နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
နောင်ချိုမြို့အဝင် အိုရီရမ်တယ်တိုးလ်ဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင်
အောက်တိုဘာ ၁၅ ရက်၊ ညပိုင်းက ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာမှ
စိတ်ကြွရူးသွပ်ဆေး သယ်ဆောင်လာသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နောင်ချိုမြို့မ
ရဲစခန်းမှ သိရှိရသည်။
.
.
အမှတ် ၂၄ မူးယစ်တပ်ဖွဲ့စု၊
စ.ရ.ဖ(နောင်ချို)တို့ ပူးပေါင်းအဖွဲ့သည့် နောင်ချိုမြို့ မိုင်တိုင်အမှတ် (၈၀/၄)တွင်
မူးယစ်သတင်းအရ စောင့်ဆိုင်းနေစဉ် ကျောက်မဲမြို့ဘက်မှ လဂွန်း(ခ)မာဂွန်း မောင်းနှင်လာပြီး
ကျားရှီး လိုက်ပါလာသည့် ဆိုင်ကယ်အား စစ်ဆေးရာမှ ကျားရှီးဆိုသူထံမှဆေးပြားများ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“သူတို့နေတဲ့ရွာမှာ
ပြန်ရောင်းဖို့နဲ့ သူတို့သုံးဖို့အတွက် သယ်ဆောင်လာတဲ့အချိန်မှာ ဖမ်းမိတာပါ။”ဟု
အမှတ် ၂၄ မူးယစ်တပ်ဖွဲ့စုမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
.
ဖမ်းဆီးရမိသည့်
နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာ၊ ရပ်ကွက် ၁ နေ လဂွန်း(ခ)မာဂွန်း ၃၇ နှစ်နှင့်
နေရပ်တူ ကျားရှီး ၅၀ နှစ်တို့ ၂ ဦးကို နောင်ချိုမြို့မ ရဲစခန်းမှ မယ(ပ)၇၃/၂၀၁၈၊
မူးစိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan