နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ လားရှိုးမိုတယ်တွင်
ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ခုခံကျ/ ကာလသား ရောဂါ တိုက်ဖျက်ရေးစီမံချက်မှ
ဒေသတွင်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
.
.
ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/
ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်မှ ဒေသတွင်း ညှိနှိုင်း အစည်းအဝေးကို ၎
ရက်တာကျင်းပမည်ဖြစ်ကြောင်း သိရသည်။
“ရှမ်းပြည်နယ်အတွက် သီးခြားအစီအစဉ်တစ်ခုကို သေချာရေးဆွဲမယ်။
အဲဒီလိုရေးဆွဲတဲ့အခါမှာ အရင်အချိန်က ဗဟိုကနေရေးဆွဲပြီးတော့ အကောင်ထည်ဖော်ကြတယ်။ ဒီအခုဆွဲတဲ့
အစီအစဉ်ကတော့ အဲဒီလိုမဟုတ်ဘဲနဲ့ ရှမ်း ပြည်နယ်မှာရှိတဲ့ ရှမ်းပြည်နယ်အစိုးအဖွဲ့၊
ကျွန်တော်တို့ရဲ့ ဝန်ကြီးဌာနအဖွဲ့အောက်မှာရှိနေတဲ့ ပြည်နယ်အဆင့်
ကျန်းမာရေးဦးစီးမှူးတွေ၊ ခုခံကျကာလသားတိုက်ဖျက်ရေးအဖွဲ့တွေ၊ နောက်ပြီး
မိတ်ဖက်အဖွဲ့အစည်းတွေ၊ လူမှု ရေးအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ ဒီရောဂါကို
ကိုယ့်ရဲ့ပြည်နယ်မှာ ကိုယ့်ရဲ့ပလန်ကို ကိုယ်တိုင်ရေးဆွဲတဲ့ ပွဲဖြစ်ပါတယ်။’’ဟု
ကျန်းမာရေးနှင့် အားးကစားဝန်ကြီးဌာန၊ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်
မန်နေဂျာ ဒေါက်တာ ထွန်းညွှန့်ဦးက ပြောသည်။
.
၂၀၁၆ ခုနှစ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် HIV ရောဂါ
ကာကွယ်ရေးလုပ်ငန်းများ၊ ရောဂါရှာဖွေရေး၊ ရောဂါတွေ့ရှိပါက ကုသရေးလုပ်ငန်းများအား
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
“ကျွန်တော်တို့နိုင်ငံမှာ HIV ဖြစ်ပွားမှုဟာ ၂၀၀၀ ခုနှစ်မှာ
အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ကျဆင်းလာတယ်။ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ
တပြိုင်နက်ထဲကျဆင်းလာတာမဟုတ်ဘဲနဲ့ တချို့တိုင်းနဲ့ ပြည်နယ်ကတော့
ဖြစ်ပွားမှုတွေတန့်တယ်။ တန့်နေတာက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊
စစ်ကိုင်တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးမှာ ဖြစ်ပွားမှုနှုန်းဟာ အခြားတိုင်းနဲ့
ပြည်နယ်တွေလောက် သိသိသာသာကျ ဆင်းမသွားဘဲ တန့်နေတာတွေ့ရတဲ့အတွက် ဒီနေရာတွေကို
တခြားပြည်နယ်တွေလို ပုံမှန်အတိုင်း ဆောင်ရွက်ရုံနဲ့တင် တိုက်ဖျက်နိုင်မှာ
မဟုတ်တဲ့အတွက် ဒီရောဂါကြီးကို တိုက်ဖျက်ဖို့အတွက်က သေချာဦးစားပေးလုပ်ရမယ့်
နည်းဗျူဟာတွေရှိမယ်။ ပိုမိုအားစိုက်ဆောင်ရွက်ဖို့အတွက် အခုလို စည်းဝေးရတာဖြစ်ပါတယ်။’’ဟု
ဒေါက်တာ ထွန်းညွှန့်ဦးက ဆက်ပြောသည်။
.
အဆိုပါ အစည်းအဝေးကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး
ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ကျန်းမာရေးဝန်ထမ်းများ၊
လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan