ကျိုင်းတုံတွင် သားငှက်တိရစ္ဆာန် တရားမဝင်ကုန်သွယ်မှု ပပျောက်ရေး အသိပညာပေး ဟောပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် သားငှက်တိရစ္ဆာန် တရားမဝင်ကုန်သွယ်မှု ပပျောက်ရေး အသိပညာပေး ဟောပြော


ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံ သစ်တောဦးစီးဌာ နနှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး ရန်ပုံငွေ အဖွဲ့ (WWF)တို့ ပူးပေါင်း၍ မြန် မာနိုင်ငံအတွင်း သားငှက်တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု အသိပညာ ပေးဟောပြောပွဲကို စက်တင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းက ကျိုင်း တုံမြို့၊ မိုင်းခတ်လမ်းရှိ ဗာဖေငညါ ဟိုတယ် အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
.
 
.
''ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ကို တရားမဝင် သားငှက်တိရစ္ဆာန် များနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ကုန်သွယ်ရေး လမ်းကြောင်းထဲမှာ ပါဝင်နေတယ်လို့ သတ်မှတ်ထား ပါတယ်။ တရုတ်နိုင်ငံ ပါဝင်တဲ့ မဲ ခေါင်ဒေသတွင်း တရားမဝင် နယ် စပ်ဖြတ်ကျော် သားငှက်တိရစ္ဆာန် ရောင်းဝယ်မှု ကာကွယ်ရေးမှာ မြန် မာ နိုင်ငံအနေနဲ့ WWF နဲ့ အနီး ကပ် ပူးပေါင်းပြီး ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နဲ့ မိုင်းဆတ် ခရိုင် တွေမှာ ပြည်သူလူထုကို ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေး ဟောပြော စည်းရုံးတာတွေ လုပ်ဆောင်နေ ပါတယ်''ဟု ရှမ်းပြည်နယ် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မြက ပြောသည်။
.
မြန်မာနိုင်ငံရှိ တောရိုင်းတိရစ္ဆာန် စာရင်းတွင် ပါဝင်သည့် တောဆင်ရိုင်း များသည် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည် နယ်အတွင်းရှိ သဘာဝသစ်တော များအတွင်း ကျက်စားနေထိုင်ကြ ပြီး လူအချို့၏ တောင်ယာ၊ လယ်ယာ မြေနှင့် လူနေအိမ်ခြေ တိုးချဲ့ရန် အတွက် သစ်တောများ ခုတ်ထွင်ရှင်း လင်းလာမှု၏ အကျိုးဆက်အဖြစ် တောဆင်ရိုင်းများ၏ မူလ နေထိုင် ကျက်စားသည့် နယ်မြေများ ကျဉ်း မြောင်းလာပြီး လူနှင့် စိုက်ခင်းများ အား ထိခိုက် ဖျက်ဆီးမှုများ ရှိလာ နေကြောင်း သိရသည်။
.
မြန်မာနိုင်ငံအတွင်း သားငှက် တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု ပပျောက်ရေး ပြည်သူလူထု အသိ ပညာပေး ဟောပြောပွဲများအား ကျင်း ပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ကမ္ဘာ လုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ WWF (မြန်မာ) မှ စီမံကိန်းမန်နေဂျာ ဒေါ်စံပယ်မင်းက ''ကျွန်မတို့နိုင်ငံအတွင်းမှာ ရှိနေတဲ့ သဘာဝ သားငှက် တိရစ္ဆာန်တွေနဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို တ ရားမဝင်ကုန်သွယ်မှု ပပျောက်ရေး လုပ်ငန်းမှာ ရပ်ရွာပြည်သူလူထုကို အသိပညာပေးခြင်းက အခြေခံကျ ပါတယ်။ ပြည်သူလူထု ပူးပေါင်း ပါ ဝင်လာမှလည်း အောင်မြင်နိုင်မှာ ဖြစ်ပါတယ်''ဟု ပြောသည်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်း လားမြို့သည် တရုတ်နိုင်ငံ နယ်စပ်ဝင် ပေါက်တွင် တည်ရှိပြီး ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံ တို့နှင့် ဆက်စပ်နေသည့် တရားမဝင် သား ငှက်တိရစ္ဆာန်နှင့် ကိုယ်အင်္ဂါအစိတ် အပိုင်းများ မှောင်ခို ရောင်းဝယ်သည့် ဈေးကွက်တစ်ခုအဖြစ် လူသိများ ထင်ရှားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats