ကျော်လင်းဦး (ရှမ်းပြည်)
.
.
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ ဝန်းကျင်က စိုက်ပျိုးရေးနှင့် နာမည်ကျော်ခဲ့သည့်
မြန်မာနိုင်ငံသည် ၂ဝ၁၂ ကာလသို့ ရောက်ခဲ့သော် စိုက်ပျိုး ရေးနှင့် ဝင်ငွေကောင်းကောင်း
မရတော့သည့် နိုင်ငံများစာရင်းတွင် ပါဝင်ပါသည်။ တောင် သူလယ်သမားဦးရေ သုံးပုံနှစ်ပုံ
ရှိသည့်မြန်မာ တောင်သူ လယ်သမားများ၏ တစ်နှစ်ပျမ်းမျှ ဝင်ငွေသည် ဒေါ်လာ ၂ဝ ခန့်သာ ရှိပြီး
စားနပ်ရိက္ခာဆိုင်ရာ စာတမ်းတွင် ဖော်ပြထားသည်။ ဆန်ထွက်သည့် နိုင်ငံတွင် စားစရာ ဆန်ရှိပေမယ့်
ဆင်းရဲသည့် အိမ်ထောင်စုများသည် သူတို့ဝင်ငွေ၏ ၇ဝ ရာခိုင်နှုန်းကို အစားအသောက်အတွက် အသုံးပြုနေ
ရသည်ဟုလည်း ဖော်ပြ ထားသည်။ ဆင်းရဲတွင်း နက်နေသည့် တောင် သူလယ်သမားများအတွက် ရည်ရွယ်ပြီး
နည်း စနစ်သစ်များ ဖြန့်ဝေပေးနေသည့် ပညာရှင်များက လူအားများစွာ သုံးပြီး စိုက်ရသည့်
နည်းစ နစ်မှ လူနည်းနည်းနှင့် သက်တောင့်သက်သာ စိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းသည့်
လယ်ကွက်များ စိုက်ပျိုးခြင်း နည်းစနစ်များကို အစားထိုး အသုံးပြုနေကြသည်။ လုပ်သားအင်အား
ရှားပါး ခြင်း၊ နေပူစပ်ခါးတွင် လုပ်ကိုင်ရခြင်းကြောင့်
သက်တောင့်သက်သာ လုပ်ကိုင်ရခြင်းအတွက် ရည်ရွယ်ပြီး စက်ကိရိယာများကို အစားထိုးအ သုံးပြုစေခြင်းဖြင့်
လယ်ယာမြေ၏ လုပ်အား တိုးတက်လာစေသည်။ အချို့သော လယ်ယာ မြေများတွင် စပါးတစ်ရာသီပြီးစီးပါက
နောက် ထပ်စိုက်ပျိုးသီးနှံမှာ ပဲအမျိုးမျိုး ဖြစ်သည်။ သို့ သော် မတ်ပဲ အပါအဝင် ပဲအမျိုးမျိုးကို
မူလ က အိန္ဒိယဈေးကွက်ကို အမှီပြုပြီး ထုတ်လုပ် ရခြင်း ဖြစ်သည်။ မနှစ်က တင်သွင်းခွင့်ကို
ကန့် သတ်လိုက်ခြင်းကြောင့် မြန်မာတောင်သူများ အပါအဝင် ပဲကုန်သည်များ တော်တော် ဒုက္ခ
ရောက်ရသည်။ အလားအလာရှိသည့် အခြား သီးနှံက တမျိုးမျိုးကို ဝိုင်းဝန်းစဉ်းစားကြည့်သည့်
အခါ ပဲပုပ်ကို တွေ့လာသည်။ ထိုပဲပုပ်ကို က ချင်၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း
တို့တွင် မူလက ရှမ်းပြည်နယ်များတွင် စိုက်ဧက တော်တော်များခဲ့ရာမှ တိုးချဲ့ စိုက်ပျိုးခဲ့သည်ကို
တွေ့ရသည်။ ယင်းသို့ တိုးချဲ့စိုက်ပျိုးခြင်းသည် လုပ်သင့်သည်ဟု ယူဆနေသော ပညာရှင် အ များအပြား
ရှိလာသည်။ နိုင်ငံတစ်နိုင်၏ ဈေး ကွက်တစ်ခုတည်း အပေါ် မှီခိုရခြင်းကြောင့် မိမိ တို့
တိုင်းပြည်၏ ထုတ်ကုန်များ ဈေးမရခြင်း၊ အနှိမ်ခံရခြင်းများသည် အမှန်တကယ် စိုက်ပျိုး
အားထုတ်ခဲ့သည့် တောင်သူများလောက် ဘယ် သူမှ ခံစားရမည် မဟုတ်ဟု ဆိုနိုင်သည်။
သေသေချာချာ တွေးကြည့်သော် မြန်မာ ပြည်သည် လူဦးရေ သန်းထောင်ချီ
ရှိနေသည့် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံကြားတွင် ရှိနေ သည်။ အာဆီယံနှင့် လည်းကောင်း၊
မဲခေါင်မြစ်ဝှမ်းဒေသ များနှင့် ဆက်စပ်နေသည်။ ဒေသတွင်း စီးပွား ရေး ဆက်စပ်နေသလို ပထဝီအနေအထားနှင့်
အလားအလာများကလည်း စိုက်ပျိုးရေး ထုတ် ကုန်များအတွက် ဈေးကွက်ရှိနေသည်ဟု ဆိုနိုင်သည်။
နောက်တစ်ချက်မှာ မြန်မာပြည်သည် ပထဝီ သဘောတရားအရ ဂေဟစနစ်ပေါင်းစုံ ရှိသော တိုင်းပြည်ဖြစ်သည်ဟု
ဆိုနိုင်သည်။ အ ပူပိုင်းဒေသ သီးနှံများ စိုက်နိုင်သလို မြန်မာပြည်အလယ်ပိုင်း ဒေသတွင်
ရှိနေသည့် မိုးခေါင် ရေရှား၊ ဝန်းကျင်ဒေသသည် အပူပိုင်းဇုံအတွင်း တည်ရှိနေသလို သမပိုင်းဒေသတွင်
စိုက်ပျိုး နိုင်သည့် သီးနှံများနှင့် ပတ်သက်၍ ရှမ်း၊ က ချင်ဒေသများတွင် စိုက်ပျိုးနိုင်သည်။
ထိုနည်း တူ မြစ်ဝကျွန်းပေါ်ဒေသသည် နိုင်ငံတိုင်းတွင် မရှိကြပါ။ မြစ်ဝကျွန်းဒေသတွင်ရှိသော
နိုင်ငံ သည် အင်မတန် ကံကောင်းသည်ဟု ပညာရှင် များက သတ်မှတ်ထားကြသည်။ အဘယ် ကြောင့်ဆိုသော်
မြစ်ဝကျွန်းပေါ်ဒေသများသည် နုံးတင်မြေနု ရပ်ဝန်းဒေသများ ဖြစ်ပေါ်လာပြီး စိုက်ပျိုးရေးအတွက်
အလားအလာ အလွန် ကောင်းပါသည်။
.
ယခုနှစ်ပိုင်းကာလတွင် မိုးကောင်းပြီး ရေ ကြီးရေလျှံ ဖြစ်ပေါ်ခဲ့ပါသည်။
သစ်တောများ ပြုန်းခြင်းကြောင့် ရေကို မထိန်းသိမ်းနိုင်သည် ကို တွေ့ရသည်။ အချို့သော
လယ်သမားများ သည် လယ်စိုက်ပြီးခါမှ ပျက်စီးခြင်း၊ ဆုံးရှုံးသွား ခြင်းများနှင့် ကြုံရသည်။
ထိုအချိန်တွင် ပျိုးစ ပါးအပါအဝင် စိုက်ထုတ်နိုင်သည့် သွင်းအားစု အပိုင်းတွင် လူများစွာ
ချို့တဲ့အားနည်းနေသည် ကို တွေ့ရသည်။ အစိုးရပိုင်းမှ စီမံခန့်ခွဲမှု အား နည်းသည့် နေရာများတွင်
စိုက်ပျိုးစားရိတ် အ မတော်ကြေးသည် ဇွန်လတွင် ထုတ်ပေးရမည် ဖြစ်သော်လည်း သြဂုတ်လကုန်ချိန်လောက်မှ
ထုတ်ပေးနိုင်ခြင်း များလည်း ရှိသည်ဟု သိရ သည်။ ထို ပြဿနာများအပြင် ရာသီဥတု ပြောင်းလဲလာမှု၊
ရေကြီးရေလျှံမှု စသည့် တောင်သူလယ်သမားတို့အား ထိုးနှက်နေသည့် ပြဿ နာများလည်း ရှိသည်။
ရာသီဥတု ပြောင်းလဲမှု သည် ကြီးမားသော စိန်ခေါ်မှု ဖြစ်သည်။ ရာ သီဥတု ပြောင်းလဲမှုကို ပြုပြင်၍
မရသော်လည်း ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေ မှုရှိသည့် စိုက်ပျိုးရေး ပုံစံကိုသာ
လိုက်ပြီးပြု ပြင် ပြောင်းလဲရပေမည်။ ရာသီဥတု ပြောင်းလဲ မှုကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများအနက် ရေကြီးရေလျှံမှု၊ မိုးခေါင်မှု စသည့် နောက်ဆက်တွဲ
ဖြစ်ပေါ်လာသည့် ဘေးဒုက္ခများကို အနည်း ဆုံးဖြစ်အောင် အခြေခံအဆောက်အအုံများကို ပြင်ဆင်ထားရမည်။
ရေနုတ်မြောင်း၊ ရေတား တမံများကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင် ထားရမည်၊ ရေလျှံမှု ခံစားရသည့်
ဒေသများ တွင် ရေမြှုပ်ခြင်းဒဏ်ကို ခံနိုင်သည့် သီးနှံများ ကို ရွေးချယ်စိုက်ပျိုးရမည်။
စပါး စိုက်သည်ဆို ပါက စိုက်ပျိုးရေးသုတေသနမှ ထုတ်ဝေနေ သည့် ရေမြှုပ် (၁)၊ ရေမြှုပ်
(၂) စသည့် မျိုး စိတ်အသစ်များ ရှိသည်။
.
တဖန် လုပ်ကွက်ငယ် လယ်သမားများကို လည်း အားပေးသင့်သည်။ လယ်သမားထုကြီး
၏ ၈ဝ ရာခိုင်နှုန်းသည် ၁ဝ ဧက ပိုင်ဆိုင်သည့် လုပ်ကွက်ငယ် လယ်သမားများ ဖြစ်သည်။ ရာ သီဥတု
ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရန် မိရိုးဖလာ ကိုယ့်လက်ကိုယ်စိုက်နေခြင်းဖြင့် မလွယ်ကူပါ။
လုပ်ကွက်ငယ်သော်လည်း စီမံခန့်ခွဲမှုတွင် စု ပေါင်းစီမံခန့်ခွဲသည့် ခေတ်မီစိုက်ပျိုးရေး
စနစ် သို့ ပြောင်းလဲရန် လိုသည်။ ထို စနစ်ပြောင်းလဲ ရန် နိုင်ငံတော်က သော်လည်းကောင်း၊
လယ် သမားက သော်လည်းကောင်း၊ တစ်မျိုးတည်း လုပ်၍မရသည်ကို သတိပြုရသည်။ လယ်သ မားသည် ပင်ကိုယ်
သဘောအရ တစ်ဦးချင်း သီးသန့် ဆန်ပါသည်။ အလုပ်သမား လူတန်း စားနှင့် မတူပါ။ အလုပ်သမားသည်
စက်ရုံတွင် လုပ်အားမှ လွဲ၍ အခြားသော ကိုယ်ပိုင်ဟူ၍ မရှိပါ။ ထိုအနေအထားကြောင့် အလုပ်သမား
လူတန်းစားသည် စုစည်းမှု ပို၍အားကောင်း သည်ကို တွေ့ရသည်။ လယ်သမားတွင် ပိုင် ဆိုင်မှု ဟူ၍
သီးသန့်ရှိနေသည်။ စုပေါင်းလုပ် ဆောင်မှု၊ စုပေါင်းစီမံခန့်ခွဲမှုများတွင် အသားတ ကျ မရှိနေသည်ကို
တွေ့ရသည်။ အစိုးရ၊ လယ်သမားနှင့် ပုဂ္ဂလိက တည်းဟူသော သုံး ဦး ဖလှယ် ပူးပေါင်းဆောင်ရွက်သည့်
လုပ် ငန်းစဉ်များ ရှိရန်လိုအပ်ပါသည်။ စိန်ခေါ်မှု များ စွာ ရှိနေသော နေရာတွင် နိုင်ငံတော်
အစိုးရ တစ်ခုတည်းဖြင့် လိုအပ်ချက်များအားလုံးကို မ ဖြည့်ဆည်းပေးနိုင်ပါ။ ပုဂ္ဂလိက ကဏ္ဍ၏
အ ရင်းအနှီးနှင့် ကျွမ်းကျင်မှုကို ဆွဲခေါ်ရမည်။ ယင်းသို့ ဆွဲခေါ်ရာတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု
ရော၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများအားလုံး ကို ဆွဲဆောင်နိုင်ရန် လိုသည်။ ကဏ္ဍများကို
လည်း သေသေချာချာ ပိုင်းဖြတ်ရန် အရေး ကြီးသည်။ အတိတ်ကာလများက အစိုးရသည် ကိုယ်တိုင် လယ်သမားလုပ်ခြင်း
ဖြစ်သည်။ အ စိုးရ၏ အလုပ်မှာ ဥပဒေမူဘောင်၊ ပေါ်လစီမူ ဘောင်အတွင်း အလုပ်လုပ်နိုင်ရန် ဥပဒေများကို
ပြဌာန်းပေးရန် အဓိကတာဝန်ရှိသည်။ သုတေ သန လုပ်ငန်းသည် အလွန်စွန့်စားရသော လုပ် ငန်းဖြစ်သည်။
စပါးမျိုး တစ်မျိုးထွက်ပေါ်လာ ရန် အနည်းဆုံး ဆယ်နှစ်လောက်တော့ အချိန် ပေးရသည်။ ငွေကြေးစိုက်ထုတ်ရသည်၊
ထိုအနေအခြေကို အစိုးရမှသာ တတ်နိုင်သည်။
.
ဆည်မြောင်းများ တည်ဆောက်ခြင်း၊ ရေ တားတမံများ၊ ရေရရှိရေး စီမံကိန်းများ၊
လမ်း ပန်းဆက်သွယ်ရေးများ၊ ကျေးရွာလျှပ်စစ်မီး ရရှိ ရေး စသည်တို့ကို အစိုးရမှသာ လုပ်နိုင်သည်။
ပုဂ္ဂလိကသည် သီးနှံတန်ဖိုး ကွင်းဆက်တွဲဘက် ကုန်သည် အလုပ်များတွင် ပါဝင်လုပ်ဆောင်ရန်
လိုသည်။ ရောင်းဝယ်ခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ တန်ဖိုးမြင့် ထုတ်ကုန်ထုတ်ခြင်း၊
ဈေးကွက်သို့ ပို့ဆောင်ခြင်းများတွင် ပါဝင်ပတ် သက်ရပေမည်။ လယ်သမား၏ အလုပ်မှာ စိုက်
ပျိုးရန်၊ ထုတ်လုပ်ရန်၊ အရည်အသွေးမြင့် ထုတ် ကုန်များ ထုတ်လုပ်ရန် အဓိကတာဝန်ရှိသည်။
ဤသို့ ကဏ္ဍများကို အသေအချာ ပိုင်းခြားပြီး ကွင်းဆက်များ တစ်ခုနှင့်တစ်ခု ချိတ်ဆက်လုပ်
ဆောင်ရန် အရေးကြီးသည်။ ယနေ့ကာလတွင် ကွင်းဆက်များ
ပြတ်နေခြင်း၊ တစ်ခုနှင့်တစ်ခု ယုံကြည်မှု မရှိသည်ကိုလည်း တွေ့ရသည်။ လယ်သမားနှင့် အစိုးရကြား
ယုံကြည်မှု မရှိ ခြင်း၊ လယ်သမားနှင့် ပုဂ္ဂလိက ကုန်သည်များ ကြား ယုံကြည်မှု မရှိခြင်းတို့ကြောင့်
တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု တည်ဆောက်ရန် အရေး ကြီးပါသည်။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်
လာရန် ပြည်တွင်းမှ သာမက ပြည်ပရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်ရန် လိုအပ်ပါသည်။
.
မြန်မာပြည်တွင် လာရောက်မြှုပ်နှံလိုသည့် ကုန်သည်များ၊ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လယ်ယာကဏ္ဍတွင် မရှိသလောက် ဖြစ်နေသည်။ ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံလိုသူ
အနည်းစုလောက်သာ လယ်ယာကဏ္ဍကို စိတ် ဝင်စားပါသည်။ စိုက်ပျိုးရေးသည် အလွန်စွန့် စားရသည့်
အလုပ်ဖြစ်သည်ကို ရင်းနှီးမြှုပ်နှံသူ များက လက်ခံထားသည်။ ဆုံးရှုံးနိုင်ခြေ အ လွန်များသည်ဟု
ဆိုနိုင်သည်။ အာမခံမှု မရှိ သော လုပ်ငန်းကို တော်တန်ရုံ စီးပွားရေးသမား များက စိတ်မဝင်စားပါ။
မိုးလေဝသကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုကို အနည်းဆုံးဖြစ် အောင် မည်သို့ လုပ်ဆောင်မည်ကို
အစိုးရမှဦး ဆောင်ထူထောင်ရန် လိုပါသည်။ စိုက်ပျိုးရေး သီးနှံ အာမခံစနစ်သည် ယနေ့တိုင်
မရှိသေး သည်ကို တွေ့ရသည်။ လယ်ယာကဏ္ဍနှင့်ဆက် စပ်လုပ်ကိုင်နေသူမှာ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်း
ရှိသော်လည်း လယ်ယာကဏ္ဍနှင့် ပတ်သက်ပြီး ပို့ကုန်ဝင်ငွေ အခြေအနေမှာ ကြံ့ခိုင်ရေးအရ လက်ထက်ရော၊
အန်အယ်လ်ဒီ အစိုးရလက် ထက်ရော နှစ်ခုစလုံးတွင် သိသိသာသာ တိုး တက်လာခြင်း မရှိပါ။ စီးပွားရေး
ကူးသန်း ဝန် ကြီးဌာနစာရင်းများအရ လယ်ယာကဏ္ဍ ပို့ကုန် များ၏ ဝင်ငွေစာရင်းမှာ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်
နှင့် ၂ဝ၁၃ ဘဏ္ဍာနှစ်များတွင် ၃ဝ ရာခိုင်နှုန်း ဝန်းကျင်ခန့်သာ ရှိခဲ့ပြီး နောက်ပိုင်းနှစ်များတွင်
၂၅ ရာခိုင်နှုန်း ဝန်းကျင်အောက်သာ ရှိနေသည် ကို တွေ့ရသည်။ လယ်ယာ ကဏ္ဍပို့ကုန်များ တွင်
ဆန်အပါအဝင် ဖြစ်သည်။ ဆန်တင်ပို့မှု မှာ စံချိန်တင် မြင့်တက်လာသည်ကို တွေ့ရ သည်။ ပြီးခဲ့သည့်နှစ်က
ဆန်တင်ပို့နိုင်မှုမှာ ဆန် တန်ချိန်သုံးသန်းကျော် ရှိခဲ့သည်။ ပြည်ပသို့ တင်ပို့နိုင်မှုမှာ
မြန်မာ- တရုတ် ကုန်သွယ် ရေးလမ်းကြောင်းပေါ်တွင် များစွာတည်နေ သည်။ တရုတ်ဘက်မှ မူဝါဒ
အပြောင်းအလဲ ပေါ်တွင် မြန်မာ့ဆန်ဈေးအခြေအနေများစွာ မူ တည်နေပါသည်။
.
မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ တန်ချိန် ၅ ဒသမ ၆
သန်းခန့် ရှိသည်။ မြန် မာဆန်ဈေးကွက် ကောင်းလာသည် ဆိုရာ၌ ၂၅ မတ်ဆန်များကို အာဖရိကသို့
တင်ပို့ခဲ့ သည်များလည်း ရှိသည်။ အထူးသဖြင့် နယ်စပ် လမ်းကြောင်းဖြင့် တရုတ်ဘက်သို့ အားပြုပြီး
သွားနေသည်ကို တွေ့ရသည်။ တစ်ခါတစ်ရံ အရည်အသွေးကို အကြောင်းပြကာ ဆန်တင် ပို့မှုကို ပိတ်လိုက်သည်များလည်း
ရှိသည်။ ကုန် သွယ်ရေးနှင့် ပတ်သက်ပြီး မူဆယ်ဘက်တွင် တရားဝင် ဖြစ်သော်လည်း တရုတ်အစိုးရဘက်မှ
ကုန်သည်များ တရားဝင် မဟုတ်၊ ကုန်သည် များအနေဖြင့် အစိုးရကို အခွန်ပေးဆောင်ခြင်း မရှိပါ။
ထို့ကြောင့်ပင် တရုတ်ကုန်သည်များ အ နေဖြင့် တရားဝင် မဟုတ်သော လမ်းကြောင်း များမှ တရုတ်ပြည်အတွင်း
ဆန်များကို တင် သွင်းခြင်းများ ရှိလာသည်။ ယင်းသို့ ဖြစ်နေခြင်း ကြောင့် ဈေးကွက်သည်
ဝယ်သူဈေးကွက်ဖြစ် နေသည်။ နောက်တစ်ခုမှာ ဘိန်းအစားထိုး ခေါင်းစဉ်အောက်တွင် ထိုက်သင့်သော
တန်ချိန် တစ်ခုကို ခွင့်ပြုပေးထားသည်ကိုလည်း တွေ့ရ သည်။ ဤအနေအထားများသည်ွ အသွ ဖြစ်
သင့်သည်ဟု ပြောဆိုလာကြသည်များလည်း ရှိ သည်။ အစိုးရချင်း ချိတ်ဆက်ပြီး စာချုပ်ချုပ်
ပြီး ဝယ်ယူခြင်းသည် အာမခံမှု အရှိဆုံးဖြစ် သည်ဆိုသည့် ဆန်တန်ချိန် ၃ ဒသမ ၆ သန်း လောက်
ရောင်းရခြင်းသည် ဈေးကွက်အသစ် များ ပွင့်သွားခြင်းဖြစ်သည်။ သို့သော် ဤဈေး ကွက်သည်
မည်မျှ ခိုင်မာမည်နည်း၊ အစိုးရချင်း သဘောတူ စာချုပ်ဖြင့် နိုင်ငံတကာဈေးကွက် တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်
ဆန်၏ အရည် အသွေးက စကားပြောလာပါသည်။ ထုတ်လုပ် မှုသည် တည်ငြိမ်မှု ရှိရန် လိုအပ်ပါသည်။
အ ကြောင်းတစ်ခုခုကြောင့် ပြည့်မှီအောင် မတင် ပို့နိုင်ပါက ဈေးကွက် ပျက်သွားပေမည်။
ဆန်စ ပါး ထုတ်လုပ်မှုကို ၂ဝ၂ဝ ကာလတွင် တန်ချိန် ၄ သန်းအထိ မှန်းဆထားသည်။ ကောင်းသော ရည်မှန်းချက်
ဖြစ်သည်။ သတိပြုရန်မှာ အစဉ် အဆက် ဆန် သို့မဟုတ် စပါးကို ဗဟိုပြုပြီး လုပ်ကိုင်ရှာဖွေနေခြင်းမှ
ခွာသင့်ချိန်ရောက်နေ ပြီဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ဆန်စပါးတွင် မြန်မာထက် ရှေ့သို့
ရောက်နေ သော် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ နောက်မှ လိုက်လာသော ကမ္ဘောဒီးယား၊ ဘရာဇီး စ
သည့် ဆန်ထုတ်သည့် နိုင်ငံများ၏ ရောက်နေ သည့် နည်းပညာ၊ ဈေးကွက်တွင် ဦးထားမှုများ အတွက်
အရင်းအနှီးအများအပြား ထည့်သွင်း ရပေမည်။ ရှေ့ရောက်နေသော နိုင်ငံများကို နောက်မှ လိုက်နေရန်မှာ
အလှမ်းဝေးလှသည်။ ကာလတစ်ခုအထိ ဆန်စပါးနှင့် ပတ်သက်လာ လျှင် ဆင်းရဲသားဈေးကွက်ကိုသာ မှီခိုနေရဦး
မည်ဟု ဆိုသည်။ သူဌေးဈေးကွက်တွင် ပြိုင် ဘက်နိုင်ငံများသို့ မီအောင် လိုက်နိုင်နိုင်အောင်
ခက်ခဲပေဦးမည်။ ထိုသို့သော အခြေအနေတွင် အမယ်စုံ စိုက်ပျိုးရေး ဘက်သို့ ဦးစားပေး စဉ်း
စားသင့်သည်။ စက်မှုကုန်ကြမ်း သီးနှံများဖြစ် သည့် ရော်ဘာ၊ ကြံသကြား၊ ဆီထွက် သီးနှံ၊
ပဲမျိုးစုံ အထိ ပါဝင်သည်။ အရေးကြီးသည်မှာ ဈေးကွက်ကို တစ်နေရာတည်း မှီခိုရခြင်းမှ ကင်းလွတ်ရန်
ဖြစ်သည်။ မြန်မာပြည်တွင် ပဲနှင့် နှမ်းဈေးကွက်သည် အကျယ်ကြီး ဖြစ်နေသော် လည်း အိန္ဒိယကို
မှီခိုရခြင်းမှာ မူလကာလများ တုန်းက ပဲနှင့် နှမ်းကို ဂျပန်သို့ တင်ပို့ရန် စီ စဉ်ခဲ့ဖူးသည်။
ထို နမူနာပစ္စည်းများသည် ဓာတု အြ<ွကင်းအကျန်များ မကုန်စင်ဟု ဆိုကာ မြန် မာပြည်သို့
ပြန်ပို့ခဲ့သည်။ အစိုးရ၊ တောင်သူ၊ ပုဂ္ဂလိကများ သုံးဖလှယ် ညှိနှိုင်းဖြေရှင်းရန် လို
သည်။ အြ<ွကင်းအကျန် ဓာတုပစ္စည်းများမှ ကင်း စင်ရန် စိုက်နည်းစနစ်ကို တောင်သူကလည်း
သိထားရန် သိုလှောင်သည့် ပုဂ္ဂလိက ကုန်သည် ကလည်း လိုသည်။ အစိုးရကလည်း ဓာတုအြ<ွကင်းအကျန်များ
ပါဝင်မှု ရှိမရှိကို စမ်းသပ်စစ် ဆေးနိုင်သည့် ဓာတ်ခွဲခန်းများကို လက်လှမ်းမီ သည့် နယ်တော်တော်များများတွင်
ရှိနိုင်အောင် အစီအစဉ်များ ရေးဆွဲထားရန် လုပ်ဆောင်ထား ရန် လိုပါသည်။ ဤသို့ စနစ်တကျ
လုပ်ဆောင် မှသာ အမယ်စုံ စိုက်ပျိုးရေးကို အခြေခိုင်ခိုင် နှင့် ခိုင်မာသည့် ဈေးကွက်အဖြစ်
ဦးဆောင် လျှောက်လှမ်းနိုင်ပေမည်ဟု ယူဆမိပါသည်။
.
.
.
#KBZTai #Shan