ရှမ်းပြည်နယ်ထွက် တညင်းသီးများ ရာသီကုန်ဆုံးချိန်အရောက်တွင် ဈေးမြင့်တက်လာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်ထွက် တညင်းသီးများ ရာသီကုန်ဆုံးချိန်အရောက်တွင် ဈေးမြင့်တက်လာ



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်ထွက်တညင်းသီးများကို ဇွန်လဆန်းမှ စတင်ခူးဆွတ်ကာ ဈေးကွက်အတွင်းသို့ ရောင်းချ  လျက်ရှိရာ ရာသီကုန်ဆုံးအရောက်ဖြစ်သည့် အောက်တိုဘာလအတွင်း ဈေးနှုန်းများ မြင့်တက် လာလျက်ရှိကြောင်း ဒေသတွင်းရှိ တညင်းသီးရောင်းဝယ်သူများထံမှသိရသည်။
.
.
“မနှစ်တုန်းကတော့ ရာသီပေါ်ကတည်းက ဈေးကောင်းရခဲ့တယ်။ ဒီနှစ်တော့ ထွက်နှုန်းကောင်းပေမဲ့ ဈေးကွက်မငြိမ်ဘူး။ အခု ရာသီကုန်ချိန်ရောက်မှ ဈေးကောင်းရလာတာပါ။ ထွက်တာကတော့ ၆ လပိုင်းလောက်မှာ စထွက်တာပါ။ဒီလပြီးရင်တော့ကုန်ပါပြီပင်းတယမြို့မှ တညင်းသီးရောင်းဝယ်သူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်တွင် တညင်းသီး စပေါ်ချိန်က တစ်လုံးလျှင် ၁၀ ကျပ်မှ ၂၅ ကျပ်အထိသာပေါက်ဈေးရှိခဲ့ရာမှ ယခုအခါ တစ်လုံးလျှင် ၂၀ ကျပ်မှ ၅၀ ကျပ်ခန့်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ တညင်းသီးကုန်ချိန်က တစ်လုံးလျှင် ၁၂ ကျပ်မှ ၃၅ ကျပ်အထိသာ ပေါက်ဈေး ရှိခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats