မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာ ချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင်
အ မှန်တကယ်လိုအပ်နေသည့် ပညာ ရေးဝန်ထမ်း အိမ်ရာများကို စတင် တည်ဆောက်လျက်ရှိရာလာမည့်
၎ လအတွင်း အပြီးဆောက်လုပ်ပေး သွားရန်ရှိကြောင်း ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၇)အမျိုးသားလွှတ်
တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ် က အောက်တိုဘာလ ၆ ရက်တွင် ပြောကြားခဲ့သည်။
.
.
''ဆရာ/ဆရာမတွေမှာက ဝက် တဲလိုနေရာမျိုးမှာ ကုတ်ကပ်နေရ တယ်။ ပညာရေးဌာနကချပေးတာလဲ
ကျောင်းဆောင်ပဲပါပြီး ဝန်ထမ်းအိမ် ရာမပါတော့ ဒီလိုပဲနေကြရတာပါ။ လျှပ်စစ်မီးတောင် လာအိုက
လုပ် ပေးထားတာပါ။ ဘယ်သူမှချိတ်မပေး ထားလို့ တစ်မြို့လုံးကလင်းနေချိန် သူတို့ အမှောင်ထဲနေကြရတာတွေ့
ရတော့ စက်မီတာနဲ့ချက်ခြင်း အကူ အညီ တောင်းပေးပြီးသွယ်ပေးခဲ့ပါ တယ်။ ဆရာ/ဆရာမတွေအတွက်
ရွှေလုပ်ငန်းရှင်ကုမ္ပဏီတွေက လူ သားချင်းစာနာစိတ်နဲ့ လှူဒါန်းပံ့ပိုး ကူညီပေးတာပါ။ သူတို့အတွက်
စီးပွား ရေးဆိုင်ရာ အပေးအယူဘာတစ်ခု မှမရှိဘဲ စိတ်ရင်းစေတနာ သန့်သန့် နဲ့ ကူညီပေးတာဖြစ်ပါတယ်''ဟု
ဦး စိုင်းလုံစံခတ်က ပြောသည်။
အမျိုးသားလွှတ်တော်ကိုယ်စား လှယ်နှင့် ရွှေလုပ်ငန်းရှင်အသင်းဥက္ကဌ
တို့မှ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ဝမ်နတ်ကျေးရွာ အခြေခံပညာအ ထက်တန်းကျောင်းရှိ
ဆရာ/ဆရာမ ၁၆ ဦးမှာ ဝန်ထမ်းအိမ်ရာမရှိ၍ ထွေ /အုပ်ရုံး မြေကွက်အတွင်းဖြစ်သလို နေထိုင်ရခြင်းကို
စိတ်မကောင်းစွာ မြင်တွေ့ခဲ့ရသည့်အတွက် ရွှေသတ္တု လုပ်ငန်းရှင်များမှ ၈ ခန်းတွဲ ၂ ထပ်
ဆောင်တစ်ဆောင်ကို ငွေကျပ်သိန်း ၂ဝဝဝ ခန့် အကုန်အကျခံလှူဒါန်းကာ ၄ လအတွင်း အပြီးတည်ဆောက်
သွားမည်ဖြစ်ပြီး ထိုအဆောင်များ ပြီး စီးစေရန် မြို့စည်ပင်သာယာဌာနမှ ကြီးကြပ်လုပ်ဆောင်ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
.
''မြင်တွေ့ရတာ တော်တော်စိတ် မကောင်းဘူးဗျာ။ ကျွန်တော်တို့ဒေ သက
ကလေးတွေကိုလာပြီး ပညာ သင်ပေးတဲ့ ဆရာ/ဆရာမတွေဒီလို နေထိုင်နေရတာမြင်တွေ့ရတော့ ဘာအကျိုးအမြတ်မှမရှိတဲ့
စေတနာ သန့်သန့်နဲ့ ကူညီပေးတာပါ။ အကျိုး လိုလို့ ညောင်ရေလောင်းတာ၊ တစ် မတ်ပေးပြီး တစ်ကျပ်ယူတာမရှိဘဲ
ကူညီကျေးဇူးပြုတာပါ''ဟု ရှမ်းပြည် နယ် အရှေ့ပိုင်းရွှေသတ္တုလုပ်ငန်းရှင် များဥက္ကဌ ဦးအောင်ခင်က
ဆိုသည်။
.
ကျိုင်းလပ်မြို့၊ ရပ်ကွက်(၁) ဝမ် လုံရပ်ကွက်တွင်လည်း ဝန်ထမ်းအိမ်
ရာမရှိဘဲ ဖြစ်သလိုနေထိုင်နေကြ ရသည့် ဝန်ထမ်း ၃ ယောက်အတွက် ၃ ခန်းတွဲ ၂ ထပ်ဆောင် တစ်ဆောင်
အား ငွေကျပ် ကျပ်သိန်း ၁ဝ၁၄ ဖြင့် အကုန်အကျခံဆောက် လုပ်နေ ပြီဖြစ်ကြောင်း ၄င်းမှဆက်လက်ပြော
ကြားခဲ့သည်။
.
.
.
#KBZTai #Shan