ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
.
ကောက်ကြောင်းလိုက်
.
ကျွန်တော်တို့ငယ်ငယ် အိပ်ရာဝင်ပုံပြင် ဒဏ္ဍာရီများအနက်၊ နဂါးနိုင်မင်းဟု
နာမည်ကြီး သော မောင်ပေါက်ကျိုင်းအကြောင်းကို ပြန်လည် သတိရမိသည်နှင့် ဤဆောင်းပါးကိုရေး
ဖြစ်ဖို့ အကြောင်းဖန်လာ၏။ ၉-၆-၂ဝ၁၈ စနေ နေ့က ကျွန်တော်ယာယီခရီးတိုလေးသွားခဲ့၏။ ညောင်ရွှေခေါင်တိုင်ဘက်သို့
နေ့ချင်းပြီးပြန်ခရီး လေးပါ။ အဓိကမှာ တောင်ပို့ကြီးရွာအနီး၌ တည်ထားသော ဂျပန်တီပီအေစိုက်ပျိုးမွေးမြူလူ
ငယ်သင်တန်းကျောင်းသို့ ကျောင်းသားသစ် အ ပတ်စဉ် ၁၉ မိတ်ဆက်တစ်ချိန်စာသင်တန်းပေး ရန်နှင့်
ညောင်ရွှေမြို့နယ် ပညာရေးမှူးရုံးသို့ ခရီးတစ်ထောက်၊ လမ်းကြုံဝင်ရန်တို့ကြောင့် ဖြစ်၏။
ခရီးထွက်ခဲသော ကျွန်တော်မဖြစ်မနေ စီစဉ်ပြီးထွက်ဖြစ်ခဲ့ခြင်းပါ။ တစ်ချက်ခုတ် သုံး လေးချက်ပြတ်လိုလှသော
ကျွန်တော့်စရိုက် ကြောင့် လမ်းကြုံဝင်စရာအများအပြားရှိနေ သော်လည်း စာသင်ချိန်ကိုငဲ့ရ၊
မိုးတွေရွာနေသ ဖြင့် မိုးနားတုန်း သုတ်တက်ရိုက်ရ၊ တောင်ကြီး ပြန်အဝင်နောက်မကျချင်၍
နာရီကြည့်ရ စ သောအကြောင်းများကြောင့် ''ချင်''တွေအများ ကြီးဖြုတ်ချကာ အစီအစဉ်အချို့တို့ပြုတ်ကျကုန်
ရ၏။ ခရီးကိုချုံ့ပြီးသားတော့ ဖြစ်သွားစေခဲ့၏။
မဝင်မဖြစ်၊ ပထမဦးစားပေးကတော့ ညောင်ရွှေမြို့ ရွှေဂူပရိယတ္တိစာသင်တိုက်ကြီး၏
ပဓာနနာယက ကျောင်းထိုင်ဆရာတော်ထံ ဝင် ရောက်ဦးတိုက်ကန်တော့ရခြင်းဖြစ်၏။ မဖူးတွေ့ ရသည်မှာ
ကြာပြီမို့ ကျွန်တော့်အသက် ယခု ၇၂ နှစ်ပြည့်အတွက် ဓမ္မဒါနရိုက်လှူသော စာ အုပ်များကပ်လှူဖို့
ပင်မအလှူစာအဖြစ် ဦးစား ပေး ရှေ့တန်းတင်လှူပါ၏။ စကားစမြည်အ ဖြစ် စာပေနှင့်ဆက်စပ်သော
အကြောင်းအရာ များ အပြန်အလှန် နှီးနှောပြောဆိုလျှောက်ထား ဖြစ်ရာ၌ တစ်နေ့က ရေးဖြစ်သော
အင်းလေး ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီခြင်း ပွဲ တော်အကြောင်း ဆောင်းပါးပါဝင်လာ၏။
၆ ဆူအနက် မြတ်ပေါင်းမဉ္ဇူတစ်ဆူကို မဟာဂါမ ရွာကျောင်းဘုန်းကြီးထံ အပ်နှံခဲ့ကြောင်းသမိုင်း
၌ အကျဉ်းပါရှိ၏။ မည်သည့်အရပ်ဟူ၍ အမှတ် သား မပါရှိကြောင်း လျှောက်ထားဖြစ်ရာ၊ ဆ ရာတော်က
ပခုက္ကူဘက် ရွှေတန့်တစ်ဖြစ်မည်ဟု မိန့်တော်မူ၏။ ကျွန်တော့်မှတ်Óာဏ်ထဲ၌လည်း မြတ်ပေါင်းမဉ္ဇူဘွဲ့တော်နှင့်ဆက်စပ်လျက်
အ ညာသီဟတောဘုရားပွဲတို့ သီဟိုဠ်ရှင်ဘုရား ပွဲတို့ကို ရေးတေးတေးတော့ ပေါ်ခဲ့ပြီးပြီ။
ဆ ရာတော်မိန့်သည့် ရွှေတန့်တစ်က ခေါင်းထဲမှာ ပေါ်မလာပါ။
.
ဘာကြောင့်ပဲဖြစ်ဖြစ် စကားဖောင်ဖွဲ့ဖြစ် သော အကျိုးဆက်ကား မသိဖူးခဲ့သည်များ၊
မှတ်သားခဲ့ဖူးသည်များ၊ မေ့တေ့တေ့မှုန်ဝါးဝါး များ၊ လုံးဝမေ့ထားခဲ့သည်များ သိရှိရ၊ ကြားဖူး
ရ အမှတ်သတိပြန်ပေါ်လာရ၍ တစ်စုံတစ်ရာ ကောင်းကျိုးရရှိသည်တော့ အမြတ်ပါ။ ''မေးပါ များစကားရ''ဟူသော
စကားကြီးသုံးခွန်းအ နက် တစ်ချက်ဖြစ်ကာ ဒုတိယအလယ်စကား တစ်ခွန်းလည်းဖြစ်သော ဒိသာပါမောက္ခဆရာ
ကြီးက Óာဏ်နူံ့ရှာသည့် တပည့်မောင်ပေါက် ကျိုင်းအား မှာကြားသောစကား ရုတ်တရက် လင်းလက်လာ၍
စာရေးဖြစ်ပါတော့သည်။
.
စည်သူရှင်
.
၁ဝ/၆/၂ဝ၁၈ မနက်ပိုင်း မိုးတဖွဲဖွဲနှင့် မိုး ခြေလေးက အီလေးဆွဲရွာသွန်းနေရာ၊
စာဖတ် မည့်အစား စာရေးချင်စိတ်ကြောင့် စာထိုင်ရေး ဖြစ်ရာ၌ အင်းလေးဖောင်တော်ဦးဘုရားဒေသစာ
ရီလှည့်ပွဲတော် ဆောင်းပါးနောက်ဆက်တွဲဖြည့် စွက်ရန် အကြံပေါ်လာသည့်အတိုင်း လောလော လတ်လတ်
မနေ့ကမှ သိလိုက်ရသည့်အချက် ကို ဦးစားပေးလိုက်ရ၏။ ညောင်ရွှေမြို့၊ ရွှေဂူစာ သင်တိုက်ဆရာတော်မိန့်သော
ရွှေတန့်တစ်၏ သတ်ပုံမသေချာနေ၍ ဖုန်းဆက်မေးရသည်။ ကျွန်တော်တို့ ရှမ်းပြည်သားများ စလုံးနှင့်ဆလိမ်
အသံထွက် မကွဲတတ်သလို သကလေးနှင့် တ ဝမ်းပူတို့ကိုလည်း ရောထွေးပြောတတ်ကြ၏။ ရွှေတန့်တစ်လား၊
ရွှေသန့်သစ်လား ဇဝေဇဝါ ဖြစ်နေ၏။ ဆရာတော်မိန့်၍ ရွှေတန့်တစ်သေချာ ပါပြီ။ စာရေးနေရင်းမှ
ဘုရားဆောင်ခန်းနှင့်ကပ် လျက်အိမ်ဦးရှိ သံဃာခန်း၌ ချိတ်ဆွဲထားသော သာသနာတော်နှင့်စပ်လျဉ်းသော
ပုံတော်များ တွင် သရက္ခန်ရုပ်ပွားတော်များ ပါဝင်သည်ကို အမှတ်ရလာ၏။ အိမ်ပေါ်ထပ်သို့တက်ပြီး
သေ ချာစွာကြည့်သည်။ ကမ္ပည်းစာတန်းရေးထား သည်ကို ဖတ်ရတော့ ဤသို့တွေ့ရ၏။''စည်သူ ရှင်သရက္ခန်ဆင်းတုတော်
ပခန်းကြီး''နှင့်''သ ရက္ခန်ဆင်းတုတော် ရွှေတန့်တစ်ရွာ၊ပခုက္ကူ''ဟူ၍ ၁ဝ လက်မနှင့် ၁၂ လက်မပုံတော်ကြီး
နှစ်ပုံယှဉ်လျက်ဖြစ်၏။ ဦးညွန့်မောင်(အခွန်မှူး)နှင့် ဇနီးဒေါ်စန်းစန်းကြည်တို့ လှူဒါန်းသည်တဲ့။
.
ကျွန်တော်က သီဟိုဠ်ရှင်ဟု နားစွဲပြီး မှတ် မိနေ၏။ စည်သူရှင်နှင့်အတူတူပဲလား၊
သို့မဟုတ် သီးခြားစီလား။ ကျွန်တော်မသေချာပါ။ အလောင်းစည်သူမင်းကြီး ဖောင်စင်္ကြာဖြင့်
တိုင်းခန်းလှည့်စဉ်၊ ကျွန်းဦးဇမ္ဗူဒိပ်၊ ဇမ္ဗူသပြေ ပင်မှ အပြန်ခရီး၊ သုဝဏ္ဏဘူမိ မာလာယုကျွန်း
(ယခု အင်ဒိုနီးရှားနှင့် မလေးရှား)သို့ ရောက် ကြောင်း သမိုင်းမှတ်တမ်းရှိ၏။ ပုဂံပြည်သို့အပြန်
သီဟိုဠ်ကျွန်းသို့ ရောက်သေးဟန်ရှိ၏။ နောင်မှ ရှမ်းပြည်နယ်တစ်ခွင်တစ်ပြင် ခရီးထွက်သည်
ဖြစ်မည်။ ဖောင်စင်္ကြာသည်သိဒ္ဓိဝင်ဖောင် ဖြစ်၍ ရေပြင်ပေါ်၌ သာမက မြေပြင်နှင့် ကောင်းကင်
များပေါ်ကလည်း သွားလာနိုင်သည်ဆို၏။ သီ ဟိုဠ်ဆိုသည်ကား ယခုအခါ သီရိလင်္ကာနိုင်ငံ ဖြစ်၏။
သရက္ခန်နံ့သာသားမှာ ရှားပါးအဖိုးတန် ပစ္စည်းဖြစ်သဖြင့် ရတနာတန်းဝင်၏။ သိကြား မင်းဆက်သသည်ကို
ဘုရားဆင်းတုတော်ထု ခြင်းပါတဲ့။ ''သရက္ခန်စစ်လက်လေးသစ်'' ဆိုရိုး စကားအတိုင်းပင် ဓမ္မမိတ်ဆွေဦးညွန့်မောင်၏
လက်ဆောင်ဓာတ်ပုံထဲ၌ ရုပ်ပွားတော်လေးမှာ ပီဘိသေးငယ်ပါ၏။ ကျွန်တော်ဖူးခဲ့ရဖူးသော ဟဲဟိုးမြေခြားဖောင်တော်ဦးဘုရားသည်လည်း
လက်လေးသစ်ခန့်Óာဏ်တော်ပါ။ ကလောမြို့ သို့ တာဝန်ကျစဉ်ကတည်းက သတင်းကြားပြီး ဖူးချင်နေသည်။
နှစ်သုံးဆယ်ကျော်မှ ဖူးခွင့်ကြုံ ၏။ ဂန္ဓကုဋီတိုက်သည် အင်းလေးနန်းဟူးဖောင် တော်ဦးကျောင်းတော်
ဂန္ဓကုဋီတိုက်ပုံစံအတိုင်း သံဘာဂျာတံခါးများနှင့် သော့ခတ်ထားပါသည်။ ကျောင်းထိုင်ဆရာတော်နှင့်
ဂေါပကလူကြီးများ စုံမှ သော့ဖွင့်နိုင်သဖြင့် ဖူးမြော်ခွင့်ရခဲသောဘုရား ဖြစ်၏။ သရက္ခန်နံ့သာ
ရနံ့သင်းပျံ့လျက်ရှိပါ သည်။
.
၃၈ ဌာန
.
''ကြည်ညိုကုသိုလ်ပွား အင်းလေးဖောင် တော်ဦးဘုရား''ဆောင်းပါးတွင်
အလောင်းစည် သူမင်း၊ ရှမ်းပြည်တစ်ခွင်တည်ခဲ့သော ဖောင် တော်ဦးဘုရား ၃၈ ဌာနရှိကြောင်း
သမိုင်းစာ၌ တွေ့ရပုံကို ကျွန်တော်ဖော်ပြခဲ့၏။ အောက်တို ဘာ၊ သီတင်းကျွတ်လဆန်းမှာမှ ကျင်းပမည့်
ဘု ရားဒေသစာရြီ<ွကချီပွဲအကြောင်းကို ယခု ဇွန် လ၌ ရေးဖြစ်နေခြင်းမှာ ရာသီစာကို သူ့ရာသီ
သူ့ပွဲတော်နှင့်အကိုက် ကမ္ဘောဇတိုင်းသတင်း ဂျာနယ်တိုက်ကို ပေးအပ်နိုင်ဖို့ ကြိုတင်ရေးသား
ထားတာပါ။ရှေ့တစ်ပုဒ်၌ြ<ွကင်းကျန်ရစ်သည့် အကြောင်း အချက်အလက်များကို ထပ်မံဖြည့်
စွက်ကာနောက်ဆက်တွဲ တစ်ပုဒ်အဖြစ် ဖန်တီး ခြင်းတွင် ၁၇/၁ဝ/၂ဝ၁၈ နေ့ထွက်အတွဲ ၄ အမှတ် ၄ဝ
ထွက်ချိန်သည် ညောင်ရွှေမြို့သို့ အင်းလေး ဖောင်တော်ဦးဘုရား ကြွချီသည့်နေ့ နှင့် တိုက်ဆိုင်နေ၏။
ညောင်ရွှေမြို့၌ သုံးည ကျိန်းသုံးရက် အပူဇော်ခံမည်မို့ အများပြည် သူသွားရောက် ဖူးမြော်နိုင်ရန်
ရည်ရွယ်ပါ၏။ လဆန်း ၁ဝ ရက် မှသည် လပြည့်ကျော် ၃ ရက်နေ့အထိ ကျန်ရှိသောဒေသ စာရီလှည့် လည်ြ<ွကချီခရီးစဉ်အတိုင်း
၉ ရက်၊ ၈ ည ကျိန်း၊ ၁၃ ဌာနဖြစ် ၏။ သူ့ရက်စွဲ၊ သူ့အချိန် နာရီနှင့် သူ့ရွာသို့အရောက်၊
မော်တော်ဖြင့်သွား ရောက်ဖူးမြော်နိုင်ရန်ဖော်ပြပေးပါမည်။ ဤ ဆောင်းပါးပါရှိသည့်ရက်မှ
ကျန် ၉ ရက်၊ ကျောင်းတော်ဝင်ပွဲနေ့အထိသာ လိုအပ်ပါတော့ မည်။
.
ယခုခေါင်းစီးငယ်အတိုင်း ဖောင်တော်ဦး ဘုရားတည်ထားကိုးကွယ်သည့် ၃၈
ဌာနစာရင်း ကို ဦးစွာဖော်ပြပါရစေ။ ဤစာရင်းတွင် ဟဲဟိုး မြေခြားဖောင်တော်ဦး မပါဝင်သည်ကလည်း
ထူးဆန်းနေ၏။ မြေခြားဘုရားသည် အင်းလေး ဘုရား၏ နောင်တော်ဟုလည်း မှတ်သားခဲ့ရ သည်။ သီတင်းကျွတ်လဆန်း၌
ဟဲဟိုးမြို့ဝန်း ကျင်ရပ်ရွာများသို့ ဒေသစာရြီ<ွကချီအဖူးမြော် နှစ်စဉ်အမြဲခံမြဲဖြစ်ကြောင်းကိုလည်း
သိရှိခဲ့ရ ပါသေးသည်။ ၃၈ ဌာနတို့မှာ အောက်ပါအ တိုင်းဖြစ်ပါသည်။
.
(၁)အင်းလေးအနောက်ကမ်း ရွှေသန်း တောင် ရတနာဖောင်တော်ဦးစေတီ(ယခုနန်း
ဟူး)၊ (၂)အင်းတိမ်အရပ် ရွှေအင်းတိန်စေတီ၊ (၃)နမ့်ပန်ရွှေပေါက်ပေါက်စေတီ(ယခု အလို တော်ပေါက်)၊
(၄)တောင်တိုရွှေဟင်္သာကျမွေ တော်စေတီ၊ (၅)မော်ပီမွေတော်စေတီ၊ (၆)စံ ကားတာခေါင်မွေတော်စေတီ၊
(၇)စံကားအရှေ့ တောင် ထမင်းချိုးစေတီ၊ (၈)နမ့်တုတ်ရွှေဂူစေ တီ၊ (၉)မှိုင်းခုံရွှေစည်းခုံစေတီ၊
(၁ဝ)မိုးဗြဲစေတီ၊ (၁၁)မိုးဗြဲအလွန် ရွှေဝက်ကူစေတီ(ယခု ကက္ကူ)၊ (၁၂)ရှင်ပင်ရွှေချမ်းသာစေတီ(ယခု
နမ့်ခုတ်ပန်း မားစေတီ)၊ (၁၃)ဟိုပုံး ဖောင်တော်ဆုတ်စေတီ၊ (၁၄)ဟဲလုံရွှေလက်လှစေတီ၊ (၁၅)နောင်မွန်စေ
တီ၊ (၁၆)မိုင်းပွန်ဗုဒ္ဓေါစေတီ၊ (၁၇)လဲချားမင်္ဂ လာဗုဒ္ဓေါစေတီ၊ (၁၈)မိုင်းကိုင်ရွှေမြင်တင်စေတီ၊
(၁၉)မိုင်းလင်းဗုဒ္ဓေါစေတီ၊ (၂ဝ)ရပ်စောက်ရွှေ အင်တော်စေတီ၊ (၂၁)မဲတောရွှေပန်းခွက်စေတီ၊
(၂၂)ယင်းတောင်ဘက်၌ ရွှေပုထိုးစေတီ၊ (၂၃) ပင်းတယရွှေဥမင်ကျောက်ဂူဗုဒ္ဓေါစေတီ၊ (၂၄) ပွေးလှမြဇာတီစေတီ၊
(၂၅)အင်းလေးဆင်မ တောင်ဗုဒ္ဓေါစေတီ၊ (၂၆)ဆင်ပေါက်တောင်ရွှေ မုဌောစေတီ၊ (၂၇)ညောင်ရွှေမြို့အနီး
ရွှေလင် ပန်းစေတီ၊ (၂၈)အောင်သပြေကူကြိုးစေတီ၊ (၂၉)ညောင်ရွှေပေါရိသတ်စေတီ၊ (၃ဝ)ရွှေ ညောင်လွိုင်မင်းစင်စေတီ၊
(၃၁)အင်းလေးအ နောက်ကမ်းပေါင်းပိန်းပြည်လုံးချမ်းသာ စိန္တေ ယျာဘုရားစေတီ၊ (၃၂)ရေပူဥဏှောဒကစေတီ၊
(၃၃)ခေါင်တိုင်ဆုတောင်းပြည့်စေတီ၊ (၃၄)ယင်း ၏ တောင်ဘက်ရွှေမြင်ထင်စေတီ၊ (၃၅)မိုင်း သောက်ရွှေမုဌောစေတီ၊
(၃၆)ဘော်နင်းရွှေလင်း စင်ဗုဒ္ဓေါစေတီ၊ (၃၇)သာမိုင်းခမ်းရွှေချမ်းသာ စေတီ၊ (၃၈)ကျုံးအရပ်တွင်
ရွှေတန့်ညောင်းစေ တီ။
.
ကျောင်းတော်ဝင်ပွဲ
.
ကျွန်တော်သိမီ မှတ်မိခဲ့သည်မှာ အင်းလေး နန်းဟူး(နမ့်ဟူး)ကျောင်းတော်ဝင်ပွဲနေ့မှာ
သီ တင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ဖြစ်၏။ ယင်းမှာ ၂ဝဝဝ ပြည့်နှစ်မတိုင်မီကဖြစ်မည်။ ၂ဝဝ၁
ခုနှစ်နောက်ပိုင်း၌ သီတင်းကျွတ်လပြည့် ကျော် ၃ ရက်နေ့ကျမှ ကျောင်းတော်ဝင်ပွဲနေ့ ဖြစ်၏။
ဒေသစာရီကြွချီသော ခရီးစဉ်တစ် လျှောက်၊ ညကျိန်း ဌာနများတိုးလာ၍ ညောင် ရွှေမြို့သို့ အပူဇော်ခံရန်
သီတင်းကျွတ်လဆန်း ၇ ရက်နေ့အရောက် ကြွချီလေ့ရှိမြဲ
ရှေးအစဉ်အ လာအတိုင်း ပုံသေထားကာ ရှေ့တိုးနောက် ဆုတ်စီစဉ်ရခြင်းကြောင့်ဖြစ်ပါသည်။ နေ့ဆွမ်းကပ်
ရန်သာ အခွင့်အရေးရရှိသော ၇ ဌာနအနက် ညောင်ရွှေမြို့သို့ ကြွချီမရောက်ရှိမီ ၂ ဌာနမှာ အင်းတိမ်စံကျောင်းနဲ့
ပွဲစားကုန်းကျောင်းတို့ ဖြစ်လျက် ကျန် ၅ ဌာနတို့ကို ကျန်ပွဲရက် ၉ ရက်အစီအစဉ်၌ ပူးတွဲဖော်ပြရပါသည်။အောက်
ပါအတိုင်းဖြစ်၏။ အားလုံး ၁၃ ဌာနပါ။
.
သီတင်းကျွတ်လဆန်း ၁ဝ ရက် (၁)နေ့ ဆွမ်းနမ့်သဲကျောင်း၊ (၂)မိုင်းသောက်ညကျိန်း။
သီတင်းကျွတ်လဆန်း ၁၁ ရက်၊(၃)သလဲဦးနေ့ ဆွမ်း၊ (၄)ကေလာညကျိန်း၊ သီတင်းကျွတ်လ ဆန်း ၁၂
ရက်၊ (၅)ဇရပ်ကြီးညကျိန်း၊ သီတင်း ကျွတ်လဆန်း ၁၃ ရက်၊ (၆)ဘုရားပေါက်နေ့ ဆွမ်း၊ (၇)နမ့်ပန်ညကျိန်း၊
သီတင်းကျွတ်လ ဆန်း ၁၄ ရက်၊ (၈)မန်ကျည်းဆိပ်နေ့ဆွမ်း၊ (၉)ကျိုင်းခမ်းညကျိန်း၊ သီတင်းကျွတ်လပြည့်
နေ့၊ (၁ဝ) မိုင်းပျိုးညကျိန်း၊ လပြည့်ကျော် ၁ ရက်၊ (၁၁)နောင်တောညကျိန်း၊ သီတင်းကျွတ်လပြည့်
ကျော် ၂ ရက်၊ (၁၂)အင်းပေါခုံနေ့ဆွမ်းကပ်၊ (၁၃) ရေသာကျောင်းညကျိန်း၊ သီတင်းကျွတ်လပြည့်
ကျော် ၃ ရက်၊ နမ့်ဟူးသို့ ကြွချီ၍ ကျောင်း တော်ပြန်ဝင်။
.
ရှေးဦး ၈ ဌာန
.
သီတင်းကျွတ်လဆန်း ၁ ရက်၊ မနက် အင်းတိမ်သို့ စတင်ြ<ွကချီတော်မူရာမှ
သီတင်း ကျွတ်လဆန်း ၇ ရက်မနက် ညောင်ရွှေသို့အ ရောက် အင်းလေးအနောက်ဘက်ကမ်း နေ့ ဆွမ်းညကျိန်း
အားလုံး ၈ ဌာနရှိရာ မှတ်တမ်း အနေဖြင့် အောက်ပါအတိုင်း ဖော်ပြလိုက်ရပါ သည်။ သီတင်းကျွတ်လဆန်း
၁ ရက် ဌာန(၁) အင်းတိမ်ကြေးပေါခုံကျောင်း ညကျိန်း၊
သီတင်း ကျွတ်လဆန်း ၂ ရက်၊ ဌာန(၂)အင်းတိမ်စံ ကျောင်းနေ့ဆွမ်း၊ ဌာန(၃)ဟဲယာရွာမညကျိန်း၊
သီတင်းကျွတ်လဆန်း ၃ ရက်၊ဟဲယာရွာမည ကျိန်း၊ သီတင်းကျွတ်လဆန်း ၄ ရက်၊ ဌာန(၄)ကြေးစားကုန်းညကျိန်း၊
သီတင်းကျွတ်လဆန်း ၄ ရက်၊ ဌာန(၄)ငါးဖယ်ကျောင်းညကျိန်း၊ သီ တင်းကျွတ်လဆန်း ၅ ရက်၊ ဌာန(၅)ကြေး
စားကုန်းညကျိန်း၊ သီတင်းကျွတ်လဆန်း ၆ ရက်၊
ဌာန(၆)ပွဲစားကုန်းနေ့ဆွမ်း၊ ဌာန(၇)လင်း ကင်းကျောင်းညကျိန်း၊ သီိတင်းကျွတ်လဆန်း ၇ ရက်၊
ဌာန(၈)ညောင်ရွှေညကျိန်း၊ ညောင်ရွှေ မြို့၌ ၃ ရက် စံမြန်း ၃ ညကျိန်းသဖြင့် သီတင်း ကျွတ်လဆန်း
၁ဝ ရက် မနက် မိုင်းသောက် မြို့သို့ ညကျိန်းရန်အကြွ ကြားခရီး။ ဌာန(၉) နမ့်သဲကျောင်း၌
နေ့ဆွမ်းကပ်ခြင်းဖြစ်၏။ ယင်း ဌာန(၉)မှသည် ကျောင်းတော်ဝင်ပွဲအထိကို ရှေ့ပိုင်းတစ်နေရာ၌
ဖော်ပြခဲ့ပြီးဖြစ်ပါ၏။ ၁၃ ဌာနဖြစ်သည်။
.
နေ့ဆွမ်းသာ
.
ပွဲတော်ရက်အတွင်း ရှမ်းပြည်နယ်ဒေသခံ များနှင့် အခြားရပ်ရွာမြို့တို့မှ
ဘုရားဖူးလာရောက် ကြသည့် ရွှေဧည့်သည်များ၊ မော်တော်ငှားလျက် နန်းဟူးကျောင်းတော်သို့ရောက်က
ကျောင်း စောင့်ရုပ်ပွားတော်တစ်ဆူ(အမှတ်-၅ ရဟန္တာ
ခီဏာသဝဟုလည်း မှတ်တမ်းရှိသော)နောင်ပွင့် မည့် အရိမေတ္တယျ မြတ်စွာဘုရားကိုယ်စားတော်၊
အရှေ့မြောက်ထောင့်ခြံရံသည့် ဆင်းတုတော်ကိုသာ ဖူးနိုင်ပူဇော်နိုင်မည်။ ကျန်လေးဆူကား
ဒေသစာရီကြွချီစာရင်းအတိုင်း ညကျိန်းမည့်ရွာ သို့ လိုက်ဖူးနိုင်၏။ သို့သော် နေ့ဆွမ်းသာကပ်
ခွင့်ရသောကြား ၇ ဌာန၌ နာရီပိုင်းတန့်တော်မူ ကာ အပူဇော်ခံသဖြင့် နေ့ချင်းပြန် ဘုရားဖူးတို့
အဆင်ပြေပြေဖူးနိုင်ရန် ရည်ရွယ်၍ အောက်ပါ အတိုင်း သီးခြားဖော်ပြအပ်ပါသည်။
.
(၁) သီတင်းကျွတ်လဆန်း
၂ ရက်၊ အင်း တိမ်စံကျောင်းတော်
(၂) သီတင်းကျွတ်လဆန်း
၆ ရက်၊ ပွဲစား ကုန်းကျောင်း
(၃) သီတင်းကျွတ်လဆန်း
၁ဝ ရက်၊ နမ့် သဲကျောင်း
(၄) သီတင်းကျွတ်လဆန်း
၁၂ ရက်၊ ကေ လာကျောင်း
(၅)သီတင်းကျွတ်လဆန်း
၁၃ ရက်၊ ဘု ရားပေါက်ကျောင်း
(၆) သီတင်းကျွတ်လဆန်း
၁၄ ရက်၊ မန် ကျည်းဆိပ်ကျောင်း
(၇) သီတင်းကျွတ်လပြည့်ကျော်
၂ ရက်၊ အင်းပေါခုံကျောင်း
.
ရှေးဌာပနာ ရွှေသန်းတောင်စေတီပျက်မှ ညောင်ရွှေဟော်နန်းပေါ်ပင့် အပူဇော်ခံစဉ်
သီ တင်းကျွတ်လဆန်း ၇ ရက် အများပြည်သူပူဇော် နိုင်ရာ ယာယီပြာသာဒ်သို့ စံမြန်း၏။ နောင်အင်း
တိမ်မှာ ရွှေ့ပြောင်းစံ၏။ ၁၉၅၆ မှစ၍ နမ့်ဟူး ကျောင်းတော်ရွှေ့ပြောင်းစံမြန်းသည်မှ ယနေ့
ထိဖြစ်၏။ ဒေသစာရြီ<ွကချီ ခရီးစဉ်၌ ရွှေအင်း တိမ်ကို ရှေးဦးဌာန(၁)အဖြစ် ကြွခင်းပါ။ကြေး
ပေါခုံနှင့်အင်းတိမ်တို့မှာ ကပ်လျက်နှစ်ရွာ့တစ် ရွာလိုလိုဖြစ်ပါကြောင်းနှင့် နှစ်စဉ်၊
ဘုရားဒေသ စာရီကြွချီတော်မူသော ရက်များမှာ သီတင်း ကျွတ်လဆန်း (၁)ရက်မှ လပြည့်ကျော် ၃
ရက်ထိ မြန်မာလ၊ မြန်မာရက် ပုံသေဖြစ်ကြောင်း တင်ပြရပါသည်။ ပုဂံခေတ် စည်သူဘွဲ့ခံသော မင်းများ(၁)အလောင်းစည်သူ(၄၇၅-၅၂၅)၊
(၂)နရပတိစည်သူ(၅၃ဝ-၅၇၃)၊ (၃)ဥစ္စနာစည်သူ (၆ဝ၁-၆၁၈)၊ (၄)နရသီဟပတေ့စည်သူ(၆၁၈- ၆၄၉)တို့ဖြစ်ကြသည်ဟု
သိရ၍ ဖြည့်စွက်ဖော်ပြ ပါ၏။
.
.
.
#KBZTai #Shan