တရုတ်ငွေဈေး မြင့်တက်မှုကြောင့် လားရှိုးတွင် ပြောင်းများအား မသိုလှောင်တော့ဘဲ လက်ရှိပေါက်ဈေးဖြင့် ထုတ်ရောင်းမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရုတ်ငွေဈေး မြင့်တက်မှုကြောင့် လားရှိုးတွင် ပြောင်းများအား မသိုလှောင်တော့ဘဲ လက်ရှိပေါက်ဈေးဖြင့် ထုတ်ရောင်းမည်



နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်း ပြောင်းစိုက် တောင်သူ အများစုမှ ၂ဝ၁၈ ခုနှစ် ထွက် ပြောင်းများအား သိုလှောင် ထားခြင်း မပြုတော့ဘဲ လက်ရှိ ပေါက်ဈေးများဖြင့်သာ ထုတ်ရောင်း သွားမည်ဖြစ်ကြောင်း ဒေသတွင်း ပြောင်းစိုက် တောင်သူများထံမှ သိ ရှိရသည်။
.

.
လားရှိုးမြို့နယ် အတွင်းရှိ ပြောင်းစိုက်တောင်သူ အများစုသည် ယခင်နှစ်များက ထွက်ရှိသော ပြောင်း များအား သိုလှောင်ထားကာ ပြောင်း ရှားပြီး ဈေးကောင်းရချိန်မှသာ ထုတ် ရောင်းလေ့ရှိခဲ့ရာမှ ၂ဝ၁၈ ခုနှစ် ထွက် ပြောင်းများအား ချက်ချင်း ရောင်းထုတ်မည် ဖြစ်ကြောင်း သိရ သည်။
.
''အရင်နှစ်တွေကတော့ ဒီနှစ် ထွက်တဲ့ ပြောင်းတွေကလှောင်ထား ပြီးတော့ ပြောင်းရှားတဲ့အချိန် ဈေး ကောင်းရမှ ထုတ်ရောင်းလေ့ရှိတယ်။ ဒီနှစ်မှာတော့ တရုတ်ငွေဈေးက တက် နေလို့ ရတဲ့ဈေးနဲ့ ထုတ်ရောင်းဖို့ရှိ ပါတယ်''ဟု ပြောင်းစိုက်တောင်သူ ဒေါ်နန်းအေးက ပြောသည်။
.
ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်ခန့် မှစတင်ကာ ပြောင်းထွက်ချိန်တွင် ပြောင်းဈေးများ ကျဆင်းလာခဲ့ခြင်း ကြောင့် ထွက်ရှိသော ပြောင်းများကို ထုတ်မရောင်းဘဲ သိုလှောင်ထားခဲ့ သော်လည်း ပြောင်းဈေး တက်မ လာခြင်းများ ရှိခဲ့ပြီး ယခုနှစ်တွင်မူ ပြောင်းဈေး ကောင်းနေခြင်းကြောင့် ထုတ်ရောင်းသွားမည် ဖြစ်ကြောင်း သိရသည်။
.
''တကယ်တော့ ပြောင်းက ထွက်ထွက်ချင်းမှာ ရောင်းလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။ အခုနှစ် က ဈေးက ကောင်းနေတယ်။ နောက် ပိုင်း ဈေးကစားတာတွေ တရုတ် ဖက်က အဝယ်ကို သတ်မှတ်လိုက် တာတွေ ဖြစ်သွားတတ်လို့ ထွက် လာသမျှ ပြောင်းတွေကို ရောင်းဖို့ ဖြစ်လာတာပါ''ဟု တောင်သူ ဦးဂျာ ကွာက ပြောသည်။
.
၂ဝ၁၇ ခုနှစ်က ပြောင်းတစ်ပိ ဿာလျှင် ၃ဝဝ ကျပ်သာ အများ ဆုံး ရရှိခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် ပြောင်း တစ်ပိဿာ လျှင် ၆ဝဝ ကျပ် ဝန်းကျင်ဖြင့် ရောင်းနေရကာ ငွေလဲ လှယ်နှုန်းမှာလည်း တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၂ဝ ရှိ နေကြောင်းလည်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats