ဆာယာ-လှမြင့်
.
''ဆရာ၊ ဆရာမတွေ
စွမ်းရည် ညံ့ဖျင်းလို့ ပညာရေးအဆင့် နိမ့်ကျလာကြောင်း''လွှတ် တော်မှာ အဆို တင်သွင်းပါ
သတဲ့။ ဆရာမ တစ်ယောက်က ပြန်ပြောလိုက်၏။ '' အေး အဲဒီလို ဆရာမတွေ သင်ပေးလိုက်လို့ ငညံ့
တွေ လွှတ်တော်ထဲ ရောက်နေတာပေါ့ ''။ ဤ ကာတွန်းလေးကို ဖတ်ကြည့်မိရင်း မာသာထ ရီဇာရဲ့ စကားတစ်ခွန်းနှင့်
ဆက်စပ်ကာ ကြား ညှပ်ပြောလိုက်ပါရစေ။ လူတစ်ယောက် ကို အပြစ်ရှာကြံကြည့်နေမယ်ဆိုရင် သူ့တန်ဖိုး
ထားချိန် မရှိတော့ပါဘူးတဲ့။ ထိုအချက်ကို စစ်ကြောဝေဖန်စဉ်းစားရန် သင့်ပါသည်။
.
.
ယနေ့ ပညာအင်အားကို
ငဲ့စောင်းကြည့်ပြန် တော့ ဆရာမအင်အားက ဦးရေများသည်ကို တွေ့ရပါသည်။ ကျောင်းဆရာကို ရှားပါးသူ
လို့ပင် ပြောရမတတ်။ ကျောင်းဆရာ အလုပ် ကိုလည်း ယောက်ျားတိုင်း မလုပ်နိုင် မလုပ် ချင်ကြဘူးပေါ့။
အကြောင်းတွေ ရှိနေပါလိမ့် မည်။ ဒါကြောင့်လည်း ဆရာသိန်းဖေမြင့်က မြန်မာ့ပညာရေးလောက ဆရာမများ
လွှမ်းမိုး တော့မည်လော။ ဤသို့ စာတစ်ပုဒ်ရေးခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့
အမျိုး သားဆရာများလိုအပ်ပါကြောင်း တိုက်တွန်း အားပေးစကားတွေပြောနေပါ၏။ ဘာပဲဖြစ်နေ၊
ဖြစ်နေ ဆရာဟူသော လူသားဥယျာဉ်မှူးတွေ ပျောက်ကွယ်သွားလျှင် ကမ္ဘာကြီး အမှောင်ဖုံး သွားမှာတော့
သေချာပါ၏။
လူသားတိုင်းသည်
ဆရာနှင့်အကြောင်း ကင်းသည်ဟူ၍မရှိ။ ထို့ကြောင့် ဆရာ့သိက္ခာနှင့် ဆရာ့ဘဝ အကြောင်းဆိုတာကို
မသိနားမလည် ဘဲ စားလုံးပေါင်းတွေ မလွဲကြပါနှင့်။ ဆရာဟု ဆိုရာ၌ ကျောင်းဆရာတစ်မျိုးတည်းကို
ရည် ညွှန်းသည်တော့မဟုတ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကောင်းရာသို့ လမ်းညွှန်သူ မှန်သမျှ
ဆရာဟု မှတ်ရာ၏။
.
မြန်မာ့ဓလေ့
ယဉ်ကျေးမှုနယ်ပယ်မှာ အ နန္တော၊ အနန္တငါးပါးကို အထွဋ်အထိပ် နေရာမှာ ထားပါ၏။ ဘုရား၊ တရား၊
သံဃာ၊ မိဘ၊ဆရာ ဟုဆိုအပ်သော ထိုငါးပါးစလုံးတွင် ဂုဏ်ရည်အ ထူးတွေရှိရာ အားလုံးတို့သည်
ဆရာဟူသော ဂုဏ်အတွင်းဝင်ကြလေ၏။ မြတ်စွာဘုရားသည် သတ္ထာဒေဝမနုဿာနံဂုဏ်တော်ဖြင့် လူနတ် တို့ရဲ့ဆရာ၊
ငါဘုရားရှိသည်၏နောက် ငါဟော ထားတဲ့တရားတွေက သင်တို့ဆရာတွေ ဖြစ် လိမ့်မည်တဲ့။ ဤသို့ ရှင်အာနန္ဒာကိုမှာခဲ့၏။
ဆ ရာတော်၊ သံဃာတော်၊ ဆရာ၊ ဒကာဟူသော ဆိုစကားကို ထောက်ကြည့်လျှင် သံဃာသည် လည်း ဆရာတစ်ပါးဖြစ်နေ၏။
မိဘတွေ၊ ဆ ရာတွေကတော့ လက်ဦးဆရာတွေမို့ ရှင်းပါ သည်။ ဆုံးမတတ်သူ ဆရာဟူလော့ဆိုတော့ ပို၍
ရှင်းပါသည်။ ထို့ကြောင့် ဆရာကြီးဒေါက် တာသန်းဦးက ဆရာဆိုတှာနစခငေူ ဏနမျသည ဟု ပြောခဲ့လေသလားမသိ။
ဆံပင်ဖျား ခြေဖျား ထိ ဆရာ့စိတ်ကိန်းဖို့ဆိုတာ ခဲယဉ်းလှသည်။
.
ဆက်၍ ပြောရပါသော်
''သင့်ကလေးသည် သင့်အကြံဥာဏ်အတိုင်း လိုက်နာလိမ့်မည် မဟုတ်ပါ။ သင့်နမူနာအတိုင်းသာ လုပ်လိမ့်
မည်''ဆိုတဲ့ မာသာထရီဇာ၏ စကားကိုပဲ ထပ် ဆင့်ညွှန်းဆိုချင်ပါသည်။ ထိုစကားသည် ဆရာ တို့နားဝယ်
ချိုအီပါ၏။ ငယ်စဉ်ကတည်းက တ ကယ်သင်ခဲ့ရမှာက အလေ့အကျင့်ကောင်းတွေ၊ နမူနာကောင်းတွေကို
ဆရာက တပည့်ထံ လက်ဆင့်ကမ်းပေးကြရမှာပါ။ စာမှန်သမျှ အ ကုန်ကျက်ပညာရေး၊ ဖွတ်ထွက်ပညာရေးလို့
အများတကာက ပျက်ရယ်ပြုကြလိမ့်မည်။ အ လွတ်ကျက်စရာတွေလည်းရှိတော့ ရှိတာပေါ့။ ဒါပေမဲ့ အလေးမပေးရန်လို၏။
ဖတ်စာ၊ ကျက် စာ၊ သိနားလည်ရမယ့်စာဟူ၍ ခွဲခြားပေးရမှာက ဆရာ့ဝန်တာ။ ဆရာ့မေတ္တာ စမ်းချောင်းလေးနဲ့
နမူနာကောင်းတွေကိုသာ လမ်းကြောင်းပေး လိုက်ပါ။ တပည့်တွေက လိုက်နာကြပါမည်။
.
ဆရာဆိုတာ
ဘယ်လို ပုဂ္ဂိုလ်မျိုးလဲလို့ မေးလာခဲ့လျှင် A teacher is many things လို့ လွှမ်းခြုံ၍
တစ်ခွန်းတည်းဖြေရန်ရှိ၏။ အ ကြောင်းမူ ဆရာ့အဓိပ္ပာယ်တွေက များမြောင် လှပါဘိ။ ဆရာဟူသည်
ဟိုလိုဆိုလည်းဟုတ် သည်။ ဒီလိုဆိုလည်းဟုတ်သည်။ ဤသဘော မျိုးပါ။ ဆရာသည် အရာရာဟုဆိုလိုသည်။
ထို အရေးအရာပေါင်းများစွာထဲက''ဆရာဟူသည် စံနမူနာကောင်း''ဆိုသော ဂုဏ်ထူးဝိသေသကို ခဏဆွဲယူကြည့်ပါအုံး။
.
ကျွန်တော်တို့ငယ်ငယ်
ကျောင်းသားဘဝ တုန်းက ကြားသိခဲ့ရတဲ့ ဆရာတို့ရဲ့ နမူနာ ကောင်းတစ်ခုရှိခဲ့သည်။ အဌမတန်းတိုင်းစစ်
စာမေးပွဲ၊ အဖြေလွှာတွေ စစ်ကြတော့ ဖိအား တစ်ခု ဝင်လာသတဲ့။ စာစစ်သူတို့အဖို့ မလွန် ဆန်နိုင်ပါ၍
ပြုပြင်ပေးရင်း ထိုဖိအား အောက် ရောက်သွားသည်ဆိုပါတော့။ ထိုအချိန် စာစစ် မှူးဆရာကြီးသည်
အရေးကြီးကိစ္စရှိ၍ ခေတ္တ အပြင်ရောက်နေချိန်မို့ သူမသိလိုက်ပါ။ ပြဿ နာဖြစ်လာသောအခါ စာစစ်သူများကို
ရှာဖွေစိ စစ်ပြီး အရေးယူမည်ဖြစ်လာ၏။ ဆရာကြီးက အကြောင်းစုံသိလေသောအခါ ဤကိစ္စ စာစစ် သူများကို
အရေးယူရန် မလိုပါတဲ့။ တပည့်ကိစ္စ ဆရာ့တာဝန်ဖြစ်ကြောင်း၊ အရေးယူစရာရှိလျှင် မိမိကို အပြစ်ပေးပါ။
သူစီမံခန့်ခွဲမှုညံ့၍ ဤသို့ ဖြစ်ရသည့်အတွက် အလုပ်ထွက်ဆိုလည်းထွက် ပါမယ်လို့ ပြောပါသတဲ့။
ဤသို့ သတ္တိရှိရှိ နမူနာ ကောင်းပြသွားတဲ့ လေးစားဖွယ်ဆရာကြီးမျိုး မြန်မာ့ပညာရေးသမိုင်းမှာ
ရှိခဲ့လေသည်။ ထို့ ကြောင့် ''တာဝန်သိတာကိုယ်ကျင့်တရား၊ တာ ဝန်ယူရဲတာ သတ္တိ၊ တာဝန်ထမ်းဆောင်ရဲတာ
စွမ်းရည်ပါ''ဒီလိုပြောသွားခဲ့တဲ့ ဆရာကြီး ဦး အောင်သင်းရဲ့ စကားကို ကျွန်တော်သည် ယနေ့
အထိ ရင်မှာသိမ်းထားဆဲပါ။ လူလိုအသက်ရှင် နည်းဟု ဆရာကြီးကဆိုပါ၏။
.
ဘယ်တိုင်းပြည်၊
ဘယ်မြို့မှာ ဤသို့ဖြစ်ခဲ့ တာဆိုသည်ထက် စံနမူနာကောင်းပြသွားတဲ့ ဆရာကြီးကို ကျွန်တော်တို့ကထပ်ပြီး
နမူနာ ကောင်းယူဖို့ဆိုတဲ့အချက်ကိုပဲ ခံစားသက်ဝင် စီးမျောစေချင်ပါသည်။ ဆရာဟူသည် စံနမူနာ
ကောင်းဖြစ်ရမယ်လို့ ဖော်ညွှန်းခဲ့သော ထိုဆရာ ကြီးကို အထက်လူကြီးများက ပညာရေးအ တွက် အဆုံးရှုံးမခံနိုင်ပါ။အမှုတွဲကိုပြန်လည်
ဖော်ထုတ်၍ အမှန်အတိုင်းပဲ ဖြစ်သွားခဲ့ပါသည်။ ထိုထိုဆရာကြီးတွေ ပညာရေးမှာ ရှိကောင်းရှိ
သင့်၏။ သူနဲ့အလားတူသည့် ဆရာကြီးတစ် ယောက်အကြောင်းကလည်း စံနမူနာယူစရာပါ။
.
ထိုဆရာကြီးကို
စီနီယာ B.Ed ဆင်း ဆရာများသိနေကြပါ၏။ ဆရာကြီး ဦးထွန်ကြွယ် ဖြစ်ပါသည်။ သူ့တပည့်တွေကို
''ထီးဆရာ''ဖြစ်အောင် ကျင့်ပါလို့ မှာတမ်ြးေ>ွခပါ၏။ အထက် ကို ထီးနှင့်ထိုး အောက်ကိုထီးနှင့်မိုးရမယ့်တဲ့။
အဓိပ္ပာယ်မှာ အထက်က မတရားပြုမူလာပါ လျှင် ထီးနှင့်ထိုးမယ်။ အောက်မှာ မတရားခံနေ ရလျှင်
ထီးမိုးလို့ ကာကွယ်မယ်ဟု ဆိုလို၏။ သည်တော့ကား အမှန်တကယ် ဆရာစိတ်ရှိသူ တိုင်းမှာ သည်စိတ်၊
သည်ဆန္ဒကိုစံနမူနာအဖြစ် မှတ်ယူပြီး ရင်မှာကိန်းဝပ်နေသင့်ပါကြောင်း။
.
ပညာရေးကောင်းကင်ပြာပြာမှာ
ဤသို့ လျှင် စံနမူနာကောင်းတွေနဲ့အတူ လင်းလက်နေတဲ့ ကြယ်ပွင့်တွေ အများကြီးပါ။ အမည်နာမအ
ဖြစ်ထင်ရှားသည်ဖြစ်စေ၊ မထင်ရှားသည်ဖြစ် စေ၊ ကြယ်တိုင်းကတော့ သူ့အရှိန်အဝါနှင့်သူ၊ သူ့အချိန်အခါနှင့်သူ
အတိုင်းအတာအလျောက် တောက်ပနေကြပါသည်။
.
ဆရာကောင်းမှ
တပည့်ကောင်းမည်။ တပည့်ကောင်းမှ ပညာရှင်တွေ ပေါ်ထွန်းလာမည်။ ပညာရှင်တွေ ပေါများမှလည်း
တိုင်းပြည်တိုး တက်မှာ။ စံနမူနာကောင်းတဲ့ ဆရာတွေလို၏။ အောက်ကနေ ညာကိုဆွဲဝိုင်းဝိုင်းလေးရေးပါ
ကွဲ့လို့ ကံ့ကူလက်လှည့်သင်ပေးလိုက်တဲ့ ငယ် ဆရာတွေလို စံနမူနာကောင်းမပေးခဲ့ပါလျှင် ဘွဲ့ဒီဂရီတွေ
စီတန်းနေပါစေ အသုံးတည့်မည် မဟုတ်။ ထို့ကြောင့် လက်ရေးကောင်းတို့မည် မျဉ်းကြောင်းမလွတ်စေရာဟူ၍
ထိုစကားများ ကြားခဲ့ရသည်။ ပညာရေးဇာတ်ခုံပေါ်ကကြတဲ့ အခါမှာ တပည့်နှင့်တွေ့လျှင် ဆရာ့သရုပ်ပီပြင်
ရပေလိမ့်မည်။ ပီပြင်သော ဆရာ့ရုပ်ပုံလွှာတစ် ခုကိုလည်း တွေ့ရပြန်သေးသည်။
.
တစ်ခါက ကျိုင်းတုံပညာရေးမှူးရုံးတွင်
အ စည်းအဝေးတစ်ခုပြုလုပ်သည်။ ထိုနေ့သည် ကျောင်းရုံးပိတ်ရက်ဖြစ်ပါ၏။ ဆရာ၊ ဆရာမများ ကလည်း
ပိတ်ရက်ဆိုတော့ ပေါ့ပေါ့ပါးပါး မှတ်စုစာအုပ်လေးတွေကိုင်လို့၊ ရိုးရိုးအဝတ်အ စားနှင့်
အစည်းအဝေးလာတက်သည်။ အစည်း အဝေးစလို့ ၁၅ မိနစ်လောက်ရှိတဲ့အခါ မြို့နယ် ပညာရေးမှူးကြီးက
ဘာကြောင့်ရယ်မသိ၊ အ စည်းအဝေးကို ခဏရပ်ပြီး''ဆရာတို့ကို ပြောစ ရာတစ်ခုရှိတယ်ဗျာ။ စိတ်တော့မဆိုးနဲ့
ဒီအခန်း ထဲမှာ ဆရာနဲ့တူတဲ့သူဆိုလို့ တစ်ယောက် တည်းပဲ ကျွန်တော်မြင်တယ်။ သိချင်ရင်နောက်
ကိုလှည့်ကြည့်လိုက်ပါ။ ကဲ ယန်းကျန် အမက ဆရာကြီး မတ်တပ်ရပ်ပြပါဦးဗျာ။ သူ့ကိုကြည့် လိုက်တော့
တိုက်ပုံကြယ်သီးတပ်၊ ပုဆိုးစိမ်းနှင့် စတစ်ကော်လံဖြူနှင့် ကျက်သရေရှိစွာမြင်လိုက် ရ၏။
ဇာတ်နှင့်လိုက်သည့် ဇာတ်လိုက်ကြီးပင်။
.
ပညာတန်ဆောင်မှာ
ဆရာတစ်ဦးရေးထား သလိုပါပဲ။ ပါလက်စတိုင်းတို့ရဲ့ ဆရာက ယာ ဆာအာရာဖတ် ငါတို့ဆရာက စာပါတာဖတ်၊ထို
ဆရာမျိုးသည် ဘာစံနမူနာကောင်းမျှ ပေးစွမ်း နိုင်ခြင်း လုံးဝမရှိပါချေ။ အပွင့်ပွင့်သော်လည်း
အသီးမသီးနိုင်တဲ့အပင်နှင့်တူ၏။ ဆရာမည် ကာ မတ္တသာဖြစ်၏။ ဆရာ့စေတနာ၊ ဆရာဝေ ဒနာအငွေ့အသက်များနှင့်
ဝန်းဖွဲ့ထားသော ဆရာ့ဝတ္တရားငါးပါးရှိပါ၏။ တတ်အောင်သင် အောင်အောင်စစ်၊ ကောင်းရာသို့ သွန်သင်ဆုံး
မ၊ ဆရာစားလည်းမချန်၊ ဘေးရန်တွေ့လျှင် ကာဆီး၊ ဘယ်အရပ် ဘယ်ဖိနပ်၊ ဘယ်အချိန် ဘယ်ထမိန်၊
ဘယ်ခရီး ဘယ်ထီးနှင့် သွား စ သည်ဖြင့် ညွှန်ပြချက်ဟူသမျှတို့သည် စံပြု လောက်တဲ့ နမူနာကောင်းအသွင်
ဆောင်နေပါ မှ ဆရာကောင်းပါ၍ တပည့်တွေပန်းကောင်း ပန်နိုင်ပါတော့မည်။
.
စံနမူနာကောင်းကိုပေးတတ်တဲ့
ဆရာတို့ရဲ့ စေတနာပန်းကလေးများ မွှေးပျံ့နေပါ ပန်ဆင် သူကအသင့်ပါ။ တပည့်တို့က မျှော်လင့်စောင့်
စားနေမှာပါ။ တစ်ဆက်တည်း ကျွန်တော့်ကိုယ် တွေ့တစ်ခုကိုလည်း မျှဝေလိုက်ပါရစေ။ နတ် မောက်မြို့မှာ
မြို့နယ်ပညာရေးမှူးနှင့် အထက် တန်းကျောင်းအုပ် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့ သော ဆရာကြီး
ဦးလှ၏ နမူနာကောင်းလေး ပေါ့။ ဆရာကြီးသည် တိုက်ပုံအင်္ကျီအဖြူကို အ မြဲဝတ်၏။ စာစစ်ဌာနတစ်ခုကို
ချောမောအောင် မြင်အောင် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံစာ စစ်ဥက္ကဌ ဦးမောင်မောင်စိန်ကပင်
ချီးမွမ်းရသည် အထိ ဖြစ်လာခဲ့ရသည်။ ဆရာကြီး၏ နမူနာ ကောင်းတို့သည် ကျွန်တော်တို့ကို ဘဝကောင်း
တစ်ခုဆီသို့ တွန်းပို့လိုက်သည့်နှယ်။ သူ့စကား တစ်ခွန်းကို ယနေ့တိုင်ပဲ အမြဲကြားယောင်နေမိ
သည်။ ပညာရေးဌာနမှာ ဘတ်ဂျက်ကိစ္စသည် အရေးကြီးတယ်ဆိုပေမယ့် တစ်ပတ်လောက် နောက်ကျသွားလို့
ဘာမှမဖြစ်ဘူးတဲ့။ ဆယ် တန်းစာမေးပွဲကတော့ ''စံကိုက်ကွက်တိ''လုပ် ရတဲ့ လုပ်ငန်းဖြစ်၍
သိပ်အရေးကြီးပါကြောင်း။ အချိန်လွဲ၍ မရပါကြောင်း ပြောသွားပါ၏။ ကျွန်တော်သည် ဆရာကြီးဦးလှ၏
ထိုစံနမူနာ ကောင်းကို လုပ်သက်တစ်လျှောက်ကျင့်သုံးခဲ့၏။
.
ကျွန်တော်ကိုယ်တိုင်
ဆယ်တန်းစာမေးပွဲ ကြီးကြပ်ရေးမှူး တာဝန်ယူရသည့်အခါ ဒီစကား ကို လက်ထောက်ကြီးကြပ်ရေးမှူး
ဆရာ၊ဆရာ မများအား အမြဲလက်ဆင့်ကမ်းပြောဖြစ်ပါသည်။ သူ့ကို ပညာရေးဝန်ထမ်းဆိုသည်ထက် ဆရာ
ပီသသော ကျောင်းဆရာ(Processional Teacher )အဖြစ် မှတ်ယူအပ်၏။ စံနမူနာကောင်း တွေ ပေးသွားခဲ့တာကိုး။
ဆရာကြီးက ဆယ် တန်းမှာ အင်္ဂလိပ်စာသင်တော့ ဝေါဟာရအမျိုး အစားတွေကို ရောင်စုံမြေဖြူတွေနှင့်
ရေးပြီးရှင်း ပြလိုက်တာ နောက်တစ်ချိန် နောက်ဆရာဝင် တော့ ကျောက်သင်ပုန်းက စာတွေကို ဖျက်ပစ်
ရမှာတောင် အားတောင့်အားနာဖြစ်ရသည်အ ထိပါပဲ။ ခုတော့ ဆုံးရှာပြီ။ လွမ်းလိုက်ပါပြီ ဆ ရာကြီးရယ်။
.
တစ်ချိန်က
ပညာရေးလောကမှာ ဇာတ် လမ်းတိုလေးရှိခဲ့ဖူးသည်။ လုပ်သက်ရင့်ပြီးဘဝ အတွေ့အကြုံစုံလှသော
မူလတန်းကျောင်းအုပ် ဆရာကြီး၏ ကျောင်းကို ငယ်ရွယ်နုနယ်သည့် ပညာအုပ်ပေါက်စလေးက ကျောင်းစစ်ဆေး
တယ်ဆိုပဲ။ သူက ဆရာကြီးကို ကျောင်းတစ် ကျောင်းနဲ့ ထာဝရမှတ်တမ်းကဘာလဲ။ ဆရာ ကြီးက (ခ)စာရင်းပါပေါ့။
ကျောင်းစာရင်းဇယား ပုံစံ (၇)ကဘာလဲ။ အောင်ချက်ရာနှုန်းပေါ့။ နှစ် အလိုက် ကျောင်းသားဆရာ
စာရင်းရှိသလားဆို တော့ ရှိနေသည်။ ဒါပေမဲ့ ပညာအုပ်ရာထူးလေး က ဖနောင့်သံစူးနေတော့ တခြားအသေးအမွှား
အပြစ်လေးတွေ ထောက်ပြပြီး ဂါရဝကင်းမဲ့စွာ ဆရာကြီးကို အထက်အောက် ဆက်ဆံရေးအ နေအထားဖြင့်
ဆူပူကြိမ်းမောင်းသွားပါသတဲ့။ ဘာနှင့် တူသလဲဆိုတော့ ရုပ်ရည်ချောမောလှ ပတဲ့ မိန်းကလေးပင်
ဖြစ်လင့်ကစား ရေမချိုး လျှင် နံစော်နေသလိုပါပဲ။ ပညာအုပ်ဆိုသော် ငြား နမူနာကောင်း မပေးတတ်သူမှာ
ရေမချိုး သော မိန်းမလှလေးနှင့်တူနေတော့၏။
.
ဆရာကြီးက
သူ့ကို မည်သို့မျှ ခွန်းတုံ့မ ပြန်ခဲ့ပါ။ အလုပ်လုပ်သူတိုင်းမှာ အမှားအယွင်း ဆိုတာ မကင်းနိုင်ပါ။
ရှင်သာရိပုတ္တရာ မထေရ် မြတ်သော်မှ ကမ္မဌာန်းပေးတာ မှားခဲ့သေးတာ ပဲ။ ပညာအုပ်ထွက်သွားတော့
ဆရာကြီးနှုတ် ဖျားက စကားတစ်ခွန်းထွက်လာသတဲ့။ အော် ငါ့တပည့် သံချောင်းလည်း အသံတွေ ပြောင်း
နေပါလားပေါ့။
.
သည်တော့ ဆရာဟူသည်
စံနမူနာကောင်း ဟု ဆိုရသော်ငြား တပည့်တို့က လက်ဆင့် ကမ်းယူနိုင်စွမ်းမရှိလျှင် ပညာအဟောသိကံဖြစ်
သည်။ နည်းပေးလမ်းပြခြင်း၊ နမူနာကောင်းပြ ခြင်းတို့သည် ဆရာနှင့်ဆိုင်၍ အောင်မြင်မူသည်
ကာယကံရှင်တပည့်၏ စွမ်းရည်၌ မူတည်ပါ သည်။ ဆရာ့တာဝန်ပြီးသွားပြီ။ အကယ်၍သာ စံနမူနာကောင်းတွေ
ဆရာထံမှ ရခဲ့ပါသော် တ ပည့်တို့ဘဝ တန်ဖိုးကြီးသွားတော့၏။ အောင် မြင်ရေးထက် တန်ဖိုးရှိသူအဖြစ်က
ပို၍အရေး ကြီးသည်မဟုတ်ပါလား။
.
ဆရာကို အကြင်နာလက်ဖြင့်
ပန်းလှလှ တွေကို ပြုစုယုယနေတဲ့ ဥယျာဉ်မှူးပမာ တင် စားပါသော် အကြင်နာ လက်တွေက စံနမူနာ
ကောင်းတွေပဲ ဖြစ်လိမ့်မည်။ ထိုဥယျာဉ်မှူးက ပန်းများကို ပွင့်စေပါလိမ့်မည်။ သူ့အရိုး၊
သူ့အ ရွက်၊ သူ့အခက်နှင့် ပွင့်လာသော ပန်းမှ သည် လူ့ပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျသော
လူသား အဖြစ်သို့ သီးပွင့်လာပါစေသတည်း။ တစ်ခု သ တိပေးလိုက်မည်။ အဇာတသတ်ဝန်းကျင်နှင့်
အဂုင်္လိမာလ ပတ်ဝန်းကျင်များနှင့်တော့ ဝေးပါ ကြောင်း၊ သူတို့ရဲ့ ဆရာနှစ်ဦးက စံနမူနာ
ကောင်း မဖြစ်ရှာခဲ့ပေ။
.
.
.
#KBZTai
#Shan