တောင်ကြီးတွင် မီနီမာရသွန်ပြိုင်ပွဲ ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် မီနီမာရသွန်ပြိုင်ပွဲ ပြုလုပ်မည်



ဇွဲလေး၊ ကမ္ဘောဇတိုင်း.
.
ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနနှင့် Pocari Sweat တို့ ပူး ပေါင်း ကျင်းပသည့် ဆေးလိပ်ငွေ့ ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်း အခြေပြု Pocari Sweat Mini Marathon Taunggyi အကြီးတန်း၊ အငယ်တန်း မီနီမာရသွန်ပြိုင်ပွဲကို ပြိုင်ပွဲဝင် ကျောင်းသား/သူ ၁၈ဝဝ ကျော်ဖြင့် နိုဝင်ဘာလ ၃ ရက်၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့၌ ပြုလုပ် သွားမည် ဖြစ်ကြောင်းသိရသည်။
.
 
.
''ဒီလို ပြိုင်ပွဲတွေ ကျင်းပပေး တာ ကျောင်းသား၊ ကျောင်းသူတွေ အတွက် ကျန်းမာကြံ့ခိုင်တယ်။ ဉာဏ်ရည်လည်း ပိုထက်တယ်။မျိုးဆက် သစ် အားကစားသမားတွေပေါ်ထွက် လာစေရေးနဲ့ အားကစားဘက်ကို စိတ်ပါဝင်စားလာတဲ့အတွက် မူးယစ် ဆေးဝါးသုံးစွဲမှု လျော့နည်းလာမှာ ဖြစ်ပြီး ပိုပြီးတော့လည်း ကျန်းမာကြံ့ ခိုင်လာစေမှာပါ''ဟု တောင်ကြီးမြို့ နယ် အားကစားနှင့် ကာယပညာဦး စီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နော်မေ ရီမိုးက ပြောကြားခဲ့သည်။
.
ယင်းပြိုင်ပွဲသို့ တောင်ကြီးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ မှ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၈ဝဝ ကျော် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats