မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကျောက်မဲမြို့၊ အိုရီယင်တယ် တိုးလ်ဂိတ်တွင် အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းက မော်တော်
ယာဉ် တစ်စီးပေါ်မှ ကပ်ထူ ချပ်ဖာများဖြင့် ဖုံးအုပ်ကာ ကားကိုယ်ထည်အတွင်းဝှက်၍ တရားမဝင်သယ်ဆောင်လာသော
ကျောက်စိမ်းတုံးများကို ဖမ်းဆီး ရမိခဲ့သည်ဟု သိရသည်။
.
.
“အခု ရဲစခန်းဝင်းထဲမှာ
အပေါ်က ချပ်စက္ကူတွေဖယ်ပြီး ကားဘော်ဒီကိုခွာ ရှာနေပါတယ်။ ကျောက်စိမ်း အရေအတွက် ကတော့
တစ်ခုချင်း စစ်ဆေးပြီးမှ သိမှာဖြစ်ပါတယ်။ လောလောဆယ်တော့ အရေအတွက်နဲ့ တန်ဖိုးမသိနိုင်သေးပါဘူး”ဟု
ကျောက်မဲမြို့ရဲစခန်း တာဝန်ကျ အရာရှိက ပြောသည်။
ကျောက်မဲမြို့အဝင်
အိုရီယင်တယ်ဟိုက်ဝေးတိုးဂိတ်တွင် အောက်တိုဘာလ ၉ ရက်၊ နံနက် ၈ နာရီခွဲအချိန်ခန့်က ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ
ရဲအုပ်ကျော်မိုးလွင်၊ ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်နိုင်မိုး၊
ကျောက်မဲတာဝန်ကျ စရဖနှင့် ကွန်မန်ဒိုတပ်စုတို့သည် တရားမဝင်ပစ္စည်းများ သယ်ဆောင်လာကြောင်း
သတင်းအရ စောင့်ဆိုင်း ရှာဖွေနေစဉ် မန္တလေးမှ မူဆယ်သို့ မူဆယ်မြို့၊ အထက်တုံခမ်းကျေးရွာနေ
တိုးနန္ဒာဆောင် (ခ) အီတိုး (၂၃) နှစ် မောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ
ယာဉ်ပေါ်တွင် ချပ်ဖာများဖြင့်ဖုံးအုပ်လျက် တရားမဝင် ကျောက်စိမ်းတုံးများကို ကားကိုယ်ထည်အတွင်း
ဝှက်၍သယ်ဆောင်လာသည်ကို ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ဖြင်းဖြစ်သည်။
.
သို့ဖြစ်၍
တရားမ၀င်ကျောက်စိမ်းတုံးတင်ဆောင်လာသည့် ယာဉ်အား ကျောက်မဲရဲစခန်းအတွင်း ထိန်းသိမ်းထားရှိပြီး
သက်သေများရှေ့တွင် အသေးစိတ်ဖွင့်ဖောက်စစ်ဆေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ
စုံစမ်းသိရှိရသည်။
.
.
.
#KBZTai
#Shan