ဆရာယဉ်မင်းအောင်
.
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်မှ ၂၄ ရက် အထိ
.
တနင်္ဂနွေ
.
မထင်မှတ်သူနဲ့ ပြန်လည်ဆုံတွေ့မည်။ အကြံအစည်များ အသစ်ပေါ်ပေါက်လာမည်။
ခရီးသွားလို သော်လည်း ထွက်မရဖြစ်နေမည်။ ငွေကြေးဝင်မည်။ မမြဲပါ ငွေခေါင်းကွဲနေလိမ့်မည်။
ဆောင်ရွက်ရန် ကိစ္စများ ရှုပ်ထွေးနေလိမ့်မည်။ သားသမီးတို့ကြောင့် စိတ်မောရမည်။ စိတ်မရွှင်လန်းဘဲရှိမည်။
ပိုင်ဆိုင် ပစ္စည်းထုခွဲရောင်းချရလိမ့်မည်။ ကုန်သည်များမှာ အရောင်းကောင်းနေသော်လည်း
ြေ<ွကးကျလိမ့်မည်။ ဝန်ထမ်းများမှာ အလုပ်ပြီးစီးမည်။ စိတ်သက်သာရာရမည်။ ပွဲစားများမှာ
အိမ်ငှားတည့်လိမ့်မည်။ ငယ်သူ များ အချစ်ရေးကိစ္စတွင် ချစ်သူနဲ့ ပြန်လည်ဆုံတွေ့မည်။ ကျန်းမာရေးကိစ္စများတွင်
ဖျားနာလိမ့်မည်။ ကံ ကောင်းစေသော ဂဏန်းမှာ(ဝ/၁/၇)ဖြစ်သည်။
ယတြာ။ ဘုရားတွင် ကျောက်ကျောလှူပါ။
တနင်္လာ
.
ကားပြုပြင်ရမည်။ ကားအလှဆင်ခြင်းပြုလုပ်ရမည်။ လမ်းတွင် ဆီပြတ်ခြင်း၊
ဘီးပေါက်ခြင်းကြုံမည်။ သတိထားပါ။ စီးပွားရေးအခွင့်အလမ်းကောင်းများ ပေါ်လာမည်။ အလုပ်တိုးချဲ့နိုင်မည်။
မိတ်ဆွေ ကောင်းတွေ့မည်။ ကြီးသူကြောင့် သောကနည်းနည်းကြုံပါမည်။ ထင်ရှားသေူသူများနဲ့တွေ့ရမည်။
ကုန် သည်များမှာ အရောင်းစာရင်းမှားယွင်းရေးသွင်းမိလိမ့်မည်။ ဝန်ထမ်းများမှာ အလုပ်ရှုပ်ထွေးပြီး
ပိနေလိမ့် မည်။ ပွဲစားများ အခြားပစ္စည်းအရောင်းတည့်သဖြင့် ပွဲခရမည်။ ငယ်သူများမှာ အချစ်ရေးတွင်
ချစ်သူပေး သော လက်ဆောင်ကောင်းကိုရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် နားလေထွက်ခြင်း၊
နားရေဝင်ခြင်း ကြုံတတ်သည်။ ကံကောင်းစေသော ဂဏန်းမှာ(၃/၄/၈)ဖြစ်သည်။
ယတြာ။ စေတီတွင် မုန့်လှူပါ။
.
အင်္ဂါ
.
ခရီးဝေးသွားလာရမည်(သို့မဟုတ်)အဝေးမှ ဧည့်သည်လာမည်။ ရေနဲ့နီးသောနေရာများကို
သွားလာ ရမည်။ ရှေးဟောင်းအဆောက်အဦ တွေ့မြင်ရမည်။ ငွေကြေးပျောက် တတ်သည် သတိထားပါ။ အိမ်အ
တွက် ပစ္စည်းပြင်ခြင်း၊ ဝယ်ခြင်းကြောင့် ငွေကုန်လိမ့်မည်။ နေအိမ်သို့ ဘီဒိုများ အဝင်မခံသင့်သေးပါ။
နာရီပျက်ပြင်ပါ။ ကုန်သည်များမှာ အရောင်းအားကောင်းမွန်လာမည်။ ဝန်ထမ်းများအောက်လူနဲ့
သဘော ကွဲမည်။ ပွဲစားများမှာ အလုပ်ရပါတန့်နေမည်။ ငယ်သူများအချစ်ရေးတွင် ချစ်သူနဲ့ စိတ်ကောက်မည်။
အငြင်းပွာလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် သွားကိုက်မည်။ သွားနာမည်။ ကံကောင်းစေသော ဂဏန်းမှာ
(၂/၆/၉)ဖြစ်သည်။
ယတြာ။ စေတီတစ်ဆူ၏ စနေထောင့်မှာ
အမွှေးတိုင်လှူပါ။
.
ဗုဒ္ဓဟူး
.
ရစရာပြန်ရမည်။ အမွေရရန်ရှိသူများ အမွေရလိမ့်မည်။ မြုပ်နေသော ငွေများ
ပြန်ပေါ်လာမည်။ အိမ်နီးချင်းများကိစ္စ ကူညီဆောင်ရွက်ပေးရမည်။ ညစာစားပွဲတက်ရခြင်း၊ အစားကောင်းစားရခြင်းကြုံမည်။
စီးပွားရေးစိတ်တိုင်းမကျသေးပါ။ ခက်ခဲသောကိစ္စများ ဆောင်ရွက်အောင်မြင်မည်။ မနာလိုသူ အတိုက်အ
ခံနည်းနည်းရှိပါသည်။ ကုန်သည်များမှာ ကုန်လှောင်သူများ ဈေးကောင်းမိ၍ မြတ်မည်။ ဝန်ထမ်းများမှာ
အကြီးအကဲအပြောင်းအလဲကြုံပါမည်။ ပွဲစားများမှာ နည်းနည်းအဆင်ပြေလာမည်။ ငယ်ရွယ်သူများမှာ
ချစ်သူနဲ့ အတူ လည်ပတ်ရမည်။ တွေ့ဆုံနိုင်မည်။ ကျန်းမာရေးကိစ္စများတွင် အကြောတင်မည်။ အ
ကြောနာမည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၃/၈)ဖြစ်သည်။
ယတြာ။ ဘုရားတွင် အကြော်လှူပါ။
.
ကြာသပတေး
.
စက်ပစ္စည်းကြောင့် စိတ်မောရမည်။ ဖုန်းပျောက်တတ်သည်။ သတိထားပါ။ မိမိစေတနာကိုအကောင်း
မမြင်သူကြောင့် စိတ်ညစ်ရမည်။ သူများကိစ္စမဝင်ပါရ၊ ကြားညှပ်မည်။ အလုပ်ပြောင်းရန် စိတ်ကူးပေါ်
မည်။ လက်ရှိအလုပ်တွင် မပျော်ရွှင်ချေ။ ငွေကြေးမလုံလောက်သော ကာလများ ဖြတ်သန်းနေရမည်။
စိတ်မတည်ငြိမ်ခြင်းဖြစ်မည်။ ကုန်သည်များမှာ အရောင်းအားပြန်ကောင်းလာမည်။ ဝန်ထမ်းများ
အလုပ် ကိစ္စအဆင်ပြေမည်။ ပွဲစားများမှာ ငွေချေးငှားသုံးရလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင်
ချစ်သူ အသစ်တွေ့မည်။ ချစ်သူအဟောင်းကြောင့် စိတ်မပျော်ရွှင်နိုင်ပါ။ ကျန်းမာရေးကိစ္စများတွင်
အစားအ သောက်ပျက်မည်။ အားနည်းလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ(၁/၆/၇)ဖြစ်သည်။
ယတြာ။ ဘုရားတွင် သစ်သီးလှူပါ။
.
သောကြာ
.
မိတ်ဆွေဟောင်း၊ ကိစ္စဟောင်း ဆက်စပ်ပြီး ငွေအသင့်တင့် ထပ်ဝင်လာမည်။
အကြံအစည်ကောင်း ပေါ်မည်။ ရွှေရတနာဝင်မည်။ အိမ်အနည်းငယ် ပြင်ရမည်။ လျှပ်စစ်မီးများ ပြုပြင်ရလိမ့်မည်။
မထင်သော ခရီးသွားလာရမည်။ ငယ်သူကြောင့် စိတ်မချမ်းသာလှချေ။ မိမိပစ္စည်းများ အထားမှားလိမ့်မည်။
စီးပွား ရေးအလုပ်ရှုပ်ထွေးနေမည်။ ကုန်သည်များအရောင်းအဝယ် ကောင်းမွန်လာမည်။ ဝန်ထမ်းများ
လစာ(သို့) အပိုဝင်ငွေတိုးလာမည်။ ပွဲစားများမှာ ပွဲခကောင်းကောင်းရတော့မည်။ ငယ်သူများ
အချစ်ရေးတွင် ချစ်သူ ကို မိမိက ကူညီပေးရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် အစားမှားတတ်သည်။
ဝမ်းပျက်လိမ့်မည်။ သတိပြုပါ။ ကံကောင်းစေသော ဂဏန်းမှာ (၂/၇/၈)ဖြစ်သည်။
ယတြာ။ စေတီတွင် တံခွန်တစ်ခုလှူပါ။
.
စနေ
.
ကိစ္စဟောင်းပြန်လည်ရှင်းလင်းရမည်။ ကွဲကွာနေသော ဆွေမျိုးများ ပြန်လည်ဆုံတွေ့လိမ့်မည်။
အ စားကောင်းစားရမည်။ လက်ဆောင်ကောင်းရမည်။ အဝတ်အစားသစ်ဝင်လာမည်။ စီးပွားရေးအကွက် ကောင်းတွေ့တော့မည်။
သတင်းကောင်း ကြားသိရမည်။ ခရီးသွားလာပျော်ရွှင်ရမည်။ ငယ်သူအတွက် အပူနည်းနည်းရှိမည်။ ကုန်သည်များမှာ
အြေ<ွကးဟောင်းပြန်ရလာမည်။ ဝန်ထမ်းများ ခရီးထွက်ရမည်။ အချို့အလုပ်ခွင့်ယူရမည်။ ပွဲစားများမှာ
အပေါင်ကိစ္စဖြစ်လာလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ် သူ၏ မိဘဆွေမျိုးများနဲ့
တွေ့ရလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် ခေါင်းကိုက်မည်။ ခေါင်းမူးလိမ့်မည်။ ကံ ကောင်းစေသော
ဂဏန်းမှာ(၂/၆/၃)ဖြစ်သည်။
ယတြာ။ ဘုရားမှာ ဆွမ်း+ဟင်းလှူပါ။
.
.
.
#KBZTai #Shan