နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၌ မြန်မာနိုင်ငံသား တိုင်းရင်းသားများ
မှတ်ပုံတင်ပြုလုပ်ရာ၌ ၂၈ ရက်အတွင်း အပြီးသတ်ဆောင် ရွက်ပေးမည် ဖြစ်ကြောင်း လားရှိုး မြို့နယ်၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံးမှ သိရှိ ရသည်။
.
.
လားရှိုးမြို့တော်ခန်းမ၌ အောက်တိုဘာ ၁၂ ရက်ကပြုလုပ်သည့်လူ ထုတွေ့ဆုံပွဲတွင်
လားရှိုးဒေသခံ တစ်ဦးမှ တိုင်းရင်းသားများ မှတ်ပုံ တင်ပြုလုပ်ရာတွင် အချိန်ကြာမြင့်
ရခြင်း အကြောင်းကို မေးမြန်းရာ လားရှိုးမြို့နယ်၊ လဝက ဦးစီးမှူး ဦးကျော်ကျော်လင်းက
ပြန်လည်ဖြေ ကြားခဲ့ခြင်း ဖြစ်သည်။
''မြန်မာနိုင်ငံသား တိုင်းရင်းသား အမှန်ဖြစ်တယ်ဆိုရင် ၂၈ ရက်ပဲ
ကြာပါတယ်။ အလွန်ဆုံး ၁ လပြီး အောင် ဆောင်ရွက်ပေးပါတယ်။ ၁ လပြည့်လို့မှ မရရင် ကျွန်တော်နဲ့
တိုက်ရိုက် လာတွေ့လို့ ရပါတယ်။ သွေးနှောတွေ ဆိုရင်တော့ တိုင်းရင်း သားတွေလိုတော့ မဟုတ်ဘူး။
သူ့ အမှုတွဲစုံမှု၊ မစုံမှု ပေါ်မှာမူတည်ပြီး တော့ ကြန့်ကြာတတ်ပါတယ်''ဟု မြို့နယ်ဦးစီးမှူး
ဦးကျော်ကျော်လင်း က ပြောသည်။
.
တိုင်းရင်းသား အမှန်တကယ် ဖြစ်ပါက မှတ်ပုံတင်ပြုလုပ်ရာတွင် ၂၈ ရက်အတွင်း
ရရှိအောင် ဆောင်ရွက်ပေး နေခြင်းဖြစ်ကြောင်း သိရ သည်။
.
''ကျွန်တော်တို့ တိုင်းရင်းသား တွေ မှတ်ပုံတင် လုပ်တဲ့အခါမှာ အချိန်
အရမ်းကြာတယ်။ မြန်မာစာမပြောနဲ့ မြန်မာစကားမတတ်တဲ့သူတွေ မှတ်ပုံတင်လုပ်တာ ၃ နာရီလောက်နဲ့
ရခဲ့တာကို တွေ့လို့ ဒီလိုမေးရတာ ပါ''ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း
(လားရှိုး)မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းစိုင်းက ပြောသည်။
.
လားရှိုးမြို့တော်ခန်းမတွင် တစ် လတစ်ကြိမ် ဌာနဆိုင်ရာ ၄၈ ခု နှင့်
ပြည်သူလူထု တွေ့ဆုံပွဲများ ပြုလုပ်ပြီး တာဝန်ရှိသူများက ဖြေ ကြားခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan