လယ်ယာမြေ သိမ်းဆည်းခြင်းခံရမှုများကို ကော်မတီအဆင့်ဆင့်ဖြင့် စိစစ်ဖြေရှင်းနေဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လယ်ယာမြေ သိမ်းဆည်းခြင်းခံရမှုများကို ကော်မတီအဆင့်ဆင့်ဖြင့် စိစစ်ဖြေရှင်းနေဟု ဆို


မောင်မောင်သန်း (တောင်ကြီး)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၈ ရက်၊ နံနက် ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည် နယ် အစိုးရ အဖွဲ့ရုံး၊ အစည်းအ ဝေးခန်းမတွင် ပြုလုပ်ရာ ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာလင်း ထွဋ်က ပြည်သူများ နစ်နာမှုမရှိစေ ရေးအတွက် လယ်ယာမြေ နှင့် အခြား မြေများ သိမ်းဆည်း ခံရမှုများကို ကော်မတီ အဆင့်ဆင့်ဖြင့် စိစစ်ဖြေ ရှင်း ဆောင်ရွက်ပေးလျက် ရှိသည် ဟု ပြောကြား ခဲ့သည်။
.
.
ပြည်နယ်ဝန်ကြီးချုပ်က မြန် မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံသော နိုင်ငံဖြစ်ပြီး လူမှုရေး ၇ဝ ရာခိုင်နှုန်းသည် လယ်ယာကဏ္ဍနှင့် အသက်မွေးဝမ်းကြောင်း လုပ် ငန်း ဆောင်ရွက်နေ ကြကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများကြောင့်  ပြည်သူများ နစ်နာမှု မရှိစေရေးအ တွက် လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခြင်းခံရမှုများ ပြန် လည်စိစစ်ရေးကော်မတီ အဆင့် ဆင့်ကို ဖွဲ့စည်းထားရှိပြီး လယ်ယာ မြေ သိမ်းဆည်းခံရမှုများနှင့် ပတ် သက်၍ ဗဟိုကော်မတီမှ ချမှတ် ထားသော  မူဝါဒများ၊ လုပ်ငန်းစဉ် များနှင့်အညီ ကော်မတီ အဆင့်ဆင့် အနေဖြင့် စိစစ်ဖြေရှင်း ဆောင်ရွက် ပေးလျက် ရှိပါကြောင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
.
တိုင်ကြားစာ စိစစ်ချက်များတွင် အသုံးပြုရန် လိုအပ်ချက်အရ မစွန့်လွှတ်သည့် ကိစ္စရပ်များအပေါ် ချမှတ်ထားသော မူဝါဒများနှင့် ကိုက် ညီမှု ရှိ/မရှိ အသေးစိတ် စိစစ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဥပဒေနှင့် ညီညွတ်မှု မရှိဘဲ သိမ်း ဆည်းပြီးသည်မှ ယခုအချိန်ထိ အ သုံးပြုခြင်းမရှိဘဲ နောင်တွင် အသုံး ပြုရန် ရှိနေသည် ဟူသည်မှာ မူဝါဒ နှင့် ဆန့်ကျင်နေကြောင်း၊  နိုင်ငံ တော်မှ ချမှတ်ထားသည့် မူဝါဒ လမ်းစဉ်များနှင့် အညီ အလေးထား လိုက်နာကာ စိစစ်ဆောင်ရွက်ကြ ရန် လိုကြောင်း၊ ယခု လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီမှ ပေးပို့လာတဲ့ အမှုတွဲ ပေါင်း ၅၂၄ မှု ရှိပြီးဖြစ်၍ အမှုကိစ္စ များကို ဗဟိုကော်မတီက ချမှတ် ထားသော မူဝါဒများ၊ လုပ်ငန်းစဉ် များနှင့်အညီ မှန်မှန်ကန်ကန်မြန်မြန် ဆန်ဆန် စိစစ်ဖြေရှင်း ဆောင်ရွက် ပေးကြရန် လိုအပ်ကြောင်း ပြည် နယ်ဝန်ကြီးချုပ်က ဆက်လက် ပြော ကြားခဲ့သည်။
.
ထို့နောက် ရှမ်းပြည်နယ်လယ် ယာမြေနှင့် အခြားမြေများ သိမ်း ဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေးကော်မတီ အဖွဲ့ဝင်၊ ရှမ်းပြည် နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်မှ လုပ်ငန်းဆောင် ရွက်မှုများ ရှင်းလင်းတင်ပြခဲ့ပြီး၊ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ပြည်နယ် အုပ်ချုပ် ရေးမှူး ဦးစိုးစိုးဇော်၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဦးသန်း ထိုက်၊ ရှမ်းပြည်နယ် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော် မတီ အတွင်းရေးမှူး ပြည်နယ်လယ် ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိန်းဦးတို့က ရှင်းလင်း ဆွေးနွေး ကာ ရှမ်းပြည်နယ်အတွင်းရှိ ၁၃ ခရိုင်မှ ခရိုင်လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများက ရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန် လည် စိစစ်ရေး ကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ် အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats