အောင်ဆန်းဝင်း
.
.
ငယ်ပေါင်း ကြီးဖော် အပေါင်းအသင်း ဟောင်းတွေဆုံရင် အတိတ်မှာကျန်ခဲ့တဲ့
ရှေး ဟောင်းနှောင်းဖြစ် ဇာတ်ကြောင်း တွေကို တစ်ခုတ်တရ သတိတရပြောတတ်ကြတယ်။တချို့ အကြောင်း
တွေက စိတ်ကြည်နူးစရာ။ တချို့ က ပြန်တွေးရင် စိတ်နောက်ဖို့ကောင်းတာ။ တချို့သော အကြောင်းတွေကျတော့
ပျော်စေရယ် ပျက်စေရယ်။ ကျောင်းတက်တုန်းက အကြောင်း တွေပါတယ်။ မကြာခဏကျောင်းပြေးလို့
ကျောက်သင်ပုန်းညာဘက်ထောင့်ကရှိ၊ လာ၊ ပျက် စာရင်းမှာ အမြဲပျောက်နေတဲ့ကောင်အကြောင်းပြောတယ်။
ဟိုငတိက ဘယ်အတန်းက ကောင်မလေး နှစ်ယောက်ကို သမီးရည်းစားစာ တစ်ပြိုင်တည်းပေးလို့ ကျောင်းအုပ်ကြီးရုံးခန်း
ရောက်တယ်။ ကဗျာဆရာရူး သလိုလို၊ စာပေသ မားလို ကြောင်တောင်တောင်ကောင်အတန်းတွင်း စာမေးပွဲမှာ
မြန်မစာဘာသာရပ် အောင် မှတ်မရဘဲ ဘုန်းဘုန်းကျတဲ့အကြောင်း။
.
စကားရှိန်တက်လာရင်အရပ်ထဲမှာ အပြတ် ကဲတဲ့အကြောင်းတွေ ဆက်ပြောကြတယ်။
အများဆုံးပြောဖြစ်တာက လူပျိုပေါက်ဘဝအကြောင်းတွေပေါ့။ လောကနီတိအဆိုက ဘိန်းဘင်းကစော်၊
လှော်စားသောက်စား၊ ပြုသူများ စီးပွားပျက်မည်သိ။ တွင်းတူးမိုက်တဲ့ မိုက်တွင်းနက်များက
ဘဲကင်ကိုကြော် သေရည်သောက် စားပြုသူများ စီးပွားတက်မည်သိလို့ လုပ်ကြတယ်။ မိဘတွေမသိအောင်
ဆေးလိပ်ခိုးဖွာတယ်။ လစ်ရင်လစ်သလို အရက်ခိုးသောက်တယ်။ အားရင်အားသလို လူစုပြီး ဖဲရိုက်တယ်။
(မကောင်းမှုများဖြစ်လို့ လူငယ်များ အတုယူမ မှားကြပါနှင့်)။ တောင်ကြီးသားထုံးစံအတိုင်း
ဂစ်တာတီးသင်တယ်။ မတောက်တခေါက်တတ် တာနဲ့ နေ့မရှောင်ညမနားအရပ်ကို နားဒုက္ခပေး ကြတယ်။ ညအချိန်မတော်
ဆယ်တန်းစာမေးပွဲ ဖြေမယ့် ကောင်မလေး အိမ်ရှေ့ဂစ်တာတီးသီ ချင်းအော်လို့ အရပ်လူကြီးရုံးလက်မှတ်ထိုးရတဲ့
အကြောင်းတွေပါတယ်။
ချိုတမြမြနဲ့မာန်ထတဲ့အရွယ်ဆိုတော့ ဒီ လောက်နဲ့ တစ်ခန်းမရပ်။ ဘက်တူရင်လူမရွေး
ဘူးဆိုလား။ တစ်ဦးနဲ့တစ်ဘက် မျက်စောင်း လေးချိတ်တာနဲ့ ဘောလုံးချိန်းကန်တယ်။ ကန်လိုက်တိုင်း
ရိုက်ပွဲဖြစ်တယ်။ ရိုက်ချင်လို့ ဘောလုံးချိန်းကန်တယ်ပြောရမယ့်အတိုင်း။ လူငယ် သဘာဝဆိုတာ အဲဒီအချိန်ကာလတည်းက ခေတ်စားတဲ့စကားလုံးပေါ့။
ဒါပေမဲ့ တကယ်လူ ငယ်စစ်စစ်လေးတွေ ဖြူဖြူစင်စင်ချိန်းကန်၊ ချိန်းရိုက်ကြတာဆိုတော့ အမည်းကွက်၊
အမည်းစက်ဖြစ်အောင် ညစ်နွမ်းတဲ့စိတ်တွေမပါ ဘူး။ အခုက အားလုံးသိတဲ့အတိုင်း။ ခြေဆော့ လက်ဆော့လုပ်တဲ့
လူငယ်အမည်ခံသက်ကြား အိုတွေ သဘာဝက ကြောက်ခမန်းလိလိ။ ဒီ ကြားထဲ ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်နဲ့။
ရေသောက်တာသွားကြားညှပ်လို့ မဆိုင်သူကို ဓားနဲ့ထိုးတယ်။ အုတ်၊ ကျစ်၊ ကျော်၊ အေး ကခုတ်ထစ်ဆော်ပြေး
မန္တလေးဖြစ်လိုဖြစ်။
.
နွေရာသီကျောင်းပိတ်ရက်အကြောင်းတွေ ပြောတော့ တသသလွမ်းမောစရာတစ်ခုကိုဖြစ်
လို့။ ရက် ၉ဝ အပြည့် လွတ်လပ်ရေးရတယ်။ လာမယ့်နှစ်အတွက် ကျောင်းပြန်ဖွင့်ချိန်ကျောင်းက
သင်တဲ့စာနဲ့တင် လုံလောက်ကြတယ်။ ပိုက်ဆံအကုန်ခံ၊ စိတ်ဆင်းရဲခံပြီး ဘာကျူရှင်၊ ဘာသင်တန်းမှ
တက်နေစရာမလိုဘူး။ အခုများ တော့မဟုတ် မနက်ခင်းအတန်းတင် စာမေးပွဲဖြေပြီးတဲ့ကလေးက မနိုင်ဝန်ကျောပိုးအိတ်
ကျောပေါ်ကဒုန်းဒုန်းမကျခင် ညနေစောင်းကျူ ရှင်ကို တစ်ကျော့ပြန်ရောက်။ ဒီကြားထဲ ကွန် ပျူတာသင်တန်း၊
အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား ပြောသင်တန်း၊ တရုတ်စာ၊ တရုတ်စကားပြော သင်တန်း၊ ပေသီးခေါက်သင်တန်းမျိုးစုံနဲ့
က လေးများခမျာ မရပ်မနား အားရ၊ နားရတယ်လို့ မရှိ။ ကြိုမြင်လို့မရတဲ့ ကံကြမ္မာ၊ ဘာဖြစ်မယ်
မှန်းမသိတဲ့ အနာဂတ်အတွက် ပြင်ဆင်နေ လိုက်ကြတာ စိတ်ပျက်ရမလား၊ ဝမ်းသာရမ လားမပြောတတ်။
.
အခုတလော အပေါင်းအသင်းရောင်းရင်း ဟောင်းတွေနဲ့ဆုံဖို့ ဓာတ်ကျတယ်ပြောရမလားပဲ။
တစ်ရက်ခြား၊ နှစ်ရက်ခြားဆိုသလို တစ်ယောက်မဟုတ်တစ်ဦး ရောက်လာကြတယ်။ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသမျှကို
ဒိုင်ခံ ဧည့်ခံစကားပြော။ သာကြောင်းမာကြောင်းမပြေ လည်ကြောင်း(ခုချိန်ပြေလည်တဲ့သူက ခပ်ရှား
ရှားလေ)ခပ်ပါးပါးပြောကြ။ ရှေးဟောင်းနှောင်း ဖြစ်တွေ အများဆုံးပြောကြတယ်။ အခုလည်း လူပျိုလူနောက်အရွယ်တည်းက
ပေါင်းလာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ဆုံလို့ စကားကောင်း ပြောနေတယ် ပြောရမှာပေါ့။ ရောက်တတ်ရာရာ
စကားကောင်းတုန်း မျက်နှာချင်းဆိုင်တန်းဘေး လူသွားစင်္ကြန်ပလက်ဖောင်းအလယ်တည့်တည့် မှာ
စွင့်စွင့်ကြီးမိုးထောင်နေတဲ့ ဓာတ်မီးတိုင်ကို လက်ညှိုးထိုးပြတယ်။ နောက်ပြီးပြုံးဖြီးဖြီးနဲ့နဖူး
ကိုလက်ထောက်ပြမှ မပြုံးဘဲဝါးလုံးကွဲရယ်ရ တော့တာပေါ့။
.
ဒီကောင် လူပျိုပေါက်ဘဝက မြာအတော် ပွေအတော်ရှုပ်တဲ့ကောင်၊ အရွယ်ရောက်မြီး
ကောင်ပေါက်၊ အပျိုလေး၊ အပျိုကြီးတစ် ယောက်မှ အလွတ်မပေးဘူး။ နေ့စဉ်တစ်ဦးတစ် ယောက်လက်ထဲ
သမီးရည်းစားစာတစ်စောင် လောက် အရောက်မပို့ရရင် စားမဝင်အိပ်မပျော် ဆိုတဲ့ ကောင်မျိုး။
(ရောဂါသည်းပုံများပြောပါတယ်)။ တစ်နေ့ သူတစ်ဖက်သတ်ကြိုက်နေတဲ့ အမျိုးကောင်းသမီးများစွာထဲက
ကံဆိုးသူမယ် ရှင်တစ်ယောက် မြို့ထဲ လမ်းလျှောက်ထွက်တာနဲ့ ကြုံလို့နောက်ကလိုက်သွားပါတယ်။
ကောင်းမ လေးကရှေ့ကလျှောက်။ ဒီကောင်ကနောက်က ကပ်လိုက်၊ စကားပြောမယ်ကြံလိုက်ပြောမထွက်
တာရယ်၊ မပြောရဲတာရယ်နဲ့ နောက်မှာကျန်ခဲ့လိုက်၊ နောက်ဆုံးစကားမပြောရမယ့်အတူတူ အသင့်ဆောင်ထားတဲ့
စာပေးမယ်ဆိုပြီး ကောင် မလေးနားဇွတ်ကပ်သွားတာ ကံများကောင်းချင် တော့ ဒီကောင့်နဖူးလမ်းဘေးဓာတ်မီးတိုင်နဲ့
တည့်တည့်ဆောင့်ပါလေရော။
.
ဓာတ်မီးတိုင်တစ်တိုင်လုံး မမြင်ဘဲ နဖူးနဲ့ တည့်တည့်ဆောင့်တဲ့အထိ
ဘယ်လောက်များ ဇောကပ်နေလည်းဆိုတာ စဉ်းစားသာကြည့်ကြပါတော့။ ဒီကောင့်အဖြစ်ကိုမြင်တဲ့ လမ်းသွား
လမ်းလာတွေဆိုတာ ပွဲတစ်လုံးကိုဖြစ်လို့။ ရှေ့ ဆက်ရင်ဒီထက်အရှက်ထပ်ကွဲစရာဖြစ်လို့ နဖူး
နဲ့ဓာတ်တိုင်အောင်မြင်စွာတိုက်ပြီး နောက် ကြောင်းပြန်လှည့်ခဲ့ကြ ပါတယ်။ အံ့သြစရာ ကောင်းတာက
နေ့မအားညမနား ကြိုးစားပမ်း စားအလွန်အင်မတန်မြာပွေတဲ့ကောင် ဒီနေ့ဒီအ ချိန်ထိ အိမ်ထောင်မကျတာပါ။
ထားတော့။ စကားစပ်ရင်း ကကြိုးကကြောင်ထိုးထိုးထောင်နေ တဲ့ ဓာတ်မီးတိုင် တွေအကြောင်းဆက်ပါတယ်။
သူညွှတ်ပြတဲ့ မီးတိုင်ရှိတဲ့နေရာက တောင်ကြီး မြို့၊ အနောက်မြို့ပတ်လမ်း၊ ဝါးပြားလမ်းဆုံ၊
ဂနိုင်ရေကန်ကိုကျောပေးဆောက်ထားတဲ့ တိုက်တန်းဘေးဓာတ်မီးတိုင်အစုအဝေးထဲကတစ်ခုပါ။
.
အဲဒီမီးတိုင်က အမှန်တကယ်ပလက်ဖောင်း အလယ်တည့်တည့်မှာရှိနေပါတယ်။
ပလက် ဖောင်း အသုံးပြုသူ လမ်းသွားလမ်းလာများ ကိုယ့် နဖူးကို သနားရင် ကိုယ့်လမ်းကိုသေချာကြည့်
သွားဆိုတဲ့အထာနဲ့ပေါ့။ အဲဒီမီးတိုင်ဘေးပတ်လည်မှာ တစ်ခြားလျှပ်စစ်ဓာတ်မီးတိုင်၊ ဆက်
သွယ်ရေးကေဘယ်လ်ကြိုးတိုင်၊ ဝါစိမ်းနီမီးပွိုင့် တိုင်တွေ စည်းစနစ်တကျမရှိ(စိုက်ချင်သလို)စိုက်ထူထားပါတယ်။
ပိုပြီးဆိုးတာက ဝါးပြား ရပ်ကွက်အဝင်ပေါက် လမ်းဘေးတစ်ဘက်တစ် ချက်မှာရှိနေတဲ့ လျှပ်စစ်ဓာတ်မီးတိုင်နဲ့
ဆက် သွယ်ရေးကေဘယ်လ်ကြိုးတိုင်တွေပါ။ အရှေ့ ဘက်မှာနှစ်တိုင်၊ အနောက်ဘက်မှာလေးတိုင်စု။
ဝါးပြားရပ်ကွက်အဝင်ပေါက်လမ်းက အတော် ကျဉ်းမြောင်းပါတယ်။ နေ့လည်တစ်နာရီနောက် ပိုင်း
တောင်ကြီးတစ်မြို့လုံးက နာရေးယာဉ်တွေ ဝင်ထွက်ရတဲ့ အဓိကလမ်းကြောင်းတစ်ခုလည်း ဖြစ်နေပါတယ်။
.
အဆုံအခွရောက်လာသမျှ နာရေးယာဉ် တန်းတိုင်းကလည်း သွားလေသူအကုန်လုံးကို
ဗွီအိုင်ပီလို့ သတ်မှတ်ထားကြတာပါ။ နှစ်ခု၊ သုံးခုများတစ်ပြိုင်တည်းဆုံလိုက်ရင် ဟွန်းသံတကြော်ကြော်၊
ဝါယာလက်စ်သံ တညံညံနဲ့ လမ်းကျဉ်းဝမှာ ရှုပ်ရှက်ခတ်တာကိုမြင်လို့တောင် မ ကောင်းပါဘူး။
(ဘုရားဟောတရားတော်အလိုအ ရ ဖြည်းဖြည်းပို့ပို့၊မြန်မြန်ပို့ပို့၊ ရပ်စရာလိုလို့ လမ်းဘေးခဏထိုးရပ်ရပ်
ဘာမှဖြစ်စရာအ ကြောင်းမရှိ)။ နောင်တစ်ချိန်လိုအပ်ချက်ရှိလို့ လမ်းကြောင်းချဲ့ထွင်မယ်ဆိုရင်
စည်းပျက်ကမ်း ပျက်ကြုံသလိုစိုက်ထားတဲ့ ကွန်ကရစ်တိုင်မျိုးစုံ က ကန့်လန့်တိုက်မယ့် အနေအထားလို့ဆိုရမှာ
ပါ။ ရွှေ့လို့ပြောင်းလို့ ရစေဦးတော့ အချိန်နဲ့ပြည် သူ့ဘဏ္ဍာငွေကို အလကားဖြုန်းတီးရာရောက်ပါ
တယ်။ ဒါဟာ ဘာကိုပြလည်းဆိုတော့ ဌာန ဆိုင်ရာများတစ်ခုနဲ့ တစ်ခု ချိတ်ဆက်လုပ်ကိုင် ဆောင်ရွက်မှုအားနည်းတယ်ဆိုတာပါပဲ။
.
ရှေ့နောက်မကြည့်ကြုံတဲ့နေရာ စည်းကမ်း ပျက်ဖြစ်သလို စိုက်ထားတဲ့
လျှပ်စစ်ဓာတ်မီးတိုင်၊ ဆက်သွယ်ရေး ကေဘယ်လ်ကြိုးတိုင်တွေ က ဒီတစ်နေရာတည်းတော့မဟုတ်။
တောင် ကြီးတစ်မြို့လုံး နေရာအတော်များများမှာရှိပါ တယ်။ တချို့နေရာတွေဆို လမ်းကကျဉ်း၊ကွန်
ကရစ်တိုင်တွေက လမ်းမဘေး အစီအရီ၊ အ ရေးအကြောင်း မီးရေးထင်းရေးကြုံရင် မီးသတ် ကားဝင်ဖို့အသာထား၊
ကိုယ့်အိမ်ထဲက ကိုယ် လွတ်ရုန်းပြေးဖို့တောင် ခက်ခဲတဲ့အနေအထား မျိုးပါ။ မြို့တစ်ခု၊
ရပ်ကွက်တစ်ခု ဖော်ဆောင်တဲ့ နေရာမှာ လမ်းတွေက အဓိကကျပါတယ်။ အ ဓိကကျတဲ့လမ်းတွေ၊ သွားလမ်းသာလာလမ်း
ဖြောင့်ဖို့ လမ်းဘေးဝဲယာအရှုပ်အရှင်းကင်းဖို့ လိုအပ်ပါတယ်။ အခုလို ကြုံတဲ့နေရာစည်းပျက်
ကမ်းပျက်ဖြစ်သလို ကွန်ကရစ်တိုင်စိုက်နေရင် နောင်တစ်ချိန် အခက်အခဲတွေ့နိုင်လို့ တာဝန်ရှိ
သူများ သတိပြုမိစေရန် ရေးသားတင်ပြလိုက်ရ ကြောင်းပါ။
.
.
.
#KBZTai #Shan