ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ကျိုင်းတုံမြို့နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသမှ စိုက်ပျိုးထုတ်လုပ်
သည့် မိုးစပါးနှင့် နွေစပါး ထွက်ကုန် သီးနှံများအား ရှမ်းပြည်နယ်အရှေ့ ပိုင်းဒေသမှ
ပြင်ပသို့ တရားဝင် တင် ပို့ ရောင်းချခွင့် ရရှိလိုသည်ဟု ဆန် ကုန်သည်လုပ်ငန်းရှင်များထံမှ
သိရသည်။
.
.
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ မှ စိုက်ပျိုးထွက်ရှိသည့် စပါးများ
ကို မိုင်းလားအထူးဒေသ (၄)၊ ''ဝ'' အထူးဒေသ (၂) နှင့် တရုတ်နိုင်ငံ အတွင်းရှိ စပါးဝယ်လက်များမှ
ဝယ် ယူမှုများ ရှိနေသော်လည်း တရား ဝင် ကုန်သွယ်ရေး လမ်းကြောင်းမှ စပါးတင်ပို့ရောင်းချခွင့်
မရှိသော ကြောင့် စပါးစိုက်တောင်သူများနှင့် တစ်ဆင့် ပြန်လည်ဝယ်ယူ ရောင်းချ နေသည့် ကုန်သည်များအတွက် နစ် နာမှုများ
ဖြစ်ပေါ်နေသည်ဟု သိရ သည်။
''တရားဝင်အနေနဲ့တော့ ကုန် သွယ်ခွင့် လုပ်ငန်းလိုင်စင် လျှောက် ထားပြီး
ဆန်ကို တင်ပို့ရောင်းချခွင့် ပြုပေးထားပါတယ်။ ဆန်ကုန်သည်၊ ဆန်စက်လုပ်ငန်းရှင်တွေ အပါအဝင်
မွေးမြူရေး အစားအစာ၊ မွေးမြူရေး လုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွား တိုးတက်ဖွံ့ဖြိုးမှ
စားသုံးသူပြည်သူ တွေမှာလည်း ဈေးနှုန်းသက်သာ အဆင်ပြေမှာ ဖြစ်တဲ့အတွက် ရရှိ မယ့် အကျိုးအမြတ်က
ကြီးမားပါ တယ်''ဟု ကျိုင်းတုံမြို့ရှိ တွဲဘက် ပြည်နယ် စားသုံးသူရေးရာ ဦးစီး ဌာနမှ
ဦးစီးမှူး ဦးလှစိုးက စပါး တရားဝင် တင်ပို့ရောင်းချခွင့်ပြု ရေးနှင့် ပတ်သက်၍ ¤င်း၏
အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တွင် ၂ဝ၁၇-၂ဝ၁၈ မိုးစပါးစိုက်ပျိုး
ထွက်ရှိမှု ၂၂၁၃၂၅၅၆ တင်း ရှိခဲ့ပြီး နွေစပါးမှာ ၈၈၈၂၃၅ တင်း ရှိခဲ့သည် ဟု ကျိုင်းတုံမြို့ရှိ
တွဲဘက်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
.
စပါးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒေသတွင်းစားသုံးခြင်းမှ ပိုလျှံနေ
သဖြင့် စပါးရောင်းချခွင့်အား တရား ဝင် ခွင့်ပြုပေးခြင်း မရှိသော်လည်း နယ်စပ် ထွက်ပေါက်နေရာအသီးသီး
မှ တရားမဝင် တင်ပို့ရောင်းချမှု ဖြစ် စဉ်များရှိနေပြီး ရှမ်းပြည်နယ်အစိုးရ နှင့် နိုင်ငံတော်အတွက်
ရသင့်ရထိုက် သည့် အခွန်ဘဏ္ဍာငွေများ နစ်နာ ဆုံးရှုံးစေနိုင်သည်ဟု ကုန်သည်လုပ် ငန်းရှင်
ဦးစိုင်းလုံက ¤င်း၏ အမြင် အား ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့တွင် ၂ဝ၁၇ ခုနှစ်၌ မိုးစပါး ၃၉၇၄၈၈၆ တင်းနှင့် နွေစပါး
၅၂၆၁၂၉ တင်း ထွက်ရှိခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် စိုက်ပျိုးခဲ့သော မိုးစပါး များကို အောက်တိုဘာလ
ဒုတိယ ရက်သတ္တပတ်တွင် စတင်ရိတ်သိမ်း လျက်ရှိကာ လက်ရှိ စပါးပေါက်ဈေး မှာ အလေးချိန် ၄ဝ
ကီလို တစ်အိတ် လျှင် ၁၆ဝဝဝ ကျပ် ရှိကြောင်း သိ ရသည်။
.
ကျိုင်းတုံမြို့နယ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသအတွင်း ယခင်က
မိုးစပါး တစ်ရာသီသာ စိုက် ပျိုးထုတ်လုပ်ခဲ့ကြပြီး ၁၉၉၉ ခုနှစ်မှ စတင်၍ ထိုစဉ်က တြိဂံတိုင်းစစ်ဌာ
နချုပ် တိုင်းမှူး ဗိုလ်ချုပ်သိန်းစိန် (ယခု နိုင်ငံတော်သမ္မတဟောင်း)၏ လမ်းညွှန်ချက်ဖြင့်
မြန်မာ့စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပ ညာ ကူညီပံ့ပိုးပေးမှုအရ တောင်သူ
များ နွေစပါး စိုက်ပျိုးခြင်းကို အောင် မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan