မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ က လောမြို့နယ် အတွင်းရှိ မြန်မာ့သစ်
လုပ်ငန်း၏ ခရီးသွားအခြေခံ လုပ် ငန်း ရှမ်းရိုးမ
ဆင်စခန်းကို ပြန် လည်ဖွင့်လှစ်ခဲ့သည့် စက်တင်ဘာ လ ၂၄ ရက်မှ အောက်တိုဘာလ ၂ဝ ရက်အထိ ၁
လခန့် အတွင်း လာရောက်လည်ပတ်သူ ပြည်ပခရီး သွား ၁ ဦးနှင့် ပြည်တွင်း ၂ဝ ဦး ခန့်သာရှိသေးကြောင်း၊
အဝင်လမ်း နှင့် အထက်ရေတံခွန် စခန်းများ ကို ထပ်မံအဆင့်တိုးမြှင့် ဖွင့်လှစ် နိုင်မည်ဆိုပါက
ခရီးသွားဦးရေ ပိုမို လာရောက်ရန် အခွင့်အလမ်းများ ရှိသည်ဟု အဆိုပါ ဆင်စခန်းတာ ဝန်ခံ
မြန်မာ့သစ်လုပ်ငန်းမှ လက် ထောက်မန်နေဂျာ ဦးဝေလှိုင်ထံမှ သိရသည်။
''အခုက အောက်စခန်း ပဲရှိ သေးတယ်။ အထက်စခန်းမှာဆို ဒီထက် ရေတံခွန်များပြီး
ပိုမြင့်တယ်။ ပြည်နယ်အစိုးရက ပံ့ပိုးပေးနေတဲ့ လမ်း၊ မီး၊ ရေ၊ မိလ္လာစနစ်တွေ ပြီး ပြည့်စုံတဲ့အပြင်
ထပ်မံပြီး ဆိုင်တွေ၊ လမ်းတွေ ထပ်မံပြုလုပ်နိုင်မယ်ဆို ရင် ခရီးသွားတွေအတွက် ဆွဲဆောင်
မှု ပိုမိုများပြား အားကောင်းလာမှာ ဖြစ်လို့
ဌာနအတွက်ရော၊ နိုင်ငံအ တွက်ပါ ဝင်ငွေ ပိုမိုတိုးတက်လာစေ မှာ ဖြစ်ပါတယ်'' ဟု
ဦးဝေလှိုင်က ပြောသည်။
.
အဆိုပါ ဆင်စခန်းကို ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှ စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး
ပြီးခဲ့ သည့် မိုးရာသီတွင် တောင်ကျရေများ ပြားလာခြင်း၊ လမ်းများ ပျက်စီးလာ ခြင်း၊ ခရီးသွားများ
လာရောက်မှု နည်းပါးခြင်းများကြောင့် ဆင်များ အတွက်
အစာလိုအပ်ချက်များပြား လာပြီး လွှတ်ကျောင်းရန်လို အပ်လာ သ ဖြင့် စခန်းအား ခေတ္တပိတ်သိမ်း
ခဲ့ကာ ယခု ၂ဝ၁၈ ခုနှစ်၊ စက်တင် ဘာလ ၂၄ ရက်မှသာ ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း
၎င်းက ပြောသည်။
.
ယင်း အောက်ဆင်စခန်းတွင် ဆင် ၈ ကောင်ရှိကာ ထူခြားချက်မှာ အမွှာဆင်
၂ ကောင်ရှိခြင်းဖြစ်ပြီး အမြင့် ပေ ၃ဝ ခန့်ရှိ ရေတံခွန် ၁ ခုရှိကြောင်း သိရသည်။
.
ခရီးသွားများအတွက် ဝင်ကြေး တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝ၊ အ ပန်းဖြေ
ဆင်စီးခ မိနစ် ၂ဝ လျှင် ကျပ် ၃ဝဝဝ နှင့် ဆင်များကို အစာ ကျွေးခြင်း၊ ရေချိုးပေးခြင်း
တို့ကို ကြည့်ရှုခြင်း၊ ရေတံခွန်သို့လည် ပတ်ခြင်း၊ ရှုခင်းအလှများဖြင့် အမှတ် တရ ဓာတ်ပုံရိုက်ခြင်းတို့ပြုလုပ်နိုင်
ကြောင်း သိရသည်။
.
အောက်ဆင် စခန်း၏အထက့် စစနမှ့ညေ့ သာေ ခေါ်၂ မိုင်ခန့် ဝေးကွာသည့်နေရာတွင်
ပေ ၈ဝ မြင့် သည့် ရေတံခွန်အပါအဝင် ရေတံခွန် ၅ ခုရှိသဖြင့် အဆိုပါ နေရာသို့ပါ သွားရောက်
လည်ပတ်ခြင်းဖြင့် ပိုမိုသာယာသည့် မြန်မာနိုင်ငံ၏ တောတောင်သဘာဝ အလှများကို ခံစားနိုင်မည်ဖြစ်သည်ဟု
၎င်းက ဆို သည်။
.
ရှမ်းရိုးမ ဆင်စခန်းရှိ ဆင်များ အနက် စွယ်စုံ ဆင်အထီး ၂ ကောင် အမည်မှာ
သီဟစိန်နှင့် ဟိန်းချစ် ဇော်ဖြစ်ပြီး ဆင်မများမှာ ရှိန်းအေး အေး၊ စုဆွေမယ်၊ ငြိမ်းမာလာ၊ထူး
မူရာနှင့် ¤င်းမှမွေးဖွားသည့် ဆင် အမွှာ မောင်နှစ်မများ ဖြစ်သည့် ခင်မိုးဦးနှင့် ခန့်ထူးအောင်
တို့ဖြစ် ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မြန်မာ့သစ် လုပ်ငန်း၏ ခရီးသွားအခြေခံ လုပ် ငန်း
(ဆင်စခန်း) ၁၉ ခုရှိပြီး ရှမ်း ပြည်နယ် တောင်ပိုင်းတွင် တစ်ခု တည်းသာတည်ရှိသည့် ရှမ်းရိုးမဆင်
စခန်းမှာ ကလောမြို့နယ်၊ နန်းပန် တက်ကျေးရွာ အနီးတွင် တည်ရှိ ကြောင်း သိရသည်။
.
အဆိုပါ ဆင်စခန်းသို့ သွား ရောက်ရန်အတွက် မိတ္ထီလာ-တောင် ကြီး ပြည်ထောင်စု
လမ်းမကြီး မိုင် တိုင်အမှတ်- ၅၃/၄ မှ အရှေ့ဘက် ၄ ဖာလုံခန့်တွင် ပြည်နယ်အစိုးရ အစီအစဉ်ဖြင့်
ဖောက်လုပ်မည့် အဝင် လမ်းရှိနေပြီး ယင်းလမ်းပြီးစီးပါက ခရီးသွား ပြည်သူများ သွားလာမှု
လွယ်ကူအဆင် ပြေမည်ဖြစ်သည်ဟု သိရသည်။
.
ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် ခရီး သွားရာသီက ရှမ်းရိုးမ ဆင်စခန်း သို့
ပြည်ပခရီးသွား ၂ဝ ဦးနှင့်ပြည် တွင်းခရီးသွားဦးရေ ၁ သိန်းကျော် လာရောက် လည်ပတ်ခဲ့ကြောင်း
သိ ရှိရသည်။
.
.
#KBZTai #Shan