နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီး
ဂုတ်တွင်းလမ်းပိုင်းမှ ကားကြီးများ မကြာခဏ တိမ်းမှောက်နေသော အမှတ် ၇ ကုလားမကွေ့ ပြုပြင်ခြင်း
သတ်မှတ်ရက်ထက် စောပြီးခဲ့ခြင်း ကြောင့် ပြည်သူများ ပုံမှန်ခရီးသွားလာနိုင်ပြီဖြစ်ကြောင်း
လမ်းပိုင်းအား တာဝန်ယူပြုပြင်နေသည့် အိုရီယမ်တယ် ဟိုင်းဝေးကုမ္ပဏီမှ သိရှိရသည်။
.
.
အမှတ် ၇ ကုလားမကွေ့အား အကြီးစားပြုပြင်မှုကို အောက်တိုဘာ ၂၆ ရက်မှစတင်ကာ
အောက်တိုဘာ ၃၀ ရက်ထိပြုပြင်မည်ဟု သတ်မှတ်ထားသော်လည်း အောက်တိုဘာ ၂၈ ရက်တွင် ပြီးစီးပြီဖြစ်သောကြောင့်
ခရီးသွားများ ပုံမှန်သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
“သုံးလွှာခင်းတယ်။ အောက်တိုဘာ ၂၈ ရက်မှာ ပြီးသွားပါတယ်။ ၂၉ ရက်မှာ
စောင့်ကြည့်တယ်။”ဟု
အိုရီယမ်တယ်ဟိုင်းဝေးကုမ္ပဏီမှ ရှမ်းပြည်နယ်(မြောက်ပိုင်း) စီမံကိန်း မန်နေဂျာ ဦးသက်ဆွေက
ပြောသည်။
.
အဆိုပါ လမ်းပိုင်းပြုပြင်ခြင်းကို ပထမ အခြေခံလွှာ ခြောက်လက်မအထူ၊
ဒုတိယ အခြေခံလွှာ ခြောက်လက်မ အထူနှင့် တတိယ အခြေခံလွှာ နှစ်လက်မခွဲ AC (နိုင်လွန်ကတ္တရာ)
ခင်းခြင်းဖြင့် အလျား ၁၆၀ ပေ၊ အကျယ် ၃၄ ပေ အကြီးစားပြုပြင်ခဲ့ကြောင်း အိုရီယမ်တယ်ဟိုင်းဝေးကုမ္ပဏီမှ
သိရသည်။
.
“ချက်ချင်းကြီးတော့ မသိနိုင်သေးဘူးပေါ့။ လတ်တလောမှာတော့ အဆင်ပြေနေပါတယ်။
စောင်ကြည့်ရမှာလို့ပဲ ပြောလို့ရပါသေးတယ်။”ဟု အဆိုပါ
လမ်းပိုင်းတွင် ယာဉ်မောင်းသူ ကားကြီးယာဉ်မောင်း ဦးသာဝက ပြောသည်။
.
အဆိုပါ အမှတ် ၇ ကုလားမကွေ့ မိုင်တိုင်အမှတ် (၈၃/၄)တွင် တွဲကားများ၊
ဆီဘောက်ဆာကားများ မကြာခဏ တိမ်းမှောက်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိရာ
ယာဉ်တိုက်မှုနှင့် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန်အတွက် အကြီးစားပြုပြင်ရခြင်းဖြစ်ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan