ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
မြန်မာ-ထိုင်းချစ်ကြည်ရေးတံ တား (၁)၏ တာချီလိတ် ဘက်အခြမ်း၊ တာချီလိတ်-မယ်ဆိုင်သွားလမ်း
တံတားအလယ်တွင် ယာဉ်လမ်း ကြောင်း ပြောင်းလဲမှုနှင့်အတူ တာ ချီလိတ်ဘက်ခြမ်း၌ ယာဉ်အသွား/
အလာ စစ်ဆေးမှု မရှိသော်လည်း မယ် ဆိုင်ဘက်ခြမ်း၌ ယာဉ်အသွား/အ လာ စနစ်တကျ စစ်ဆေးနေမှုများ
ကြောင့် တံတားပေါ်တွင် ယာဉ်အ သွားအလာ ကြန့်ကြာပြီး နေ့စဉ်ပိတ် ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း
သိရသည်။
.
.
''ဒီတံတားက မြန်မာ-ထိုင်းနယ် စပ်ဒေသကို ဖြတ်သန်းသွားလာ တဲ့နေရာမှာ
အဓိက အားထားအသုံး ပြုနေရတဲ့ တံတားဖြစ်ပါတယ်။ တံ တားမှာ ဖြတ်သန်းသွားလာ နေ တဲ့ နှစ်နိုင်ငံက
မော်တော်ယာဉ်တွေ အကုန်လုံး ယာဉ်ကြောပိတ်ဆို့မှု အခက်အခဲတွေ ကြုံတွေ့နေရပါ တယ်။ ဒီလိုဖြစ်နေရတဲ့
အကြောင်း အရင်းကတော့ နေ့စဉ်သွားလာနေ တဲ့ ယာဉ်အစီး အရေအတွက်များ တဲ့အတွက်ကြောင့်လို့
ထင်ပါတယ်။ နောက်ပြီး ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း မလိုက်နာမှုတွေကြောင့် လည်း ဒီလိုတွေ
ဖြစ်နေတာပါ။ နောက်တစ်ခုက နှစ်နိုင်ငံ ယာဉ် လမ်းကြောင်းစနစ် မတူညီတာတွေ ကြောင့်လည်း
ပါဝင်ပါတယ်''ဟု တာချီလိတ်မြို့နေ ယာဉ်မောင်း ဦး စိုင်းအေးက ကမ္ဘောဇတိုင်းသို့ ပြော
ကြားခဲ့သည်။
ယင်းကဲ့သို့ ယာဉ်ကြောပိတ်ဆို့ မှုကြောင့် တာချီလိတ်ဘက်ရှိ တံ တားထိပ်
ဝန်းကျင်ဖြစ်သည့် အဝိုင်း ပတ်နှင့် ပုန်းထွန်ရပ်ကွက်ဘက်မှ လာသည့် ယာဉ်များသည်လည်း ယာဉ်ကြော
ပိတ်ဆို့မှုများနှင့် ကြုံ တွေ့ရလျက် ရှိကြောင်း သိရသည်။
.
အဆိုပါ ယာဉ်ကြော ပိတ်ဆို့ မှုများအား ဖြေရှင်းနိုင်ရန်အတွက် ထိုင်းဘက်မှ
တာဝန်ရှိသူများက မြန်မာ - ထိုင်း ချစ်ကြည်ရေး အ မှတ်(၂) တံတားအား တံတား(၁)နည်းတူ အသုံးပြုရန်အတွက်
မြန် မာဘက်မှ ခွင့်ပြုမည်ဆိုပါ အဆင် သင့် ဖြစ်နေကြောင်းကွှိုဃြ အ စည်းအဝေးတွင် တင်ပြဆွေးနွေးထား သည်ဟု သိရသည်။
.
လက်ရှိတွင် တာချီလိတ်နှင့် မယ်ဆိုင်အကြား ချစ်ကြည်ရေး တံ တား(၁)ကို
လူအဝင်အထွက်အတွက် အသုံးပြုနေပြီး ချစ်ကြည်ရေးတံ တား(၂)ကို ကုန်စည်သယ်ယူပို့ ဆောင်ရေးအတွက်
အသုံးပြုထား ခြင်း ဖြစ်သော်လည်း ချစ်ကြည်ရေး တံတား(၁)မှ တဆင့် ပြည်သူများ သည် ကျန်းမာရေး၊
စီးပွားရေး၊ လူမှု ရေးကိစ္စများဖြင့် မယ်ဆိုင်ဘက်သို့ သွားရောက်ရာတွင် တံတားပေါ်၌ ယာဉ်ကြော
ပိတ်ဆို့မှုများကြောင့် အချိန်ကြန့်ကြာ မှုများနှင့် ကြုံတွေ့ နေရဆဲ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တံတားအား လူအဝင် အထွက်နှင့် နယ်စပ်မြို့တွင် နေထိုင် သူများကို
ဖြတ်သန်းသွားလာခွင့် ခွင့်ပြုထားခြင်း ဖြစ်ပြီး တစ်ပိုင်တစ် နိုင်ကုန်သွယ်ရေးအတွက်
ကုန်စည် သယ်ဆောင်ခြင်းကိုလည်း ခွင့်ပြု ထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan