ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်း သီတင်းကျွတ်ကာ
လမှ ခရစ်နှစ်သစ်ကူးချိန်အထိ မြို့မ ဈေးကြီးနှင့် ဈေးငယ်များ၊ ရပ်ရွာအ တွင်းရှိ ဈေးဆိုင်များတွင်
အသံကျယ် လောင်စွာ ပေါက်ကွဲစေတတ်သည့် ဗျောက်အိုးများ ရောင်းချခြင်းမပြုရန် ဒေသန္တရအမိန့်ကို
အောက်တိုဘာလ ၃ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုး၍ ထုတ်ပြန်ခဲ့သည် ဟု
သိရသည်။
.
.
ကျိုင်းတုံမြို့နယ်အတွင်း သီ တင်းကျွတ်အကြိုကာလ အောက်တို ဘာလဆန်းမှ
စတင်၍ အသံဆူညံ စွာ ပေါက်ကွဲစေတတ်သည့် ဗျောက် အိုးဖောက်သံများကို စတင်ကြားနေ ရပြီး အနီးပတ်ဝန်းကျင်
နေထိုင်သူ များနှင့် ယာဉ်မောင်းနှင်သူများအ တွက် အထိတ်တလန့် ဖြစ်ပေါ်စေ၍ မလိုလားအပ်သည့်
မတော်တဆ ထိ ခိုက်မှုမျိုး မဖြစ်ပေါ်စေရန်အတွက် ယင်းကဲ့သို့ ဒေသန္တရအမိန့်ကို ထုတ် ပြန်ခဲ့ခြင်း
ဖြစ်သည်ဟု ကျိုင်းတုံမြို့ နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
''အဓိက အနေနဲ့ ရောင်းချတဲ့ ဆိုင်တွေ မရှိရင် ဝယ်ဖောက်တဲ့သူ မရှိနိုင်ပါဘူး။
ဒါကြောင့် ဈေးဆိုင်အား လုံးမှာ အသံဆူညံ ပေါက်ကွဲစေ တတ်တဲ့ ဗျောက်အိုးတွေကို မရောင်း
ချကြဖို့ ဒေသန္တရအမိန့် ထုတ်ပြန်ပေး တာ ဖြစ်ပါတယ်''ဟု ကျိုင်းတုံမြို့ နယ်အုပ်ချုပ်ရေးမှူး
ဦးတင်မြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ထုတ်ပြန်ကြေညာချက် အား ကျိုင်းတုံမြို့နယ်အတွင်းရှိ မြန်
မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင် သာယာရေးကော်မတီ၊ မီးသတ်တပ် ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု
အုပ် ချုပ်ရေးမှူးများသို့ ဖြန့်ဝေပေးသွား မည်ဖြစ်ပြီး ဈေးဆိုင်များသို့ ပူးပေါင်း
အဖွဲ့ဖြင့် ရှောင်တခင် ဝင်ရောက်စစ် ဆေးခြင်းများ ပြုလုပ်ကာ ရောင်းချ နေမှုအား စစ်ဆေးတွေ့ရှိရပါက
တည် ဆဲ ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရသည်။
.
ယင်းကဲ့သို့ ဗျောက်အိုးရောင်းချ ခြင်းအား တားမြစ်မှုနှင့် ပတ်သက်
၍ ကျိုင်းတုံမြို့နေ ဒေသခံ ဦးစိုင်းတွီ က ''တရုတ်ငွေ လဲလှယ်ဈေးနှုန်း တက်နေချိန်မှာ
တရုတ်က သွင်းတဲ့ ဗျောက်အိုးတွေကို ဝယ်ပြီး ငွေဖြုန်း တီးရာ ရောက်သလို ပတ်ဝန်းကျင် မှာလည်း
နားမခံသာပါဘူး။ ကျန်းမာ ရေး မကောင်းသူတွေနဲ့ သက်ကြီး ရွယ်အိုတွေအတွက် အထိတ်တလန့် ဖြစ်စေပါတယ်''ဟု
¤င်း၏ အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်တွင် တိုင်းရင်း သား လူမျိုးပေါင်းစုံ မှီတင်းနေထိုင်
လျက်ရှိပြီး နှစ်စဉ် အောက်တိုဘာလ သီတင်းကျွတ်ချိန်မှ စတင်၍ နှစ်သစ် ကူးပွဲတော်များကို
ကျင်းပပြုလုပ်လေ့ ရှိကာ တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပပြီးစီးချိန်အထိ ပျော်ပွဲရွှင်ပွဲများ
ပြုလုပ်ရာတွင် မီးရှူး၊ မီးပန်းများ ပစ် လွှတ်ခြင်း၊ ဗျောက်အိုးများ ပစ်ဖောက် ခြင်းတို့ကို
ပြုလုပ်သောရိုးရာ ဓလေ့ များ ရှိသော်လည်း အသံဆူညံပေါက် ကွဲ ပြင်းထန်သည့် ဗျောက်အိုးဖောက်
ခြင်းသည် ပတ်ဝန်းကျင်ကို အထိတ် တလန့် ဖြစ်စေကြောင်း သိရသည်။
.
.
.
#KBZTai #Shan