တန်ဆောင်တိုင်ပွဲတော် ကျင်းပမည့် အဝေရာမီးပုံးပျံကွင်းသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကွင်းဆင်းကြည့်ရှု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တန်ဆောင်တိုင်ပွဲတော် ကျင်းပမည့် အဝေရာမီးပုံးပျံကွင်းသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကွင်းဆင်းကြည့်ရှု



မောင်မောင်သန်း (တောင်ကြီး)၊ ကမ္ဘောဇတိုင်း
.
နှစ်စဉ်ကျင်းပမြဲဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ အတွင်း စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပွဲတော်ကျင်းပမည့် အဝေရာမီးပုံးပျံကွင်းသို့ အောက်တိုဘာ ၁၈ ရက်က ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့် ပွဲတော်ဆပ်ကော်မတီ အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
.
 
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ကော်မတီ အဖွဲ့ဝင်များသည် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်တွင် အစိုးရအဖွဲ့ဝင်များ၊ စစ်ဘက်ဆိုင်ရာအကြီးအကဲများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား စီစဉ်ထားရှိမည့်နေရာများ၊ ဖွင့်ပွဲအတွက် စိန်နားပန်းမီးပုံးပျံလွှင့်တင်မည့် နေရာ၊ သံဆူးကြိုးကာမည့်နေရာများ၊ ဖွင့်ပွဲ စက်ခလုတ်ခုံမှ မီးရှုးမီးပန်းများ ထွက်ရှိမည့် နေရာ၊ အသံပိုင်းဆိုင်ရာ ထားရှိမည့်နေရာများ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်မည့်နေရာများ၊ LED ဘုတ်ထားရှိမည့်နေရာ၊ ကားအဝင်အထွက်လမ်း၊ ဈေးဆိုင်ခန်းချထားမည့် နေရာများ၊ ပြန်ကြားရေးဌာနထားရှိမည့်နေရာများ၊ အဝင်မုခ်ဦးပြန်လည်ပြုပြင်မည့် ကိစ္စရပ် များ၊ ဖွင့်ပွဲတွင်  လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
.
ယခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၁၄ ရက်မှ ၂၃ ရက်အထိ စည်ကားသိုက်မြိုက် စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats