အထည်ချုပ်လုပ်ငန်း ဝင်ငွေနှင့် ရွှေ့ပြောင်းအလုပ်သမား ဝင်ငွေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, October 21, 2018

အထည်ချုပ်လုပ်ငန်း ဝင်ငွေနှင့် ရွှေ့ပြောင်းအလုပ်သမား ဝင်ငွေ



ကျော်ကျော်လင်း (ရှမ်းပြည်)
.
Photo - MOI
.
အာဆီယံဒေသအတွင်း ရွှေ့ပြောင်းအလုပ် သမားအရေအတွက် ၆ ဒသမ ၅ သန်းခန့်ရှိပြီး မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သည် ဒေသအတွင်း အဓိက ရွှေ့ပြောင်းသွားလာကြသည့် နေရာများ ဖြစ်ကြ သည်။ ၁၉၉၅ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် ကာလအတွင်း ဒေသအတွင်း၌ ရွှေ့ပြောင်း သွားလာခြင်းသည် သိသိသာသာမြင့်မားလာခဲ့ သည်ဟု ဆိုသည်။ ထို့ကြောင့်ပင် ရွှေ့ပြောင်း အလုပ်သမားများတွင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုး တက်ရန်မှာ အဓိကလိုအပ်ချက် ဖြစ်လာသည်။ ¤င်းကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်လာရန် သက် ဆိုင်ရာဝန်ကြီး ဌာနများသာမက ပုဂ္ဂလိက အခန်း ကဏ္ဍနှင့် ပြည်သူလူထုကိုယ်တိုင် ပူးပေါင်း ပါဝင်ဆောင်ရွက်မှုသည် အလွန်အဓိက ကျပါ သည်။ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အရေးကိစ္စသည်လည်း အလွန်အရေးပါသည်ကို သတိပြုရမည်။ ရွှေ့ပြောင်းသွားလာမှုကြောင့် အထိခိုက်အခံရဆုံးသူမှာ အမျိုးသမီးများနှင့် ကလေးများ ဖြစ်သည်။ ဤအချက်ကို ဥပဒေများ ရေးဆွဲရာတွင် လည်းကောင်း၊ စီမံချက်များ ဆောင်ရွက်ရာတွင်လည်းကောင်း၊ အဓိထား ထည့်သွင်းစဉ်းစားရန် လိုပေသည်။ ဘေးကင်းလုံခြုံပြီး စနစ်ကျသည့် တရားဝင်ရွှေ့ပြောင်း သွားလာခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ သဘော တူညီချက်တစ်ရပ်ကို ချမှတ်လုပ်ဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ မည်သည့်အတိုင်းအတာသို့ ခရီးပေါက်နေ သည်ကို အတိအကျ မဆိုနိုင် သေးပါ။ ဖွံ့ဖြိုးဆဲ နိုင်ငံအများအပြားမှ ရွှေ့ ပြောင်းအလုပ်သမား၏ မိသားစုလွဲပို့ငွေ သည် နိုင်ငံတစ်နိုင်ငံ၏ ဂျီဒီပီအတွက် အရေးပါသည့် အရင်းအမြစ်များ ဖြစ်လာသည်။ ထို့ကြောင့် မိ သားစု လွှဲပို့ငွေကို လုံခြုံစိတ်ချရသည့် လမ်း ကြောင်းမှ လျင်မြန်ချောမွေ့စွာ လွှဲပြောင်းပေး နိုင်ရေးသည် အရေးပါသည့် အချက်တစ်ရပ် ဖြစ်သည်။
.
ရွှေ့ပြောင်းအလုပ်သမားများသည် မူရင်း နိုင်ငံနှင့် လက်ခံနိုင်ငံ နှစ်နိုင်ငံလုံးအတွက် စီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသူများဖြစ်သည်။ လုံခြုံ စိတ်ချစွာ ရွှေ့ပြောင်းအတွက် စီးပွားဖွံ့ဖြိုးတိုးတက် ရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုသူများ ဖြစ်သည်။ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာရေး၊ ၄င်းတို့၏ အခွင့်အရေး များ အပြည့်အဝ ခံစားခွင့်ရရှိရေး၊ အကာအ ကွယ်ပေးရေးနှင့် ပြည့်စြုံ<ွကယ်ဝသည့် လူ့ဘောင် တစ်ရပ်တည်ဆောက်နိုင်ရေးတို့အတွက် သက် ဆိုင်ရာ နိုင်ငံများ၏ အစိုးရများတွင် တာဝန်ရှိပါ သည်။ ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေအတိုင်းလိုက်နာ ရန်နှင့် ဒေသခံလူထုကြီး၏ ဓလေ့ထုံးစံများကို လေးစားလိုက်နာခြင်းဖြင့် ဧည့်နိုင်ငံသားတစ် ယောက်အဖြစ် တာဝန်ကျေပါမည်။ သို့သော် မြန်မာအလုပ်သမားများသည် ထိုဒေသတွင်စိတ် ချလက်ချ အလုပ်လုပ်နိုင်သည့် အခြေအနေသို့ ရောက်နေပြီဟု မဆိုနိုင်သေးပါ။ မဆလခေတ် တလျှောက်လုံးတွင် ထိုင်းနိုင်ငံသို့ တဖြည်းဖြည်း ထွက်ခွာခဲ့ကြရာ နဝတခေတ်၊ နအဖခေတ်တွင် ထိုသို့ ထွက်ခွာအလုပ်လုပ်နေသည့် ရွှေ့ပြောင်း အလုပ်သမား ဦးရေသည် နှစ်သန်းမှ လေးသန်း အထိ ရှိနိုင်သည်ဟု ခန့်မှန်းချက်များ ရှိပါသည်။ နှစ်စဉ် မြန်မာပြည်သို့ သူတို့ပြန်ပို့သည့်ငွေမှာ ဒေါ်လာ သန်းလေးရာကျော်နိုင်သည်ဟု ၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာ့ဘဏ်မှ ခန့်မှန်းထားပါသည်။ မလေးရှားနိုင်ငံတွင် လုပ်သားဦးရေ ငါးသန်း၊ စင်္ကာပူတွင် တစ်သိန်းခွဲ၊ ဂျပန်နှင့် တောင်ကိုရီး ယားတွင် သောင်းနှင့်ချီပြီး ရှိနေသောကြောင့် နိုင်ငံခြားရောက် မြန်မာအလုပ်သမားများနှစ်စဉ် ပြန်ပို့ပေးသည့် ငွေပမာဏသည် နိုင်ငံခြားအစိုး ရများ၏ ထောက်ပံ့ပေးသည့် ငွေထက်များ နေသည်ကို တွေ့ရသည်။ အိန္ဒိယနှင့် တရုတ် ပြည်တွင် မြန်မာလုပ်သား မည်မျှရှိသည်ကို မ သိနိုင်သေးပါ။ ယခင်စစ်အစိုးရ လက်ထက်ကာ လများက ဘဏ်လုပ်ငန်း မဖွံ့ဖြိုးခြင်း၊ အစိုးရ ကို အယုံအကြည် မရှိခြင်းတို့ကြောင့် ကိုယ့် နည်းကိုယ့်ဟန်နှင့် ဟွန်ဒီငွေလွဲစနစ်ကို အသုံး ပြုပြီး ငွေလွဲကြခြင်း ဖြစ်သည်။ ယခု ကာလတွင် မြန်မာပုဂ္ဂလိက ဘဏ်အချို့သည်ထိုင်း၊ မလေး ရှားနှင့် စင်္ကာပူရှိ ဘဏ်အချို့နှင့် ချိတ်ဆက်လုပ် ဆောင်နေပါသည်။
.
ရွှေ့ပြောင်းအလုပ်သမား တစ်ယောက်သည် ထိုင်းနိုင်ငံအတွင်း ရောက်ရှိသွားသည်နှင့် ထိုင်းကုမ္ပဏီများ၏ လက်ခုပ်အတွင်းမှ ရေလိုဖြစ် သွားကာ အကာအကွယ် ကင်းမဲ့နေရသည်။ မကြာခဏလည်း ပြဿနာ ပေါ်တတ်သည်။ ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်း ကာလရောက်မှရွှေ့ ပြောင်းအလုပ်သမား တစ်ယောက်၏ နိုင်ငံကူး လက်မှတ်နှင့် အလုပ်လုပ်ခွင့်လက်မှတ်ကိုသိမ်း ယူထားသည့် အလုပ်ရှင်ကို ငွေဒဏ်၊ ထောင်ဒဏ် ချမှတ်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်ကြောင့် ပြောင်းရွှေ့လုပ် သားများ အနည်းငယ် လွတ်လပ်ခဲ့သည်။ ဒေါ် အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အပြီး နှစ်လအကြာတွင် ထွက်ပေါ်လာသည့် ကြေညာချက် ဖြစ်သည်။ ထိုင်းနိုင်ငံ၏ စီးပွားရေးကို များစွာ အကျိုးပေမယ့် မြန်မာအစိုးရအဆက် ဆက်၏ လျစ်လျူရှုအစဉ်အလာကြောင့် ရွှေ့ပြောင်းအလုပ်သမားများသည် အနှိမ်ခံဘဝသို့ ရောက်နေသည်မှာ ကာလအတော်ကြာခဲ့ပြီဟု ဆိုနိုင်သည်။ ဤအခြေအနေမှာ တဖြည်းဖြည်း ခြင်း ပြောင်းလဲလာမည်ဟု မျှော်လင့်ရပါသည်။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ မြန် မာပြည်သို့ ငွေပြန်ပို့သည့် အကြောင်းကို ဂျပန် လူမျိုး ပညာရှင်တစ်ဦးက မြန်မာရွှေ့ပြောင်းအ လုပ်သမား အကြောင်းထားသည့် စာတမ်းတွင် ဖော်ပြထားသည်။
.
ယခင်အစိုးရ ပြဌာန်းသည့် ဒေါ်လာပေါက် ဈေးနှင့် အပြင်ပေါက်ဈေး ကွာဟချက်မှာ ကြီးမားသောကြောင့် ဟွန်ဒီ စနစ်ဖြင့်သာ ငွေလွှဲကြ သည်။ ၂ဝ၁၂ နောက်ပိုင်းတွင် ငွေဖလှယ်သည့် စနစ်ပြောင်းလဲလာသည့်အတွက် ထိုင်း ဘဏ်နှင့် မြန်မာဘဏ်ကို လွှဲပြောင်းသည့် နည်းကို ကျင့် သုံးလာသည်ကို တွေ့ရသည်။ ငွေပို့လုပ်ငန်းကို လုပ်ကိုင်နေသည့် အဖွဲ့အစည်းများမှတဆင့်မြန် မာပြည်မှ ပုဂ္ဂလိက ဘဏ်သို့ငွေလွှဲသည့် နည်းကို သုံးလာသည် ကိုလည်း တွေ့ရသည်။ ဈေး နှုန်းမှာ ဘတ်ငွေတစ်သိန်းပို့လျှင် ပို့ခ ဘတ်နှစ် ရာခန့် ယူလေ့ရှိသည်။ သို့သော် ကြားပွဲစားကို အသုံးများသည်ကို တွေ့ရသည်။ ငွေလွဲပြောင်း ရန် တာဝန်ယူသည့် ကြားပွဲစားသည် ထိုင်းမှ ငွေပို့သည့် နေရာတွင်ရော မြန်မာပြည်မှ ငွေ ထုတ်သည့်နေရာများတွင်ပါ ဘဏ်လုပ်ငန်းကိုသာ အသုံးပြုကြ သည်ကို တွေ့ရသည်။ ဘဏ် ခွဲများ များပြားလာခြင်းကြောင့် ငွေပို့သည့် စနစ်လည်း ပုံစံပြောင်းသွားခြင်း ဖြစ်နိုင်သည်။ ထိုအချက်ကြောင့် ငွေပို့လုပ်ငန်းတွင် အပြိုင်အဆိုင်ဖြစ်လာနိုင်သည်။ ကောက်ယူထားသည့် ရွှေ့ပြောင်းလုပ်သားစစ်တမ်းအရ ပို့နည်းရွေးချယ်ပုံကို လေ့လာကြည့်သော် မြန်မာဘက်မှ ငွေထုတ်ရန် အဆင်ပြေမည့်နေရာကိုသာ ဦးစားပေး ရွေးချယ်သည်ကို တွေ့ရသည်။ ထို့ကြောင့် မြန်မာပြည်တွင် ဘဏ်ခွဲတွေ များလာလေလေ၊ ငွေပို့လုပ်ငန်းတွင်လည်း ပြိုင်ဆိုင်မှုများ များလေလေ ဖြစ်နေသည်ဟုသုံးသပ်ကြသည်။ ဘဏ်ငွေတွေ များလာသည့်အခါ ထိုင်းမြန်မာငွေ ပို့လုပ်ငန်းကို ဘဏ်တွေက လုပ်ဆောင်သွား မည်ဟု ဆိုသည်။
.
ရွှေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံတွင်စိတ် ချလက်ချ အလုပ်လုပ်နိုင်ရန် မြန်မာ့ဘဏ်လုပ်ငန်းကို ယုံကြည်အားကိုးလာရန် လိုပါသည်။ ထိုသို့ ယုံကြည်စိတ်ချမှု ရှိလာလျှင် ဘဏ်မှတဆင့် ငွေလွဲသည့် စနစ်ထွန်းကား လာနိုင်သည်။ မြန်မာဘဏ်များတွင်လည်း ဒေါ်လာများစုလာ နိုင်သည်။ မြန်မာပြည်သား ဆယ်ရာခိုင်နှုန်းသည် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ပြီး ငွေပြန်ပို့နေကြ သော်လည်း ကြားပွဲစားကိုသာ သုံးနေသည်ကို တွေ့ရသည်။ နိုင်ငံရပ်ခြားရောက် မြန်မာပြည် သားများ အားလုံးက ပြန်ပို့သည့် ငွေပမာဏ သည် တစ်နှစ်ကို ဒေါ်လာသန်း ငါးရာကျော်ရှိ မည်ဟု ခန့်မှန်းသည်။ ဤငွေသည် အစိုးရဘဏ် သို့ မရောက်သည့်အတွက် မြန်မာအစိုးရနစ်နာ ဆုံးရှုံးနေရသည်ဟု ဆိုနိုင်သည်။ နိုင်ငံခြားအ တွက် အလုပ်လုပ်သည့် ဘင်္ဂလားဒေ့ရှ်လုပ်သား ဦးရေနှင့် မြန်မာရွှေ့ပြောင်း လုပ်သားဦးရေသည် အတူတူလောက် ရှိပေမယ့် ပြန်ပို့သည့် ငွေများ ကို ပုံမှန်ဘဏ်လုပ်ငန်း မှတဆင့် လွဲပေးကြခြင်း ကြောင့် ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်တွင် နှစ်စဉ် ဒေါ်လာသန်း တစ်ထောင်ကျော် ဝင်ငွေရ ရှိသည်ဟု သိရသည်။ ရွှေ့ပြောင်းလုပ်သားအားလုံး မြန်မာ့ဘဏ်စနစ်ကို ယုံကြည်လာရန်မှာ အချိန် အတော်ကြာ ယူရပေမည်။ အနှစ်ငါးဆယ်လောက် အယုံအကြည်ကင်းခဲ့သည့် ဘဏ်လုပ်ငန်းကို ချက်ချင်းယုံကြည် စိတ်ချရန် ခက်ခဲပေမည်။ ရွှေ့ပြောင်းလုပ်သားသည် မြန်မာပြည်အတွက် အလွန်အရေးပါသည်ကို အစိုးရအဆက်ဆက် သဘောပေါက်လာရန် အလွန်အရေးကြီးပါသည်။
.
မြန်မာပြည်သည် လုပ်အားခ သက်သာသည်ဟု နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက ဆိုကြသည်။ ထို့ကြောင့်ပင် တရုတ်၊ အိန္ဒိယ၊ ထိုင်ဝမ်၊ ဂျပန်နှင့် ဥရောပနိုင်ငံများ၏ အထည်ချုပ် လုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီများ မြန်မာ ပြည်တွင် အထည်ချုပ်လုပ်ငန်းများ လာရောက်တည်ထောင်ကြခြင်းဖြစ်၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တွင် အနည်းဆုံးလုပ်ခမှာ တစ်လဒေါ်လာ တစ်ရာ့ငါးဆယ် ရှိသည်။ ထိုင်းနိုင်ငံတွင် တစ်လဒေါ်က နှစ်ရာ့ငါးဆယ် ရပါသည်။ မြန် မာအထည်ချုပ် လုပ်သားတစ်ဦး၏ ဝင်ငွေမှာ တစ်လဒေါ်လာ ခွန်နှစ်ဆယ်လောက်သာရှိပြီး ဘင်္ဂလားဒေ့ရှ်တွင် လေးဆယ်ငါးဒေါ်လာသာရသည်ဟု ဆိုသည်။ မြန်မာ့ပို့ကုန်၏ ဆယ်ရာ ခိုင်နှုန်းသည် အထည်ချုပ်လုပ်ငန်းမှ ရသည့်ဝင်ငွေ ဖြစ်သည်။ ၂ဝ၁၅ ခုနှစ်တွင် ဒေါ်လာသန်း နှစ်ထောင်ဖိုး နိုင်ငံခြားသို့ တင်ပို့နိုင်သော်လည်း အိမ်နီးချင်းနိုင်ငံများ၏ အထည်ချုပ်လုပ်ငန်းကိုမီရန် များစွာလိုပါသေးသည်။ ကမ္ဘောဒီးယား က ဒေါ်လာသန်းခြောက်ထောင်၊ ဗီယက်နမ်က သန်းသုံးသောင်းနီးပါး တင်ပို့ခဲ့သည်ကို ကြည့်လျှင် သိသာပါသည်။ ဗီယက်နမ်တွင် အထည်ချုပ်အလုပ်သမား နှစ်သန်းခွဲ စက်ရုံခြောက်ထောင်နီးပါး ရှိပါသည်။ လုပ်ငန်းရှင်များကို ဆွဲ ဆောင်ရန် လုပ်အားခနည်းရန် လိုသော်လည်း မြန်မာပြည်သည် ဘင်္ဂလားဒေ့ရှ်လို ပြဿနာများ နှင့် ရင်ဆိုင်ရခြင်းကို ရှောင်ကွင်းရန် လိုပါသည်။ မြန်မာပြည်တွင် အနည်းဆုံး လုပ်အားခမှာတစ် နေ့ သုံးထောင်ခြောက်ရာ ပေးရန် ၂ဝ၁၅ ခုနှစ် တွင် သတ်မှတ်ခဲ့သည်။ တရုတ်နှင့် တောင်ကို ရီးယား ကုမ္ပဏီများမှ စီးပွားရေး တွက်ချေမ ကိုက်သောကြောင့် စက်ရုံများ ပိတ်သိမ်းရလိမ့်မည်ဟု ခြိမ်းခြောက်သည်။ အနည်းဆုံးကျပ်သုံး ထောင့်ခြောက်ရာနှင့် စားမလောက် ကြောင်း အလုပ်သမား သမဂ္ဂမှ ရှင်းပြသည်။ စက်ရုံဥပဒေတွင် အလုပ်ချိန်တစ်ပတ် ၄၄ နာရီ အချိန်ပို သည် ၁၆ နာရီ စုစုပေါင်း နာရီ ၆ဝ လုပ်ခွင့် ပြုထားသည်။၂ဝ၁၂ ခုနှစ်တွင် တစ်ပတ် ၆၄ နာရီ လုပ်ခွင့်ပြုခဲ့ဖူးသည်။
.
မြန်မာ့အထည်ချုပ် အလုပ်သမား၏ လေးဆယ်ရာခိုင်နှုန်းသည် တောင်ကိုးရီးယား ကုမ္ပဏီများတွင် အလုပ် လုပ်ကြသည်။ အချိန်ပိုဆင်းရန် ခိုင်းသည့်နေရာတွင်လည်း တောင်ကိုရီးယား ကုမ္ပဏီများသည် နာမည် အလွန် ကြီးပါသည်။ အထည်ချုပ် စက်ရုံ ၃၉ ခုမှ အလုပ်သမား ထောင့်ငါးရာကို ဆန်း စစ်တွေ့ဆုံရာတွင် အချိန်ပိုများအတွက် လုပ်ခမရကြောင်း၊ ကလေးလုပ်သားများကိုလည်း အသုံးပြုသည်ဟု ဆိုသည်။ အလုပ်ရုံ ၆၇ ရာခိုင်နှုန်းတွင် အရေးပေါ် ထွက်ပေါက် မရှိပါ။ ဥရောပ၊ အမေရိကန်နှင့် ဂျပန်ကို တင်ပို့သည့် စက်ရုံများသာ စံချိန်စံညွှန်း လိုအပ်ချက်ကို လိုက်နာကြသည်။ တရုတ်နှင့် မြန်မာပိုင် စက်ရုံများသည် လိုက်နာမှု အားနည်းသည် ဟု ဆိုသည်။ ကျင့်ဝတ်များကို လိုက်နာရန် အလုပ်သမား သမဂ္ဂများက တိုက်တွန်းကြသော်လည်း ထူးခြားသော အပြောင်းအလဲများမရှိဟု ဆိုသည်။ အာရှနိုင်ငံများတွင် ဘင်္ဂလားဒေ့ရှ် ပြီးလျှင် မြန်မာအထည်ချုပ် လုပ်သားများ သည် လုပ်အားခ အနည်းဆုံး ဖြစ်သည်။
.
အထည်ချုပ် လုပ်ငန်းရှင်များအဖို့ လုပ်အားခ နည်းလေ အမြတ်အစွန်းများလေ ဖြစ်သည့် အတွက် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံလိုသည်မှာ သဘာဝကျပါသည်။ မြန်မာ့အထည်ချုပ်လုပ်ငန်း၏ ထက်ဝက်သည် နိုင်ငံခြားပိုင် သို့မဟုတ်၊ နိုင်ငံခြားဘာသာများနှင့် ဖက်စပ်လုပ် ထားခြင်းများသာ တွေ့ရသည်။ တရုတ်၊ ကိုရီးယား၊ ထိုင်ဝမ်နှင့် ဂျပန်တို့အပြင် အနောက်တိုင်း ကုမ္ပဏီများလည်း အထည်ချုပ်လုပ်ငန်းတွင် ပါ ဝင်လာပြီ ဖြစ်သည်။ ထိုအခြေအနေတွင် မြန်မာ အထည်ချုပ် အလုပ်သမားများ တန်ရာတန်ကြေး လုပ်ခရရှိရေးနှင့် စက်ရုံအဆင့်အတန်း ရှိရေးတို့သည် အရေးကြီး လာပါသည်။ အာရှ နိုင်ငံများတွင် မနှစ်က အနည်းဆုံးလုပ်အားခသည် ငါးရာခိုင်နှုန်းမှ တဆယ့်ငါးရာခိုင်နှုန်းအ ထိ တိုးလာသည်ကို တွေ့ရသည်။ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယားတို့ တွင် လုပ်အားခ တိုးလာသော်လည်း ဘင်္ဂလား ဒေ့ရှ်တွင် မတိုးသေးပါ။ ကမ္ဘောဒီးယားတွင် အလုပ်သမား သမဂ္ဂ၏ တောင်းဆိုမှု ကြောင့် လုပ်အားခ တိုးပေးရသည်ကို တွေ့ရသည်။ အင်ဒိုနီးရှားတွင် စားလောက်အောင် အနည်းဆုံးလုပ်ခကို အစိုးရတိုးပေးပါသည်။ တရုတ်နှင့် ဖိလစ်ပိုင်တွင် တစ်လ ဒေါ်လာသုံးရာကျော်ရပြီး မ လေးရှားနှင့် ထိုင်းတွင် တစ်လဒေါ်လာ နှစ်ရာ့ ငါးဆယ်ကျော် ရသည်။ အိန္ဒိယ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတွင် တစ်လ ဒေါ်လာတစ်ရာ့ငါးဆယ် လုပ်အားခရကြပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တွင် ဒေါ်လာ တစ်ရာအောက်သာ ရနေ သည်ကို တွေ့ရပါသည်။
.
.
.
#KBZTai #Shan