ကျော်လင်းဦး (ရှမ်းပြည်)
.
.
အမျိုးသားများ ကြီးစိုးသည့် မြန်မာနိုင်ငံရေး လောကတွင် နိုင်ငံရေးလုပ်သည့်အမျိုးသမီး
အ ရေအတွက် အလွန်နည်းပါးသည်ဟု ဆိုနိုင် သည်။ ၂ဝ၁ဝ နှင့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီးများကို
ရွေးကောက်တင်မြောက်ကြ သဖြင့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် များ ရှိလာပါသည်။ သို့သော်
ခေါင်းဆောင်မှု ဆုံးဖြတ်နိုင်မှု စသည့်နေရာများတွင် အမျိုးသမီး ပါဝင်မှုသည် အလွန်နည်းပါးနေသည်ကို
တွေ့ရ သည်။ အမျိုးသမီးများ နိုင်ငံရေးလုပ်သည်ကို မလိုလားသော ကန့်သတ်နေသော အမျိုးသမီး
များလည်း ရှိလာသည်ကို အံ့ဖွယ် တွေ့မြင် နေရသည်။ ထိုသူများ၏ ထောက်ခံမှုရရန် လုပ် ဆောင်ရသည်မှာ
ပိုမိုခက်ခဲသည်ဟု အမျိုးသ မီးနိုင်ငံရေးသမားတစ်ဦးက ရင်ဖွင့်ပြောပြခဲ့ သည်။ ထိုသို့
ကြုံတွေ့ရသည်ကို ပြောဆိုထား သည့် စာတမ်းတစ်စောင်ကို လွန်ခဲ့သည့် ဧပြီ လက ထုတ်ဝေခဲ့သည်။
၂ဝ၁၅ ရွေးကောက်ပွဲ တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေး ကောက်ခံရသူများ၊ ဗြိတိသျှသံရုံးတွင်
အလုပ် လုပ်နေသူ ဥပဒေပညာရှင်၊ မြန်မာ့ရေးရာ ကျွမ်း ကျင်သူ နိုင်ငံခြားသူများအထိ ပါဝင်ကြသည်။
မြန်မာတို့ နိုင်ငံရေးစိတ်ဓာတ် စတင်နိုး ကြားလာသည့် ၁၉ဝ၈ ခုနှစ်တွင်
ဝိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓဘာသာလူငယ်များအသင်းကို တည် ထောင်ခဲ့သည်။ လူငယ်များ ဦးစီးပြီးတည်ထောင်
ခဲ့သည်။ နောင် ဆယ်နှစ်ကျော်ကြာသည့်အခါ ပညာတတ် မြန်မာလူငယ်အချို့၏ ဇနီးသည်များ က မြန်မာကုမ္မာရီ
အသင်းကို တည်ထောင်ခဲ့ သည်။ ထိုအသင်းကို ၁၉၁၉ ခုနှစ်တွင် တည် ထောင်ခဲ့သောကြောင့် တိုင်းရေးပြည်ရေး
လူမှု ရေး လုပ်ငန်းများတွင် မြန်မာအမျိုးသမီးများ ပါ ဝင်ခဲ့၊ လှုပ်ရှားခဲ့ကြသည်မှာ နှစ်ပေါင်းတစ်ရာ
တိုင်အောင် ရှိခဲ့သည်ဟု ဆိုနိုင်သည်။ ပြည်သူ က ရွေးချယ်တင်မြှောက်သည့် ကိုယ်စားလှယ်
လက်ထဲ ဝန်ကြီးဌာနအချို့ကို ပေးအပ်သည့်ဒိုင် အာခီ အုပ်ချုပ်ရေးကာလ ၁၉၃၅ ခုနှစ်တွင် မြန်မာအမျိုးသမီးများ
မဲဆန္ဒပေးခွင့် ရရှိခဲ့ပါ သည်။ သို့သော် နှစ်ပေါင်းငါးဆယ်ကျော် အ မျိုးမျိုးဖြင့် စစ်အုပ်ချုပ်ရေး
ပုံစံအစုံစုံဖြင့် တိုင်း ပြည် ဖြတ်သန်းခဲ့ပြီးနောက် မြန်မာနိုင်ငံသား အမျိုးသမီးများ
နိုင်ငံရေး နယ်ပယ်တွင် ဝင် ရောက် ကျက်စားသည့် အစဉ်အလာလည်း နည်းပါးခဲ့သည်။
.
အမျိုးသမီးများ အုပ်ချုပ်ရေးကဏ္ဍတွင် တန်းတူရည်တူ ပါဝင်နိုင်ခွင့်
ရရှိရေးအတွက် မဟာဗျူဟာ ဆယ်နှစ်စီမံကိန်းကို ၂ဝ၁၃ ခုနှစ် တွင် ချမှတ်ထားသည်။ လက်တွေ့တွင်
အမျိုး သမီးမျာ ပါဝင်နိုင်သည့် ကဏ္ဍသည် အမည်ခံ သဘောလို ဖြစ်နေပါသည်။ လွှတ်တော် ပထမ ငါးနှစ်သက်တမ်းတွင်
အရွေးကောက်ခံရသည့် ကိုယ်စားလှယ်များ၏ ၆ ရာခိုင်နှုန်းသာ ရှိပါ သည်။ ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင်အန်
အယ်လ်ဒီက သပိတ်မှောက်ခဲ့ရာ ၂ဝ၁၂ ခုနှစ် ရောက်မှသာ ကြားဖြတ်ရွေးကောက်ပွဲကို ဝင် ပြိုင်ခဲ့ခြင်းကြောင့်
လွှတ်တော်အမတ် ၄၃ ဦးသာ အနိုင်ရခဲ့သည်။ ၂ဝ၁၅ ခုနှစ် ရွေး ကောက်ပွဲတွင် တစ်ပြည်လုံးက
လွှတ်တော် အသီးသီးတွင် အရွေးချယ်ခံရသည့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်မှာ ၁၅၁ ဦး
အ ထိ ရှိလာခဲ့သည်။ ပြည်ထောင်စုလွှတ်တော် တွင် အမျိုးသမီး ကိုယ်စားလှယ်ပေါင်း ၆၇ ဦး
ရှိလာပေသည်။ ရွေးကောက်ခံရသူ ကိုယ်စားလှယ် ဦးရေနှင့် တွက်ကြည့်သော် အမျိုးသမီး ဦးရေမှာ
ရာခိုင်နှုန်းအရ ဆယ်လေး ရာခိုင်နှုန်း ဖြစ်သည်။ ဒုတိယအကြိမ်တွင် လွှတ် တော်သက်တမ်းတွင်
ပထမအကြိမ် လွှတ်တော် တက် အမျိုးသမီး ကိုယ်စားလှယ် ဦးရေနှစ်ဆ ပိုလာသည်။ သို့သော် ပါတီနိုင်ငံရေးတွင်
ခေါင်း ဆောင်ပိုင်းတွင် အမျိုးသမီးဦးရေ အလွန်နည်းပါး နေပါသည်။ ပါတီ၏ ဗဟိုအလုပ်အမှုဆောင်
ကော်မတီတွင် ကိုးဆယ်ရာခိုင်နှုန်းသည် အမျိုး သားများ ဖြစ်ကြသည်။ ပြည်နယ်တိုင်းနှင့်
ခရိုင် အဆင့်တွင်လည်း ခေါင်းဆောင်ပိုင်း၌ အမျိုးသ မီးဦးရေသည် ၆ ရာခိုင်နှုန်းကျော်သာ
ရှိပါသည်။ အစိုးရအဖွဲ့ဝင်များကို သုံးသပ်ကြည့်လျှင်လည်း ဝန်ကြီး၊ ဒုဝန်ကြီး အဆင့်များတွင် အမျိုးသမီး ပါဝင်မှုမှာ
နည်းပါးနေပါသည်။
.
၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရသည့် အမျိုးသမီး အန်အယ်လ်ဒီ အမတ်များထဲတွင်
၉၄ ရာခိုင်နှုန်းသည် ဘွဲ့ရသူများ ဖြစ်ကြပြီး အမျိုးသားထဲတွင် ၇၈ ရာခိုင်နှုန်းသာ ဘွဲ့ရသူ
များ ဖြစ်ကြသည်။ လွှတ်တော်အမတ် ဖြစ်လာ သည့် အမျိုးသမီးများကို သူတို့နေထိုင်ရာ ပတ် ဝန်းကျင်နှင့်
အသိုင်းအဝန်းက ပိုပြီး လေးစား လာကြသည်ကို တွေ့ရသည်။ အမျိုးသမီး အမတ်များ လွှတ်တော်ကော်မတီတွင်
ပါဝင် ကြသော်လည်း မိမိကိုယ် မိမိ ယုံကြည်မှု အား နည်းခြင်းကြောင့်လားတော့ မသိ၊ ထိုလွှတ်
တော်၏ ကော်မတီဥက္ကဌဖြစ်လာရန် ကြိုးစား အားထုတ်မှု သိပ်မတွေ့ရပေ။ လွှတ်တော်တွင်ြ<ွကယ်ပွင့်ပြ
မေးခွန်းကို မေးရန် အမျိုးသမီးလွှတ် တော်ကိုယ်စားလှယ်များ နည်းပါးသည်။ လွှတ် တော်အဆင့်ဆင့်တွင်
ဥပဒေကြမ်းကို ဦးဆောင် တင်သွင်းသူ အမျိုးသမီး ကိုယ်စားလှယ် ၁ဝ ဦး ရှိပါသည်။ အမျိုးသမီးကိုယ်စားလှယ်များ
သည် ပါတီဝင်အချင်းချင်းသာ ပူးပေါင်းဆောင် ရွက်လေ့ရှိသော်လည်း အခြားသောပါတီဝင်များ နှင့်
လက်တွဲပြီး ဥပဒေပြုခြင်းများတွင် မရှိသ လောက်ဟု ဆိုရပေမည်။ မိမိတို့ မဲဆန္ဒနယ်မြေ ၏
အကျိုးစီးပွားကို အဓိကထား ဦးတည်လေ့ ရှိသော်လည်း ပါတီ၏ လမ်းစဉ်ကို ထိခိုက်လာ မည်ကိုတော့
မလိုလားပါ၊ စိုးရိမ်ကြသည်။ အ မျိုးသမီးလွှတ်တော်ကိုယ်စားလှယ် အမတ်များ ရင်ဆိုင်နေရသည့်
အကြီးဆုံး အခက်အခဲမှာ အမျိုးသမီး နိုင်ငံရေးလုပ်သည်ကို မလိုလား သည့် အမျိုးသားထုကြီးပင်
ဖြစ်သည်။ ထိုအ ခက်အခဲကို လေ့လာကြည့်လျှင် အမျိုးသားမဲ ဆန္ဒရှင်များ၏ ဆန့်ကျင်မှုမှာ နည်းပါးသည်။
အမျိုးသမီး မဲဆန္ဒရှင်၏ ဆန့်ကျင်မှုမှာ ပိုများ နေသည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။ ထို့ကြောင့်
အမျိုးသားအမျိုးသမီး ညီတူမျှတူ ဖြစ်အောင် ကြိုးပမ်းရာတွင် အမျိုးသမီးအချင်း ချင်း သဘောထား
ကွဲလွဲမှုကြီးမားခြင်းသည် အကြောင်းရင်း တစ်ခုဖြစ်သည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်ကို
သတိပြုဖွယ် တွေ့ရသည်။
.
အမျိုးသမီးများ ပြဿနာတစ်စုံတစ်ရာနှင့် တွေ့ကြုံရလျှင် ရပ်မိရပ်ဖ၊
ဘာသာရေးခေါင်း၊ ဆောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အရပ် သား အသင်းအဖွဲ့များဆီ သွားလေ့ရှိသည်။
ထို အဆင့်များတွင် ဖြေရှင်း၍ မရနိုင်တော့မှမြို့နယ် အာဏာပိုင်အဆင့်သို့ ရောက်ပါသည်။
သို့သော် ထိုအဆင့်သို့ ရောက်သည့် အမှုအလွန်နည်း သည်။ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး
ကို အမျိုးသမီးများ အသုံးများသော်လည်း မိမိ တို့ ယုံကြည်ကိုးကွယ်သည့် ဘာသာရေးအဖွဲ့
အစည်းကိုလည်း အားကိုးလေ့ရှိသည်။ တချို့ က လက်ရှိပြဿနာကို ဖြေရှင်းရန် မကြိုးစား ဘဲ
မိမိတို့ ဘဝဟောင်းမှ အကုသိုလ်ကြောင့် ဖြစ်ရသည်ဟု အကြောင်းပြပြီး သည်းခံခြင်းမျိုး လည်း
ရှိသည်။ ခရစ်ယာန် ဘာသာဝင်များက မူ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းဟူသော ဘာသာ ရေး သဘောတရားကို
လက်ကိုင်ထားပြီး ပြ ဿနာကို ဖြေရှင်းရန် ကြိုးစားလေ့ရှိသည်။ အ ထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှုများတွင်
ဖြေ ရှင်း၍ မရသည့်အခါ ယခင်ကမိမိဘဝ၏ ပြုခဲ့ သည့် မကောင်းမှုအကျိုးကို ခံစားရသည်ဟုယူ ဆလေ့
ရှိသည်။ အစိုးရဌာနများ ရပ်ကွက်ရုံး များကို မယုံမကြည် ဖြစ်လာသည့်အတွက် ဘာ သာတရားကို
အားကိုးကြခြင်း ဖြစ်သည်။
.
တချို့သော အရပ်ဒေသများတွင် ဓလေ့ထုံး တမ်း အစဉ်အလာအရ ပြဿနာများကို
ဖြေ ရှင်းကြခြင်းကိုရော ဥပဒေလမ်းကြောင်းဖြင့် ဖြေ ရှင်းခြင်းကိုပါ လက်မခံနိုင်သည့်
အမျိုးသမီးများ ရှိပါသည်။ ငွေကုန်လူပမ်း ဖြစ်ရသည့် ပြဿနာ ဖြေရှင်းနည်းကို လက်မခံနိုင်ဘဲ
ဘုရားသခင် ၏ အလိုတော်အတိုင်း ဖြစ်ချင်တာ ဖြစ်ပါစေဟု ဆုတောင်းကြသည်ဟု ခရစ်ယာန်အမျိုးသမီး
တစ်ဦးက ဆိုသည်။ ချင်းလူ့အဖွဲ့အစည်းတွင် လည်း ခရစ်ယာန် အမျိုးသမီးများသည် တရား ရုံးသို့
မသွားလိုဘဲ ဘာသာရေးအရ တိုက်ရိုက် တွေ့ဆုံပြီး စေ့စပ်ဆွေးနွေးပြီး ပြဿနာကို ဖြေ ရှင်းသည့်နည်းကို
သုံးကြသည်။ ပြဿနာရှိ သည့် အမျိုးသမီးသည် ဘုရားရှိခိုးကျောင်းသို့ ဦးစွာ သွားကာ ဓမ္မဆရာကို
ပြဿနာတင်ပြပါ သည်။ ဓမ္မဆရာသည် ဘုရားစာကို ကိုးကားပြီး ပြဿနာကို ဖြေရှင်းရန် ကြိုးစားသည်။
ဘုရား ရှိခိုးကျောင်းတွင် မဖြေရှင်းနိုင်မှသာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ သွားကြခြင်း
ဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန် အသိုင်းအဝန်းတွင် အ မျိုးသမီးများ ခေါင်းဆောင်ပိုင်းတွင်
ပါဝင်သင့် သည်ဟု ချင်းအမျိုးသမီးတစ်ဦးက မြင်ပါသည်။
.
ဝန်ထမ်း လောကတွင် အမျိုးသမီးကို ခွဲခြားဆက်ဆံသည်များ ရှိသလို မြန်မာ
အ မျိုးသမီးများ၏ အားသာချက်ကို အသိ အမှတ် မပြုသူများလည်း ရှိသည်။ တွေ့ဆုံ ကာ လေ့လာသုံးသပ်ပြီး
ပြဿနာကို ချဉ်း ကပ်တတ်သည့် အမျိုးသမီးသည် စေ့စပ် ဆွေးနွေးတတ်သည့် စွမ်းရည်ရှိသူ ဖြစ်
သည်ကို ဤအချက်ကို လူ့အဖွဲ့အစည်းက တော်ရုံသာ အသိအမှတ် ပြုသည်။ ခရစ် ယာန်အမျိုးသမီးများသည်
ပြဿနာ အကျပ် အတည်းနှင့် ရင်ဆိုင်ရလျှင် ဓမ္မဆရာထံ ရင် ဖွင့်လေ့ရှိသည်။ သို့သော် ဓမ္မဆရာသည်
အ မျိုးသားများသာ ဖြစ်နေခြင်းကြောင့် အမျိုးသ မီးကိစ္စကို နားမလည်နိုင်ကြသူများ ဖြစ်နေတတ်
သည်။ ထို့ကြောင့် အမျိုးသမီးများ ခေါင်း ဆောင်ပိုင်းမှ ပါဝင်သင့်သည်ဟု ယူဆနေသူများ
အများအပြားရှိလာကြသည်။ ၂ဝဝ၉ ခုနှစ်တွင် တည်ဆောက်သည့် မြန်မာ့အမျိုးသမီးရေးရာ အဖွဲ့ချုပ်
ရှိခဲ့သော်လည်း အားကိုးလိုသူ နည်း ပါးခြင်းကြောင့် ၂ဝ၁၆ ခုနှစ်တွင် ပြန်လည်ဖွဲ့ စည်းခဲ့ပါသည်။
.
မုဒိန်းမှုတစ်ခု ဖြစ်ခဲ့သော် ရပ်ကွက်အုပ် ချုပ်ရေးမှူး၊ အမျိုးသမီးအသင်းအဖွဲ့၊
ဆရာဝန်၊ ရှေ့နေ၊ တရားရုံး စသည်ဖြင့် အဆင့်ဆင့်သွား ရသည်မှာ ကာယကံရှင်အနေဖြင့် ဒုက္ခရောက်
လွန်းလှသဖြင့် အောက်ခြေအဆင့်၌ စေ့စပ်ဆွေး နွေး ဖြေရှင်းလိုကြခြင်း ဖြစ်သည်။ မြန်မာ့တ
ရားစီရင်ရေးစနစ်သည် ငွေကုန်ကြေးကျ များပြီး အချိန်ကြန့်ကြာ လွန်းသည်ဟု လက်ခံထားကြ သူများနေသည်။
မြန်မာစကား မတတ်ကျွမ်း သည့် တိုင်းရင်းသား တိုင်းရင်းသူများအတွက် အဆင်မပြေသော အတားအဆီးများနေသော
အရပ်တစ်ခု ဖြစ်နေသည်။ သက်ဆိုင်ရာ အာ ဏာပိုင်များက အဂတိလိုက်စားပြီး မတရား လုပ်မည်ကို
ကြောက်လန့်နေရသော အမြဲတမ်း စိုးရိမ်နေရသော စနစ်တစ်ခု ဖြစ်နေသည်။ ထို့ ကြောင့် အမျိုးသမီးများ
အမှုတစ်ခုဖြစ်လျှင် တ ရားဥပဒေကြောင်းအတိုင်း လုပ်ဆောင်နေမည့် အစား ဓလေ့ထုံးစံ လုပ်ထုံးလုပ်နည်းအရ
စေ့ စပ်ဖြေရှင်းကြရန် ရှေ့နေများက အကြံပြုကြ သည်။
.
မုဒိန်းမှု တစ်ခုတွင် လျှော်ကြေးပေးလိုက် ရုံနှင့် နိဂုံးချုပ်သွားမည်
မဟုတ်ပါ။ အမျိုးသမီး ကို နှိမ်ပြီး ဆက်ဆံသည့် ဓလေ့အကြောင်း ကာယကံရှင် အမျိုးသမီးသည်
နာမည်ပျက်သွား ပြီး အတင်းအဖျင်း အပြောခံရသည့် ဘဝသို့ ရောက်သွားပါသည်။ လျှော်ကြေးပေးသည့်
အ မျိုးသားသည် မုဒိန်းမှုမှ လွတ်မြောက်သွားသော် လည်း ခံရသူအမျိုးသမီးခမျာ မကောင်းသည့်
အကျိုးဆက်ကို ဆက်လက်ရင်ဆိုင်နေရတော့ သည်။ ဤအခြေအနေများ ကြုံခဲ့သော် ဘာ သာရေးသဘာတရားနှင့်သာ
စိတ်ဖြေရမလို ဖြစ် နေသည်။ မုဒိန်းမှု ဖြစ်ပြီဆိုလျှင် ကျူးလွန်သူ ကို အပြစ်တင်လေ့ မရှိဘဲ
ကျူးလွန်ခံရသူ၏ ဝတ်စားဆင်ယင်မှုကြောင့် ဆိုသည့် လွဲမှားသည့် အယူအဆကြောင့် အမျိုးသမီးဘက်က
ပိုပြီး နစ်နာရသည်ဟု ဒေါက်တာမေဝင်းမြင့်က မေ လတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အ စည်းအဝေးတွင်
ဆွေးနွေးသွားပါသည်။ အမျိုး သမီးနှင့် ကလေးသူငယ်များအပေါ် ကျူလွန်း သည့် အမှုကို ရာဇဝတ်မှုကြီးများအဖြစ်
သတ် မှတ်ထားသည်။ အမျိုးသမီး၏ နစ်နာချက်ကို တရားမျှတစွာ ဖြေရှင်းနိုင်ဖို့ ကူညီထောက်ပံ့ရေး
ကိစ္စသည် တရားရုံးများ အာရုံစိုက်ရမည် လုပ် ငန်းတစ်ခု ဖြစ်လာသည်။ မြန်မာအစိုးရအဆက် ဆက်
ပြဌာန်းသည့် ဥပဒေ၊ စာနှင့်မရေးသည့် ဓလေ့ထုံးစံ
ဥပဒေများကို မြန်မာပြည်တွင် ကျင့် သုံးပါသည်။ အချိန်ကုန် လူပန်းဖြစ်သည့် တ ရားရုံးထက်
အမျိုးသမီးများက ဓလေ့ထုံးစံ အ လျှောက် ရပ်ကွက်အဆင့်၌သာ ပြဿနာဖြေ ရှင်းလိုသည်။ တရားရုံးကို
ရှောင်လိုသူများပါ သည်။ တရားစီရင်ရေးတွင် အမျိုးသမီးဦးရေ များပြားလာရုံနှင့် အမျိုးသမီးများ
တရားမျှတမှု ကိုခံစားရပြီဟု မဆိုနိုင်ပါ။ အမျိုးသမီးတရားသူ ကြီးကိုယ်တိုင် အမျိုးသမီးအမှုသည်ကို
နှိမ်ပြီး ဆက်ဆံခြင်းများလည်း ရှိပါသည်။ လျှော်ကြေး
ရသည်နှင့် တရားမျှတမှုသည် သီးခြားသာ ဖြစ် သည်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရဲက ကြား
ဝင်စေ့စပ်ပြီး လျှော်ကြေးကို လက်သင့်လိုက်ရန် စည်းရုံးသိမ်းသွင်းသည်ကို နေရာတကာတွင်
တွေ့မြင်နေရသည်။
.
၂ဝ၁၂ တွင် ပြဌာန်းသော ရပ်ကွက်သို့မ ဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေအရ
ရပ်ကျေး အုပ်ချုပ်ရေးမှူးသည် အာဏာပိုင်ဖြစ်နေသည်။ အမှုတိုင်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးကို
ဦး စွာအကြောင်းကြားရသည်။ သူ့ဆီမှတဆင့် မ သွားခဲ့သော် ဘာမှလုပ်လို့ကိုင်လို့ မရတော့ဟု
ဆိုသည်။ ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်သောင်း ခြောက်ထောင်တွင် အမျိုးသမီး ၄၂ ယောက် သာ
ပါသည်။ အမျိုးသမီးဆိုင်ရာ အမှုအခင်း များတွင် စာနာထောက်ထားမှု ရရန် ခက်ခဲနေ သည်ဟု ယူဆကြသည်။
တိုင်းရင်းသား ဒေသ မှ အကြမ်းဖက်ခံသည့် အမျိုးသမီးနှင့် အဓမ္မပြု ကျင့်ခံရသူ အမျိုးသမီးများသည်
ဓလေ့ထုံးစံ အတိုင်း ကျေအေးနေရသည်ဟု ရှမ်းသံတော် ဆင့် ဧပြီလ ၂ဝ ရက်နေ့ထုတ်တွင် ဖော်ပြထား
သည်။ ဗဟုသုတ နည်းပါးမှုကြောင့် မတရား လုပ်ခံရသည်ကို တိုင်ရကောင်းမှန်း မသိကြဟု အမျိုးသမီးစွမ်းရည်
မြှင့်တင်ရေးလုပ်နေသူများ က ပြောကြားသည်။ တရားဥပဒေအရ အရေး ယူသော်လည်း တရားရုံးဝေးလံမှု၊
တရားရုံးစား ရိတ် မတတ်နိုင်မှု၊ ပတ်ဝန်းကျင်မှ ဝေဖန်မှုကို မခံနိုင်မှုများကြောင့် အမှုများသည်
အလိုလို ပျောက်ကွယ်သွားသည်ဟု ဆိုသည်။ ရွာထဲကိစ္စ ရွာပြင်မထွက်စေရ ဆိုသည့် စကားအတိုင်း
ရွာ သူကြီးဆုံးဖြတ်သည်ကို နာခံကြရကြောင်း အ မျိုးသမီးအရေး လှုပ်ရှားနေသူများက ထောက်
ပြကြပါသည်။
.
.
.
#KBZTai #Shan