ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင် ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းရှိ
မိုင်းသောက်ကျေးရွာအုပ်စု၌ ဗိုလ် ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သားဖြစ်သူ ဦးထွန်းနိုင်ရွှေ
ပိုင်ဆိုင် သော Myanmar Naing Group ကုမ္ပဏီမှ ဟိုတယ် တည်ဆောက်မည့် ကိစ္စနှင့် ပတ်သက်၍
ဒေသခံပြည်သူ များက စုပေါင်း လက်မှတ်ထိုး၍ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ
ကန့်ကွက် စာများ ပေးပို့ခဲ့ပြီးနောက် အဆိုပါ နေရာတွင် ဟိုတယ် တည်ဆောက် တော့မည် မဟုတ်ကြောင်း
ညောင် ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထံမှ သိရသည်။
.
.
''ဒေသခံပြည်သူ ၂၅ဝဝ ကျော် လက်မှတ်ထိုးပြီးတော့ နိုင်ငံတော် သမ္မတနဲ့
အတိုင်ပင်ခံပုဂ္ဂိုလ် အပါအ ဝင် ဌာနပေါင်းစုံကို ကန့်ကွက်စာပို့ ထားတာပါ။ အခုက ကန့်ကွက်စာ
သမ္မတနားကို ရောက်သွားတဲ့အတွက် သမ္မတက အချိန်နဲ့တစ်ပြေးညီ စစ် ဆေးဖို့ ရှမ်းပြည်နယ်အစိုးရကို
ပြန် တာဝန်ပေးတယ်။ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်တွေနဲ့ တခြား ဌာနဆိုင်ရာတွေ အောက်တိုဘာလ
၅ ရက်က လာစစ်ပါတယ်။ ပြည် သူတွေ ကန့်ကွက်ရတာက ဟိုတယ်မ ဆောက်ဖို့နဲ့ မြေလွတ်မြေရိုင်းကို
သ ဘာဝနယ်မြေအဖြစ် ပြန်သတ်မှတ် ပေးဖို့ တောင်းဆိုတာပါ။ ဒါပေမဲ့ ရှမ်း ပြည်နယ်အစိုးရနဲ့
တာဝန်ရှိသူတွေက ဟိုတယ်မဆောက်ဖို့ဘဲ ဦးတည်နေ တယ်။ ကုမ္ပဏီဘက်ကလည်းဟိုတယ် မဆောက်တော့ဘူးလို့
လွန်ခဲ့တဲ့ ၃ ပတ်လောက်ကတည်းက ပြောထား ပါတယ်။ ဟိုတယ်ခရီးဝန်ကြီးဌာန ကလည်း ဟိုတယ်ဆောက်ခွင့်မတင်
ထားပါဘူးလို့ ပြောပါတယ်''ဟု ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးက
ကမ္ဘောဇ တိုင်းသို့ ပြောကြားခဲ့သည်။
အဆိုပါမြေနေရာအား လွှတ် တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင် ရာ တာဝရန်ရှိသူများ
ပါဝင်သော ကွင်း ဆင်းစစ်ဆေးရေးအဖွဲ့မှ အောက် တိုဘာလ ၅ ရက်တွင် ကွင်းဆင်းစစ် ဆေးခဲ့ပြီးနောက်
ဟိုတယ်ဆောက် လုပ်တော့မည်မဟုတ်သော်လည်း သဘာဝနယ်မြေအဖြစ် ပြန်လည် သတ်မှတ်ပေးရန် တောင်းဆိုမှုအား
ရရှိခဲ့ခြင်း မရှိသည့်အတွက် ¤င်းအနေ ဖြင့် လက်မှတ်ရေးထိုးမည်မဟုတ် ကြောင်း ဦးနေမျိုးက
ဆက်လက်ပြော ကြားခဲ့သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင် ရွှေမြို့နယ်၊ အင်းလေးကန်ဒေသအ တွင်းရှိ
မိုင်သောက်ကျေးရွာအုပ်စု သကြားစက်ကွင်းအတွင်း ကွင်းအ မှတ်(၃၇)၊ မြေဧက(၉ဝ)တွင် ဦးထွန်း
နိုင်ရွှေ၏ ပြညောမေ ငြေညွါမသကစ ကုမ္ပဏီက ဟိုတယ်တည်ဆောက်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်
ခွင့်အသုံးပြုခွင့်ရရှိရေး လျှောက်ထား ခဲ့သည့်အတွက် အင်းလေးဒေသခံ ပြည်သူများက ဟိုတယ်ဆောက်လုပ်
ခြင်းကိုတားမြစ်ပေးရန်နှင့် ယင်းဧရိ ယာကို ဘေးမဲ့တောအဖြစ် ပြန်လည် သတ်မှတ်ပေးရန် အမျိုးသားလွှတ်
တော်မှတစ်ဆင့် တောင်းဆိုခဲ့ခြင်းဖြစ် သည်။
.
ယင်းတောင်းဆိုချက်နှင့် ပတ် သက်၍ မြေဧက ၉ဝ ကို ဘေးမဲ့တော အဖြစ်
ပြန်လည်သတ်မှတ်နိုင်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရ
အဖွဲ့ကိုတင်ပြ ကာ သက်ဆိုင်ရာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီနှင့်ဒေသခံများ၏
ထောက်ခံချက်ဖြင့် ပြန်လည်ဆောင် ရွက်မည်ဆိုပါက သင့်လျော်မည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အမျိုး သားလွှတ်တော်သို့
အစီရင်ခံတင်ပြခဲ့ ကြောင်း သိရသည်။
.
အထက်ပါမြေဧက ၉ဝ ပေါ်၌ Myanmar Naing Group ကုမ္ပဏီ က ဟိုတယ်ဆောက်လုပ်ရန် နအဖအ စိုးရမှ အရပ်သားအစိုးရသို့ အာဏာ မလွှဲမီ ၂ဝ၁၁
မတ်လ ၁ဝ ရက်တွင် ယင်းဧရိယာကို ဘေးမဲ့တောအဖြစ် ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
.
ဘေးမဲ့တောအဖြစ်မှ ပယ်ဖျက်ခဲ့ သည့် မြေဧက ၉ဝ တွင် လက်ရှိ၌ ဟို တယ်လုပ်ငန်း ဆောင်ရွက်နိုင်ခြင်းမ ရှိသေးဘဲ
မည်သည့်အဆောက်အ အုံမှ ဆောက်လုပ်ထားခြင်းမရှိသေး ကြောင်းနှင့် ဟိုတယ်ဆောက်လုပ်ရန် မြေလွတ်၊
မြေလပ်နှင့် မြေရိုင်းလုပ် ပိုင်ခွင့် အသုံးပြုခွင့် ဆောင်ရွက်နေ စဉ် ဒေသခံပြည်သူများက
ကန့်ကွက် ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
.
အဆိုပါမြေဧက ၉ဝ ကို အင်းလေး ကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အဖြစ်
ပြန်လည်သတ်မှတ်မည်ဆိုပါ က အင်းလေးကန်ရေရှည်တည်တံ့ စေရေး၊ ဂေဟစနစ်နှင့်ဇီဝမျိုးစုံမျိုး
ကွဲဆိုင်ရာထိန်းသိမ်းရေး လုပ်ငန်း များ၊ အင်းလေးကန် ဇီဝအဝန်းအဝိုင်း နယ်မြေဆိုင်ရာ
လုပ်ငန်းစဉ်များကို ကောင်အထည်ဖော်နိုင်ရေးတို့အ တွက် များစွာ အထောက်အကူပြု နိုင်မည်ဖြစ်ပြီး
ဒေသခံပြည်သူ များမှ ထိန်းသိမ်းရေး လုပ်ငန်းများ တွင် ပိုမို ပူးပေါင်းပါဝင်ဆောင်ရွက်လာ
နိုင်ကြောင်း သယံဇာတနှင့် သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၏ အမျိုးသားလွှတ်တော်သို့
စက်တင်ဘာ ၈ ရက်က ပေးပို့ခဲ့သည့် အစီရင်ခံစာ၌ ဖော်ပြပါရှိသည်။
.
.
.
#KBZTai #Shan