တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စုတွင် ဆိုင်ကယ်အရှိန်ပြင်းစွာ မောင်းနှင်လာသူတစ်ဦး တိမ်းမှောက် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စုတွင် ဆိုင်ကယ်အရှိန်ပြင်းစွာ မောင်းနှင်လာသူတစ်ဦး တိမ်းမှောက် သေဆုံး

မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ နမ့်လွတ်(ရှမ်း)ရွာသစ်အနီး တာချီလိတ်-ဝမ်ပုံသွား ကားလမ်းပေါ်၌ အရှိန်ပြင်းစွာမောင်းနှင်သူ အမျိုးသားတစ်ဦး အောက်တိုဘာ ၁ဝ ရက်ညပိုင်းက ဆိုင်ကယ်တိမ်းမှောက်သေဆုံးခဲ့ကြောင်း ဝမ်ပုံနယ်မြေရဲစခန်းမှ သိရသည်။
.
 
.
အောက်တိုဘာ ၁ဝ ရက်ညနေ ၅ နာရီ ၄၅ မိနစ်တွင် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ နမ့်လွတ်(ရှမ်း)ရွာသစ်ကျေးရွာအနီး တာချီလိတ်-ဝမ်ပုံသွား ကားလမ်းပေါ် တွင် မော်တော်ဆိုင်ကယ် တစ်စီး တိမ်းမှောက်ပြီး လူတစ်ဦးလဲကျနေကြောင်း သတင်းအရ ပါခုတ်ပူးပေါင်းစစ်ဆေးရေးဂိတ်မှ ရဲအုပ် သန်းထွန်းဦး ဦးစီးအဖွဲ့မှ အခင်းဖြစ်ရပ်အား သွားရောက် စစ်ဆေးရာ တာချီလိတ်ဘက်မှ ဝမ်ပုံဘက်သို့ စိုင်းမြင့်သိန်း (၄၃ နှစ်)၊ ပါခုတ်(တိုက်)ကျေးရွာ၊ တာချီလိတ်မြို့နယ် နေသူသည် Honda Dream မော်တော်ဆိုင်ကယ် အား တစ်ဦးတည်း အရှိန်ပြင်စွာမောင်းနှင်လာစဉ် အရှိန်မထိန်း နိုင်ဘဲ တိမ်းမှောက်သွားခဲ့ပြီး လမ်းဘေးတွင် လဲကျသတိလစ်နေကြောင်း တွေ့ရှိသဖြင့် ရဲဆေးစာဖြင့် တာချီလိတ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။
.
''တာချီလိတ်-ဝမ်ပုံကားလမ်းက တချို့နေရာတွေ တော်တော်လေး ပျက်စီးနေပြီး လမ်းထိန်းသိမ်းခတော့ ဆိုင်ကယ် တစ်စီးကို ၅ ဘတ်ကောက်ခံပြီး လမ်းပြင်ဆင်မှု မရှိဘူး။ ကားတွေလည်း လွယ်လွယ်ပျက်စီးနိုင်သလို့ ဆိုင်ကယ် သမားတွေလည်း အတော်လေး သတိထားမောင်းနှင်နေရတယ်။ အခုလို အရှိန်ပြင်းစွာမောင်းနှင်သူတွေအတွက် အန္တရာယ်အလွန်ကြီးပါတယ်''ဟု ဒေသခံတစ်ဦးက ပြောသည်။
.
အမှုမှ မော်တော်ဆိုင်ကယ်အား မဆင်မခြင် အရှိန်ပြင်းစွာမောင်းနှင်၍ သေဆုံးခဲ့သူ စိုင်းမြင့်သိန်းအား ဝမ်ပုံနယ်မြေရဲစခန်းက ယာဉ်(ပ)၃/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၄-က ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats