦးရေ ၅ဝဝဝ ကျော်အတွက် တစ်ရက်လျှင် ရေစုကန်တွင် ဂါလံ ၆၂၅ဝဝ စု ဆောင်းပြီး ဖြန့်ဝေပေးလျက်ရှိရာ မိုး သည်းထန်စွာ ရွာသွန်း၍ တောင်ကျ ချောင်းရေ ပြင်းထန်မှုကြောင့် ချောင်း ရေ ရယူသွယ်တန်းထားသည့် ဏဠဃ  ပိုက်များ ရေစီးနှင့်အတူ မျော ပါခဲ့သဖြင့် အမြန်ပြန်လည်တပ်ဆင် နိုင်ခဲ့ခြင်းနှင့် ရေကန်ရှင်းလင်းနိုင် သည့်အတွက် ရက်ပိုင်းအတွင်း မြို့လူ ထုအတွက် မရှိမဖြစ်လိုအပ်သည့် သုံးရေများအား ပြန်လည်ဖြန့်ဖြူး ပေးနိုင်ပြီဖြစ်ကြောင်း ၄င်းက ဆက် လက်ပြောကြားခဲ့သည်။
.
မိုင်းတုံမြို့ဝန်းကျင်တွင် တောင် ကျချောင်းများအဖြစ် နားညု၊ နမ့်တုံ၊ ဟွေခန်ချောင်းများ စီးဆင်းလျက် ရှိရာတွင် နားညုချောင်းအနေဖြင့် ကိုယ်ထူကိုယ်ထ ရေအားလျှပ်စစ်နှင့် ချောင်းရေသွင်း လယ်များအတွက် လည်းကောင်း၊ နမ့်တုံချောင်းအနေ ဖြင့် မြို့မ၊ အုန်းတော၊ ဝမ်နား၊ ဝမ် မိုင်၊ ဖာချယ်၊ ဟောင်လီကွင်းများရှိ လယ်များသို့ ရေသွင်းခြင်းဖြင့်လည်း ကောင်း၊ ဟွေခန်ချောင်းအနေဖြင့် မြို့ပေါ် လူထုသုံးစွဲရန်အတွက် ရေ လိုအပ်ချက်ကို အထက်ဟွေခန်မှ ရေ ထွက်မှ မြို့မကွက်သစ်၊ အလယ်ရေ ထွက်မှ မြို့မ၊ နောင်ပါရင်နှင့်ဝမ်မိုင် ရပ်ကွက်များနှင့် အောက်ရေထွက်မှ နောင်ပါ ရင်ကွက်သစ်များသို့လည်း ကောင်း အသီးသီးရေသွယ်ယူသုံးစွဲ လျက်ရှိရာ တောင်ကျချောင်းများဖြစ် သဖြင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပါက ရေထွက် မြောင်းများ၊ ရေစုကန်များ ပျက်စီး ရသလို လယ်များနုံးတင်ရေလွှမ်း၊ ရေအားလျှပ်စစ် ရေသွယ်မြောင်း ပြိုကျပျက်စီးမှုများ နှစ်စဉ်လိုလိုကြုံ တွေ့နေရကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats