လားရှိုးတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မလေးရှားနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်မည့် အိမ်ထောင်ရှင်အလှမယ်များအား လူတွေ့စစ်ဆေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မလေးရှားနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်မည့် အိမ်ထောင်ရှင်အလှမယ်များအား လူတွေ့စစ်ဆေး



နောင်(မြစ်မခ)/ကမ္ဘောဇတိုင်း
.
မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရန်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ကိုယ်စားပြုမည့် အိမ်ထောင်ရှင်အလှမယ်များအား လူတွေ့စစ်ဆေးခြင်းနှင့် မီဒီယာ မိတ်ဆက်ပွဲကို အောက်တိုဘာ ၁၇ ရက်က လာရှိုးမြို့၊ ကိုးကန့်ယဉ်ကျေးမှုခန်းမပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 
.
 
.
“မြန်မာနိုင်ငံကလူတွေ မြန်မာလူမျိုးတွေအကုန်လုံး ကမ္ဘာနဲ့ယှဉ်ပြီးတော့ မြန်မာ့အမျိုးသမီးကောင်းလေးတွေ ထွက်ပေါ်စေလိုတဲ့ ဆန္ဒနဲ့ ကျင်းပတာဖြစ်ပါတယ်။ အိမ်ထောင်ကျပြီဆိုပြီးတော့ မီးဖိုချောင်ထဲမှာပဲ မတင်းတိမ် စေချင်ဘူးပေါ့။ ကိုယ့်ရဲ့အမျိုးသားလည်း ဂုဏ်ရှိတာပေါ့နော်။ ကိုယ့်ရဲ့အမျိုးသမီးက ထက်ထက်မြက်မြက်နဲ့ ဆို တာကိုလည်းပေါ်လွင်စေချင်လို့ ကျင်းပပေးတာပါ။”ဟု ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပသောပွဲ“ချမ်းရေး နှင့် သံတမန်ဆု”ရရှိခဲ့သူ ဒေါ်မဉ္ဇူခိုင်က ပြောသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်းကိုယ်စားပြုအဖြစ် ရွေးချယ်ခံရသူ ၅ ဦးမှ ရန်ကုန်မြို့တွင် ဆက်လက်ယှဉ်ပြိုင်ကာ ရွေးချယ်ခံရသူသည် မလေးရှားနိုင်ငံဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
.
“အထက်မြန်မာပြည်က အရွေးချယ်ခံရသူတွေနဲ့ ရန်ကုန်မှာသွားရောက်ယှဉ်ပြိုင်ပြီးတော့ အရွေးချယ်ခံရသူက မလေးရှားမှာသွားပြီး ယှဉ်ပြိင်ရမှာဖြစ်ပါတယ်။ အခုရှမ်းမြောက်က ၂၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။”ဟု ဒေါ်မဉ္ဇူခိုင်ကပြောသည်။
.
အဆိုပါပွဲအတွက် အောက်တိုဘာ ၁၇ ရက်တွင် လူတွေ့စစ်ဆေးပြီး အောက်တိုဘာ ၂၅ ရက်၊ ညနေ ၄း၀၀ နာရီ အချိန်တွင် လားရှိုးမြို့တော်ခန်းမပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats