သီတင်းကျွတ်ပြီ ဆိုမှဖြင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သီတင်းကျွတ်ပြီ ဆိုမှဖြင့်



မြေခဲတောင် မောင်မောင်ဝင်း
.
ရွှေမြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် သီ တင်းကျွတ်လသည် သတ္တမမြောက်လဖြစ်လေသည်။ အသဝနီ နက္ခတ်ထွန်းပြီး ကြာပန်းများ လှိုင်လှိုင်ပွင့်သည့် တူရာသီ သီတင်းကျွတ်လရာ သီသည် ရဟန်း၊ သံဃာတော်များ ဝါးတွင်းသုံးလ ကာလပတ်လုံး မိမိတို့၏ ကျောင်းသင်္ခန်း၌သာ ဝါဆိုဝါကပ်တော်မူကြရာက ပြီးဆုံးသော ကာလလည်း ဖြစ်ပေသည်။ 
.
.
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဝါတွင်းကာလ ပတ်လုံး တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူခဲ့သည်မှာ သီတင်းကျွတ်ကာလထိဖြစ်ပါ၏။
.
သီတင်းကျွတ်လပြည့်နေ့ညချမ်းအခါသမ ယတွင် မြတ်စွာဘုရားသခင်ကိုယ်တော်သည် ၆ ဝါအလွန်၊ ၇ ဝါမြောက်သည်၌ နတ်ဗြဟ္မာ တို့ ခြံရံလျက် နတ်ပြည်မှလူ့ပြည်သို့ြ<ွကမြန်း တော်မူသည့် ထူးခြားသော အခါသမယဖြစ်လေ ရာ ဤသိြု့<ွကမြန်းဆင်းသက်တော်မူသည်ကို ရည်စူးလျက် ဗုဒ္ဓဘာသာဝင်သူတော်ကောင်း အပေါင်းတို့သည် မီးရောင်စုံ၊ ဆီမီးအလှများဖြင့် ထွန်းညှိပူဇော်ကြခြင်းဖြင့် သီတင်းကျွတ်မီးထွန်း ပွဲတော်ကြီးဖြစ်ပေါ်လာရခြင်းဖြစ်လေသည်။
.
ဤသို့သော လမြတ်အချိန်အခါသမယဝယ် သားသမီးမြေးမြစ် လူငယ်မောင်မယ် အပေါင်း တို့သည် ဘုရားကျောင်းကန်များသို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်များကို တတ်စွမ်း သမျှတို့ဖြင့် ကန်တော့ကြသည့်နည်းတူ-
.
ဘိုး၊ ဘွား၊ မိဘ၊ ဆရာတို့ကိုလည်း ရို သေဦးခိုက်လျက် ကန်တော့ကြသည်မှာ ကမ္ဘာ ၌ ချစ်စရာ ရွှေမြန်မာနိုင်ငံ၌သာ ရှိမည်ထင်ပါ ၏။
.
သီတင်းကျွတ်ပြီဆိုသည်နှင့် အမျိုးကောင်း သား၊ အမျိုးကောင်းသမီးတို့၏ ရည်ရွယ်ရင်း ရှိပြီးဖြစ်သော မင်္ဂလာဆောင်နှင်းအခမ်းအနား များကား ခေတ်နှင့်အတူ ပြောင်းလဲလာသည့် လှလှပပ ဆန်းဆန်းပြားပြား တန်ဆာဆင်ထား သော ဒီဇိုင်း၊ စက္ကူများဖြင့် မင်္ဂလာဧည့်ခံပွဲဖိတ် ကြားလွှာများက တားမနိုင်၊ ဆီးမရဖြင့် မနှေး အမြန်ရောက်ရှိလို့ လာကြပေတော့မည် မဟုတ် ပါလား။
.
သမီးကညာ အချိန်အခါမလင့်စေနှင့်ဟူ သော စကားနှင့် အညီ သမီးရှင်တို့က ကျေ ကျေနပ်နပ်ခွင့်ပြုသည့်နည်းတူ သားရှင်တို့က လည်း ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်စွာဖြင့် အ ကောင်းဆုံး၊ အလှဆုံး၊ အတတ်နိုင်ဆုံးသော မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကို ကျင်းပပြုလုပ် ကြသည်ပင် ဖြစ်ပါ၏။
.
မင်္ဂလာဧည့်ခံပွဲ ဖိတ်ကြားလွှာဟု ဆိုရာ ဝယ် တချို့က ကျိုးကြောင်း သိရှိရန်အတွက်သာ ပုံနှိပ်ဖော်ပြထားသော ဖိတ်ကြားလွှာကို သာမန်စက္ကူ-သာမန်ကတ်ပြားတို့ဖြင့် ပြုလုပ် တတ်ကြသလို-
.
တချို့သော မင်္ဂလာဧည့်ခံပွဲ ဖိတ်ကြားလွှာ တို့ကား မလွှင့်ရက်၊ မပစ်ရက် ဖြစ်ရသည်အထိ သူ့လောက်ကောင်းသည့် ဖိတ်ကြားလွှာ ကမ္ဘာ ၌ပင်မပေါ်သေးဟု ဆိုရမလောက် ရှယ်တကာ့ ရှယ်စက္ကူတွေ၊ ကတ်ပြားတွေ၊ ပန်းပွင့်ဒီဇိုင်း တွေ၊ ဖဲကြိုးတွေ၊ သတို့သား၊ သတို့သမီးတို့၏ တူနှစ်ကိုယ်အပြုံးကိုယ်စီ ဓာတ်ပုံတွေဖြင့် လှပ ထူးခြားဆန်းပြားစွာ ပြုလုပ်လေ့ရှိတတ်ကြ သည်ကိုလည်း တွေ့ရပါ၏။
.
ဤတွင် တချို့သော သတို့သား၊ သတို့ သမီးတို့၏ ဖိတ်ကြားလွှာပါ။ ဓာတ်ပုံများကို လေ့လာကြည့်ရာ တချို့က မြန်မာမှုဆန်စွာ အမျိုးသားဝတ်တိုက်ပုံနှင့် ချိတ်ထမီအလှတို့ဖြင့် ပုံနှိပ်ဖော်ပြထားကြသလို တချို့ကြပြန်တော့ လည်း အနောက်တိုင်းဝတ်စုံတွေဖြင့် မော်ဒယ် ဆန်ဆန်၊ ဝတ်ဆင်ထားကြ၊ ပေါ်လုလုအလှတွေ ဖြင့် ဖော်ပြပြီး ပုံနှိပ်ဖော်ပြထားကြနှင့် တွေ့နေ ရသည်လည်း ရှိလို့နေပါ၏။
.
တချို့သော မင်္ဂလာဧည့်ခံပွဲ ဖိတ်ကြားလွှာ များမှာ ကတ်ထူစက္ကူပေါ်၌ တစ်မျက်နှာတည်း ဖြင့် ရိုးရှင်းစွာပြုလုပ်ထားကြပြီး တချို့သော မင်္ဂလာဧည့်ခံပွဲ ဖိတ်ကြားလွှာတို့ကမူ စာအိတ် လှလှအတွင်းဝယ်၊ နှစ်ခေါက်ချိုး၊ သုံးခေါက်ချိုး ကတ်ထူစက္ကူများဖြင့် ဖြစ်လို့နေကြသည်မှာ ဘု ရင့်စာချွန်လွှာလား ထင်မှတ်ရပါ၏။
.
တချို့သော မင်္ဂလာဧည့်ခံပွဲဖိတ်ကြားလွှာ တို့က နှစ်ဖက်သော မိဘများနှင့် သတို့သား၊ သတို့သမီးတို့၏ အမည်နာမတွေ၊ ဘွဲ့၊ ဒီဂရီ နှင့် အလုပ်အကိုင်၊ ရုံး၊ ဌာန စသည်တို့ဖြင့် မိတ်ဆက်ဖော်ပြထားကြသလို-
.
တချို့သော မင်္ဂလာဧည့်ခံပွဲ ဖိတ်ကြားလွှာ တို့ကမူ ရှိရှိသမျှသော တော်စပ်ခဲ့ဖူးသည့် ဘိုး စဉ်ဘောင်ဆက်၊ ဆွေတော်ပေါင်း၊ မျိုးတော် ပေါင်းတို့၏ အမည်နာမများ၊ ဂုဏ်ထူးဝိသေသ  များဖြင့် ဖော်ပြထားလိုက်ကြသည်မှာ သတို့ သား၊ သတို့သမီးတို့၏ အမည်နာမကိုပင် မ နည်းရှာဖွေကြည့်ရှုရသည်ထိဖြစ်ကာ စုပေါင်း ရဟန်းခံ၊ ရှင်ပြု၊ နားသအလှူတော်ပွဲ အလား ထင်မှတ်ရပါလေ၏။
.
တချို့သော မင်္ဂလာဧည့်ခံပွဲများက တတ် နိုင်လျှင် တတ်နိုင်တတ်နိုင်သလို ဟိုတယ်နှင့် ခန်းမအကျယ် စသည်တို့မှာ ပြုလုပ်ကျင်းပလေ့ ရှိကြသကဲ့သို့ တချို့သော မင်္ဂလာဧည့်ခံပွဲများ ကတော့ ရိုးရိုးသာမန်ခန်းမငယ်လေးများနှင့် တချို့ကတော့ သက်ဆိုင်ရာမိဘတို့၏ အိုးအိမ်၊ တိုက်တာတို့၌ဖြစ်စေ၊ သတို့သား၊ သတို့သမီး တို့ စီမံကိန်းဖြင့် ကြိုတင်တည်ဆောက်ထားသော တူနှစ်ကိုယ်တိုင်းပြည်အသစ်ကလေး၌ဖြစ်စေ၊ မင်္ဂလာရှိရှိဖြင့် ကျင်းပတတ်လေ့လည်း ရှိတတ် ကြပါ၏။
.
သို့ရာတွင် တချို့သော မင်္ဂလာဧည့်ခံပွဲ များကား တိတ်ဆိတ်ငြိမ်သက်ရာ သီတင်းသုံး နေထိုင်တော်မူကြသည့် ရဟန်း၊ သံဃာတော်၊ ဆရာတော်ကြီးများ၏ ကျောင်းတိုက်ကြီးများမှာ ကျင်းပတတ်လေ့လည်း ရှိကြပြန်ပါ၏။
.
နိုင်ငံခြားဖြစ် အမွှေးနံ့သာတို့ဖြင့် ဆွတ် ဖျန်းလာကြသည့် ခေတ်မီလှပသော ခေတ်ရှေ့ ပြေးစွာ ဆန်းပြားသော ခေတ်လွန်အဝတ်အစား တို့ဖြင့် ¤င်းတို့စီးနင်းလာကြသည့် မော်ဒယ်အ ချို့ချို့သော ယာဉ်အမျိုးမျိုးများ စသည်တို့ ကြောင့် ဗုဒ္ဓဘာသာ-သာသနာတော် ထွန်း ကားရာ မြန်မာ့ဘုန်းတော်ကြီးကျောင်းတို့ အ နှောင့်အယှက်၊ အဟန့်အတားများ ဖြစ်နေလေ မလားဆိုသည်ကိုကား စဉ်းစားစရာကောင်းလို့ လာပြီဖြစ်ပါ၏။
.
(မင်္ဂလာဦး၏ မင်္ဂလာရှိလှစွာသော မင်္ဂလာ ဆွမ်းဦး အလှူမှတဆင့် မင်္ဂလာဧည့်ခံပွဲတော် ကြီးအသွင်သို့ ကူးပြောင်းသွားရခြင်းလည်း ဖြစ် နိုင်ပါသည်)
.
ရဟန်း၊ သံဃာ၊ ဆရာတော်ကြီးတို့ သီ တင်းသုံးရာ ကျောင်းတော်ကြီးများသည် ရဟန်းခံ၊ ရှင်ပြု၊ နားသ စသော အလှူတော်အခမ်း အနားများ အတွက်သာ သင့်တော်လျော်ကန်  ကောင်းမွန်သည်ကို ဗုဒ္ဓဘာသာဝင်၊ သူတော် ကောင်းအပေါင်းတို့ စဉ်းစားကြဖို့ လိုအပ်၍လာ ပေပြီ။
.
မည်သို့ပင် ဖြစ်စေ၊ မင်္ဂလာဧည့်ခံပွဲဆိုသည် နှင့် မည်သူမဆို၊ အဝတ်ကောင်း၊ အဝတ်သန့် များကို လှလှပပ၊ ကြွကြွရွရွလေး ဝတ်ဆင်ပြီး အပြုံးတွေ ဝေဆာစွာဖြင့်  နှစ်ဖက်သော မိဘ နှစ်ပါးတို့အတွက်ဖြစ်စေ၊ သတို့သား၊ သတို့ သမီးတို့အတွက်ဖြစ်စေ၊ ခင်မင်ရင်းနှီးမှုအရ မဖြစ်မနေဖြင့် တက်ရောက်ချီးမြှင့်မှု ပြုနေကြ သည်မှာ ရွှေမြန်မာတို့၏ ယဉ်ကျေးမှုတစ်ရပ် ပင်ဖြစ်ပါလေ၏။
.
မင်္ဂလာဧည့်ခံပွဲဖိတ်ကြားလွှာမှာကိုက''နှစ် ဖက်သော မိဘများနှင့် ကျွန်တော်၊ ကျွန်မတို့ က ခင်မင်ရင်းနှီးကာ လေးစားစွာဖြင့် ဖိတ်ကြား အပ်ပါသည်''ဟူ၍ပါရှိနေသည်မဟုတ်ပါလား။
.
သို့ရာတွင် တချို့သော မင်္ဂလာဧည့်ခံပွဲတို့ သည် သတို့သားဘက်ကဖြစ်စေ၊ သတို့သမီး ဘက်ကဖြစ်စေ၊ ဧည့်ခံပွဲ ကုန်ကျစရိတ်ကို မ ကျေမနပ်ဖြင့် မဖြစ်မနေ တာဝန်ယူရသည်လည်း ရှိတတ်ကြလေရာ-
.
အဆိုပါ မင်္ဂလာဧည့်ခံပွဲတို့၏ ကျွေးမွေး ဧည့်ခံမှုတို့ကား တစ်ခါတစ်ရံ၌ အဆင်မပြေမှု လေးတွေ ဖြစ်ပေါ်နေလေ့ရှိတတ်သည်ကို တွေ့ ရတတ်ပါ၏။
.
''ငါတို့တာဝန်က ဧည့်ခံပွဲလုပ်ပေးဖို့ပဲ။ လက်ဖွဲ့ငွေနဲ့ ပစ္စည်းတွေဘယ်လောက်ရရ၊ ဂရုမစိုက်ဘူး''ဆိုတာတွေလည်း ရှိတတ်ကြ သည်မဟုတ်ပါလား။
.
တချို့သော မင်္ဂလာဧည့်ခံပွဲများ ကြပြန် တော့လည်း မိမိတို့အနေဖြင့် လက်ဖွဲ့သည့်ငွေ သို့မဟုတ် လက်ဖွဲ့သည့် ပစ္စည်းကိုပင် အားနာ ရမလိုထိ ဧည့်ခံကျွေးမွေးမှု၊ ကြိုဆိုနှုတ်ဆက်မှု တို့က ရက်ရက်ရောရော ရှိတတ်ကြပြန်ပါ၏။
.
မဝတ်စဖူးဝတ်လာတော့ တိုက်ပုံအင်္ကျီပင် ဆီစွန်းမှာ၊ ရှပ်အင်္ကျီကြယ်သီးပြုတ်ထွက်သွား မှာကိုပင် စိုးရိမ်ရသည်ထိ အစားအသောက်တွေ မနည်းမနောဖြင့် ဧည့်ခံကြသည်များလည်း ရှိ နေ၊ တွေ့နေရပါ၏။
.
တချို့သော မင်္ဂလာဧည့်ခံပွဲများမှာ မိမိက နှုတ်ဆက်စကား ပြောမည်အလုပ် ကိုယ်ရောင်  ကိုယ်ဝါတောက်ပစွာဖြင့် ရောက်ရှိလာသော ရာထူးရာခံနှင့် စီးပွားရေးမြင့်သူထံ ချော်လဲမ တတ် သွားရောက်ကာ ကြိုဆိုမှုပြုတတ်လေ့ရှိ သည်များကိုလည်း မကြာမကြာ ကြုံကြိုက်ခဲ့ရပါ ၏။
.
တချို့ မင်္ဂလာဧည့်ခံပွဲများကား ခင်မင်ရင်း နှီးသော မိဘတစ်ဦးဦးက ရှိမနေကြခြင်းပင်။ ထိုအခါများတွင် သတို့သား၊ သတို့သမီးတို့က လည်း ဘယ်က၊ ဘာမှန်းမသိတော့ မိမိတို့ဝိုင်း ရှေ့က ဖြတ်လျှောက်သွားကြပေမည့် ဟန် ဆောင်ပင် အပြုံးတုများဖြင့် နှုတ်ဆက်မသွား ကြသည်များကလည်း ခဏခဏကြုံခဲ့ရသည် ပင်။
.
နှစ်ဖက်သော မိဘများဖြင့် မသိသည်ဖြစ်စေ၊ သတို့သား၊ သတို့သမီးတို့ဖြင့် မရင်းနှီး သည်ဖြစ်စေ၊ မင်္ဂလာဧည့်ခံပွဲအတွင်းသို့ လက် ဖွဲ့ငွေ သို့မဟုတ် လက်ဖွဲ့ပစ္စည်းတစ်ခုခုဖြင့် ရောက်လာပြီဆိုကတည်းက ပတ်သက်ရာ ပတ် သက်ကြောင်း ဖိတ်ထားလို့သာ ဖြစ်နေသည်ကို သိထားကြဖို့ ကောင်းလှပါပေ၏။ ထိုဖြစ်စဉ်များ ၏ နောက်ဆက်တွဲ ပြဿနာကား မင်္ဂလာဧည့်ခံ ပွဲလာ တက်ရောက်သူကို မည်သူတစ်ဦးတစ် ယောက်ကမျှ ပြုံးပြ နှုတ်ဆက်ခြင်း၊ ဧည့်ခံခြင်း စသည်တို့ မပြုလုပ်ကြခြင်းတို့ပင်တည်း။
.
မည်သို့ပင်ဖြစ်စေ သားကောင်း၊ သမီးမွန် မျိုးဆက်သစ် ရတနာမောင်မယ်များ ဖြစ်ထွန်း ပေါ်ပေါက်နေသော ကျွန်တော်တို့ ရွှေမြန်မာ နိုင်ငံတော်ကြီးဝယ် သီတင်းကျွတ်ကာလ ရက်မြတ်ကို ရောက်ပြီဆိုသည်နှင့် သီတင်း ကျွတ်၏ သင်္ကေတအမှတ်တံဆိပ်ဖြစ်သော မင်္ဂလာဧည့်ခံပွဲ ဖိတ်ကြားလွှာ အမျိုးမျိုးတို့ သည် နေရပ်လိပ်စာ၊ အိမ်နံပါတ် အတိအကျ ဖြင့် မလွဲမသွေရောက်ရှိလာကြမည်မှာကား မလွဲဧကန်၊ မလွဲအမှန်ပင် ဖြစ်ပါသတည်း။ 
.
.
.
#KBZTai #Shan

Journal Download

Photo of three cats