ကမ္ဘောဇတိုင်း
.
ကောဇာသက္ကရာဇ် ၄ဝ၄ ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်ရှိသော ပုဂံပြည့်ရှင်နရပတိ
အလောင်းစည်သူမင်းကြီး သည် ကောဇာသက္ကရာဇ် ၄၅၄ ခုနှစ်တွင် ဇမ္ဗူဒိပ်ကျွန်းလုံးအနှံ့ ဖောင်တော်ဖြင့်
ခရီးလှည့်လည်စဉ် မာဂလယုကျွန်း သို့ အရောက်၌ သိကြားမင်းက သရက္ခန်နံ့သာနှစ်ကို ဆက်သခဲ့ရာ
မင်းကြီးက ဘုရားငါးဆူ ထုလုပ်ပြီး ဖောင်တော် ဦး၌ ကိုးကွယ်လာခဲ့သည်။ ထိုမှတစ်ဖန် သက္ကရာဇ်
၄၅၇ ခုနှစ်တွင် ဖောင်တော်ဦးဘုရား ငါးဆူနှင့်အတူ တိုင်းခန်း လှည့်လည်ပြန်ရာ အင်းလေးဒေသ၊
သန်တောင်ရွာအရောက်တွင် ဖောင်တော်မှာ ရပ်တန့်နေခဲ့ရာ ဟူးရားဖြူ၊ ဟူးရား ညိုတို့က ဖောင်တော်ရပ်တန့်ခြင်းမှာ
ဘုရားတည်စေလို၍ဖြစ်သည်ဟု မင်းကြီးထံ လျှောက်ထားကြရာ ယင်းအရပ်တွင် စေတီတည်ပြီး ဘုရားငါးဆူကို
ဌာပနာခဲ့သည်ဟု ဖောင်တော်ဦးဘုရား သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
တစ်ဖန် ညောင်ရွှေစော်ဘွား ဆီဆိုင်ဖလက်ထက် ကောဇာသက္ကရာဇ် ၇၁၂ တွင်
သန်းတောင်အရပ်ရှိ စေတီ ပျက်အတွင်း၌ ဘုရားရုပ်ပွားတော်ငါးဆူမှ ရောင်ခြည်တော် ကွန့်မြူးနေသည်ကို
တွေ့ရသဖြင့် ညောင်ရွှေသို့ ပင့် ဆောင်ပူဇော်ခဲ့သည်ဟု ဆိုသည်။ ထိုအချိန်မှ စတင်၍ ညောင်ရွှေစော်ဘွား
အဆက်ဆက်နှင့် ဒေသခံတိုင်းရင်းသား များက ဖောင်တော်ဦးဘုရား ရုပ်ပွားတော်များကို ထိန်းသိမ်းစောင့်ရှောက် ပူဇော်လာခဲ့သည်မှာ ယနေ့တိုင်
ဖြစ်သည်။
.
ဖောင်တော်ဦးနှင့် အင်းလေးသည် ဒင်္ဂါးပြားတစ်ချပ်၏ ခေါင်းနှင့် ပန်းကဲ့သို့
ခွဲခြား မရနိုင်သောအရာများ ဖြစ် သည်။ ဖောင်တော်ဦးဘုရား သမိုင်းကို လေ့လာလျှင် အင်းလေးဒေသနှင့်
အင်းသူ/အင်းသားတို့၏အကြောင်း မပါမဖြစ် သကဲ့သို့ အင်းလေးဒေသအကြောင်း ပြောဆိုလျှင်လည်း
ဖောင်တော်ဦးဘုရားသမိုင်းကို ချန်လျှပ်ထား၍ မရနိုင်ပါ။
.
အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီပူဇော်ပွဲသည် အင်းလေးဒေသ၏
အထိမ်းအမှတ် သင်္ကေတ တစ်ခု လည်းဖြစ်သည်။ မြန်မာနိုင်ငံအဝှမ်းတွင် နှစ်စဉ် ဘုရားဒေသစာရြီ<ွကချီပူဇော်ပွဲများကို
ဒေသအသီးသီးတွင် ကျင်းပကြ လေ့ရှိသော်လည်း ယခုကဲ့သို့ ဖောင်တော်ဖြင့် ရေလမ်းကြောင်းမှ
ြ<ွကချီမှုကို အင်းလေးဒေသတွင်သာ တွေ့မြင်နိုင်ပါ သည်။ ထို့အတူ ကမ္ဘာတွင် တစ်ခုတည်းသာရှိသော
ခြေထောက်နှင့် လှေလှော်သည့် အလေ့အထသည်လည်း အင်း လေး၏ ကမ္ဘာကျော်သည့် ဓလေ့ အစဉ်အလာတစ်ခု
ဖြစ်သည်။
.
နှစ်စဉ် သီတင်းကျွတ်လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက်အထိ ဖောင်တော်ဦး
မြတ်စွာဘုရား ရုပ်ပွားတော်များ ကို အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီအပူဇော်ခံလျက်ရှိရာ
အဆိုပါပွဲတော်အတွင်း အင်းသူ/အင်းသား တို့၏ ချစ်ခင်လေးစားဖွယ်၊ အားကျအတုယူဖွယ်၊ သဒ္ဓါတရားများကို
မြင်တွေ့ရမည်ဖြစ်သည်။
.
ထိုသို့ ကြွချီအပူဇော်ခံရာတွင် သီတင်းကျွတ်လဆန်း ၇ ရက်၌ ညောင်ရွှေမြို့သို့
ရောက်ရှိပြီး ၃ ည ကျိန်းကာ သီတင်းကျွတ်လဆန်း ၁ဝ ရက်တွင် နန်းသဲကျောင်းသို့ ဆက်လက်ကြွချီ
အပူဇော်ခံလေ့ရှိသည်။ ညောင်ရွှေမြို့အဝင် တွင် စည်ကားသိုက်မြိုက်စွာ ပင့်ဆောင် ကြိုဆိုကြပြီး
လှေပြိုင်ပွဲများ၊ တိုင်းရင်းသား အကများဖြင့် ဖျော်ဖြေကြ သည်။ ညောင်ရွှေတွင် ရောက်ရှိ
အပူဇော်ခံစဉ် အချိန်များအတွင်း ဘုရားပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြ သည်။ ထိုဘုရားပွဲတော်မှာ
ကြက်ပျံမကျ စည်ကားလှပြီး ဒေသခံ အင်းသူ/အင်းသားများ၊ ဒေသတွင်းမှ ဘုရားဖူး လာ ဧည့်သည်များအပြင်
ပြည်တွင်း/ပြည်ပမှ ဘုရားဖူးလာဧည့်သည်များ၊ ကမ္ဘာလှည့်ခရီးသွားများ အများဆုံး လာ ရောက်လည်ပတ်ကြသည့်
အချိန်အခါလည်း ဖြစ်ပါသည်။
.
ယခုနှစ်တွင်လည်း သီတင်းကျွတ်လဆန်း ၁ ရက်၊ အောက်တိုဘာလ ၁ဝ ရက်မှ
စတင်ပြီး အင်းလေးဖောင်တော် ဦး မြတ်စွာဘုရား ရုပ်ပွားတော်မြတ်များ လှည့်လည်အပူဇော်ခံလျက်ရှိရာ
သီတင်းကျွတ်လဆန်း ၇ ရက်၊ အောက်တို ဘာလ ၁၆ ရက်တွင် ညောင်ရွှေမြို့သို့ ရောက်ရှိအပူဇော်ခံသွားမည်ဖြစ်ပါသည်။
.
အင်းလေးဒေသသည် ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ပွားတော်များကြောင့်
ကမ္ဘာကျော်သကဲ့သို့ အင်းလေးကန် ကြီး၏ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များကြောင့်လည်း ကမ္ဘာလှည့်ခရီးသွားများ
အထူးစိတ်ဝင်စားသည့်နေရာ ဒေသတစ်ခု ဖြစ်ပါသည်။ ယခုနောက်ပိုင်းတွင် ခရီးသွားလုပ်ငန်း တိုးတက်လာခြင်းနှင့်အတူ
ဟိုတယ်ဇုန်များ တိုးချဲ့ တည်ဆောက်ခြင်း၊ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်လာခြင်းတို့ကြောင့်
အင်လေးကန်ကြီးမှာ တစ်နှစ်ထက် တစ်နှစ် တိမ်ကော ယိုယွင်းပျက်စီးလာနေပါသည်။ အင်းလေးကန်ကြီး
အသက်ဆက် ရှင်သန်နိုင်ရေးအတွက် အင်းလေးကန် ကို ဖျက်ဆီးမည့် မည်သည့်အမူအကျင့်မျိုးကိုမျှ
ခွင့်မပြုဘဲ သဘာဝအတိုင်း ဆက်လက်ထိန်းသိမ်းထားနိုင်ရေးမှာ အထူးပင် လိုအပ်နေပြီ ဖြစ်ပါတော့သည်။
.
.
.
#KBZTai #Shan