တောင်ကြီးရှိ တရားမျှတမှုစင်တာမှ အမှုပေါင်း ၁ဝဝ ကျော်ကို အခမဲ့ ရှေ့ နေလိုက်ပါ ဆောင်ရွက်ပေးနိုင်ခဲ့ဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးရှိ တရားမျှတမှုစင်တာမှ အမှုပေါင်း ၁ဝဝ ကျော်ကို အခမဲ့ ရှေ့ နေလိုက်ပါ ဆောင်ရွက်ပေးနိုင်ခဲ့ဟု ဆို

မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အခြေစိုက်  International Bridges of Justice-IBJ တရားမျှတမှုစင်တာ အနေဖြင့် ရာဇဝတ်မှုဖြင့် စွပ်စွဲခံထား ရပြီး ရှေ့နေငှားရမ်းရန် ငွေကြေးမ တတ်နိုင်သူများအတွက် အခမဲ့ရှေ့ နေအဖြစ် လိုက်ပါဆောင်ရွက်ပေး လျက်ရှိရာ စင်တာစဖွင့်သည့်နေ့မှ ယနေ့အထိ အမှုပေါင်း ၁၂၆ ခုကို လက်ခံ ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ် ကြောင်း အဆိုပါစင်တာ၏ ဥပဒေ အကြံပေးဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်မိုမိုးက ပြောသည်။
.
''တရားမျှတမှုရှိမှ ဥပဒေစိုးမိုး မှုရှိမယ်။ ဥပဒေစိုးမိုးမှ ငြိမ်းချမ်းမယ်။ ဖြစ်စဉ်တွေက တစ်ဆက်တစပ်တည်း ဖြစ်မှ အောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့် အခုတရားမျှတမှုစင်တာ တွေကနေ အတတ်နိုင်ဆုံး ဥပဒေစိုး မိုးအောင် တတ်စွမ်းသမျှကူညီပေး နေပါတယ်။ ဒီစင်တာမှာ အဓိကက အဂတိကင်းစင်ဖို့ကို အလေးထားပြီး ဝန်ခံကတိနဲ့ လုပ်ဆောင်ပေးနေပါ တယ်။ လာဘ်ပေးသူရော ယူသူရော မကျူးလွန်မှသာ တရားမျှတပြီး ဥပဒေစိုးမိုးနိုင်စွမ်းရှိမှာ ဖြစ်ပါတယ်''ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။
.
IBJ အနေဖြင့် မြန်မာနိုင်ငံအ တွင်း တောင်ကြီး၊ မန္တလေး၊ တောင် ငူနှင့် ဘားအံမြို့များတွင် ရုံးခွဲများ ဖွင့်လှစ်ထားပြီး တောင်ကြီးရုံးခွဲ၏ ကြီးကြပ်မှုဖြင့် ကလောတွင်လည်း ကောင်း၊ တောင်ငူရုံးခွဲ၏ ကြီးကြပ်မှု ဖြင့် နေပြည်တော်တွင် လည်းကောင်း Settilite Office များအဖြစ် ထပ်မံ ဖွင့်လှစ်ထားကြောင်း သိရသည်။
.
IBJ စင်တာများအနေဖြင့် ရာဇ ဝတ်မှုများမှ ငွေကြေးမတတ်နိုင်သူ တရားခံများအား လိုက်ပါဆောင်ရွက် ပေးလျက် ရှိရာ စင်တာစတင်ဖွင့်လှစ် သည့် ၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် မှ ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်အထိ အမှုပေါင်း ၁၂၈ မှု ကို လိုက်ပါဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယင်းအမှုများအနက် အမှုပေါင်း ၇၆ မှုကို ပိတ်သိမ်းနိုင်ခဲ့ကာ လက်ရှိ အ မှုရင်ဆိုင်နေဆဲ ၅၂ မှု ရှိသည်ဟု သိရသည်။
.
တရားမျှတမှုစင်တာ အနေဖြင့် ယခင်က တောင်ကြီးခရိုင်ပြင်ပသို့သွားရောက်လိုက်ပါနိုင်သော်လည်း အချိန်နှင့် အမှုအရေအတွက်အရ အခြားမြို့များတွင် ဖြစ်ပွားသော အမှု များအတွက် မြို့ခံ၊ ဒေသခံသို့မဟုတ် လိုက်ပါ ဆောင်ရွက်ပေးနိုင်သူ လုပ်အားပေးရှေ့နေများနှင့် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိနေရာ ယခု အချိန်အထိ အမှုပေါင်း ၁၁၇ မှု ကို ချိတ်ဆက် ဆောင်ရွက်ပေးနိုင် ခဲ့သည်ဟု စင်တာ အုပ်ချုပ်ရေးမှ ဒေါ်သွဲ့နှင်းအေးထံက သိရသည်။
.
''ရုံးမှာ လုပ်အားပေးအနေနဲ့ ရှေ့ နေဦးရေ ၃၄ ဦးကနေ လူထုအတွက် အခမဲ့အမှုလိုက်ပေးနေပါတယ်''ဟု ဒေါ်သွဲ့နှင်းအေးက ပြောသည်။
.
''တချို့အမှုတွေကျတော့ IBJ အနေနဲ့ မလုပ်နိုင်ဘူးလို့ ယူဆရင် ကျွန်မကိုယ်တိုင် ၂ဝ၁၇ မှာတည် ထောင်ထားတဲ့ Peace and Justice Legal Aid  အဖွဲ့ဝင်တွေက အခမဲ့ လိုက်ပါလုပ်ဆောင်ပေးပါတယ်။ကျွန် မဆိုရင် အခုပဲ ပဲခူးတိုင်းဘက်မှာ လူငယ် ၂ ဦးကိစ္စလိုက်ပါ ဆောင် ရွက်ပြီး ပြန်ရောက်တာပါ။ အမှုတစ် ဝက်ရောက်နေပါပြီ''ဟု Legal Aid တည်ထောင်သူ IBJ အဖွဲ့ဝင်ဒေါ်ခင်မိုးမိုးက ဖြည့်စွက်ပြောကြားသည်။
.
IBJ ရုံးတစ်ဖွဲ့တွင် ပုံမှန်အားဖြင့် ရှေ့နေ ၃ ဦး၊ ရုံးအုပ်ချုပ်ရေးပိုင်း ၁ ဦးရှိသော်လည်း အဓိကရုံးများတွင် ရာဇဝတ်မှုနှင့်ဥပဒေဆိုင်ရာ အကြံပေး ရှေ့နေ ၁ ဦးပါဝင်ဖွဲ့စည်းထား ကြောင်း၊ IBJ ရုံးချုပ်ကိုဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့တွင် ဖွင့်လှစ်ထားရှိ ပြီး နိုင်ငံပေါင်း ၄ဝ ကျော်တွင် ရုံးခွဲ များဖွင့်လှစ်ထားရှိလျက် ဥရောပသမဂ္ဂနှင့် ဗြိတိသျှကောင်စီတို့၏ My Justic အစိတ်အပိုင်းအဖြစ် ကူညီ ထောက်ပံ့ထားရှိခြင်းဖြစ်ကြောင်း သိရသည်။
.
My Uustic အစီအစဉ်ကို မြန်မာနိုင်ငံအတွင်း ရန်ကုန်တွင် ၃ နေရာ၊ မော်လမြိုင်နှင့်သထုံတို့တွင် ၂ နေရာ ဖွင့်လှစ်ပြီးနောက် အစီအစဉ်ထပ်မံ တိုးချဲ့နိုင်စွမ်းမရှိသည်ကို  IBJ အနေ ဖြင့် မြန်မာတစ်နိုင်ငံလုံး ဥပဒေစိုးမိုး ရေးကွန်ရက်သဖွယ် လူထုအားအကူ အညီပေးနိုင်ရန် ဖွင့်လှစ်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း အခြား Rule of Law အဖွဲ့များမှာ ဥပဒေ အသိပညာပေးခြင်း၊ သင်တန်းပေး ခြင်းများပြုလုပ်သော်လည်း အမှုများ တွင် တရားခံအဖြစ် စွပ်စွဲခံရသူများ ဘက်မှ လိုက်ပါဆောင်ရွက် ပေးမှုများ ကိုမူ IBJ အဖွဲ့မှဆောင်ရွက်ပေး လျက်ရှိကြောင်း။ ယခုရက်ပိုင်းတွင် လည်း ဥပဒေပညာဖြန့်ဝေရေးလုပ် ငန်းအဖြစ် ရှေ့နေတိုင်း၊ ဥပဒေလိုက် စားသူတိုင်း လက်စွဲဆောင်ထားသင့် သည့် ပြစ်မှုဆိုင်ရာခုခံကာကွယ်ရေး လက်စွဲစာအုပ်အား စာရေးသားသူ Mr.Jake Stevens တည်းဖြတ်သူ မန္တလေးမှ ရှေ့နေကြီးဦးလှကိုတို့၏ စွမ်းဆောင်မှုဖြင့် တောင်ကြီးမြို့၊ သစ် တောရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ YMCA အဆောက်အဦး၊ အမှတ်(၆)တွင် ဖြန့်ဝေပေးထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats